Tuesday, 8 April 2008

မြန်မာနိုင်ငံ စစ်အုပ်စုခေါင်းဆောင်တွေ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူ့ တွေကို တရားဝင်ကျေညာရဲသလား? - အပိုင်း (၂)












NCCC tells Chaiya he can't stay in office
MS- တင်ပြသည်။

ဒီနေ့သတင်းထဲမှာတော့ ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုင်းရာဟာ တာဝန်ထမ်းဆောင်နေစဉ်မှာ ပိုင်ဆိုင်မူ့ တွေကို မှန်မှန်ကန်ကန်ဖော်ပြခဲ့မူ့မရှိကြောင်း၊ အဖွဲ့ဝင်(၉)ဦးပါ ထိုင်းအမျိုသားရေးရာ ပိုင်ဆိုင်မူတွေကို လေ့လာစုံစမ်းစစ်ဆေး ပြီး အလွှဲသုံးစွဲမူ့ ကို တန်ပြန်တိုက်ဖျက်အရေးယူ နေသောအဖွဲ့ ( NCCC) က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ူ ဒီလိုပြုလုပ်ခဲ့မူ့ဟာ ဥပဒေချိုး ဖောက်ခဲ့တာဖြစ်တာကြောင့် ၊ ၀န်ကြီးရာထူးရယူဖို့အတွက် အဆင့်မမှီကြောင်းနှင့် နုတ်ထွက်ပေးရ မည်ဖြစ်ကြောင်း NCCC က တညီတညွတ်ဆုံး ဖြတ်ခဲ့တာကို သတင်းထဲမှာဖော်ပြထားပါတယ်။

သူ့ ရဲ့ နုတ်ထွက်မူ့ ဟာ ၀န်ကြီးချူပ်ဆမတ်ဆုံးဖြတ်ချက်မှာမူတည်သလို တကယ်လို့ လက်မခံယင်တော့ ၊ ရွေးကောက်ပွဲကော်မရှင်နှင့် လွှတ်တော် (သို့) ဆီးနိတ်မှာ တရားဥပဒေကြောင်းအရ ရင်ဆိုင်ပြီး နုတ်ထွက်ရမှာဖြစ်တဲ့ ကြောင်း ဆက်လက်ဖော် ပြထားပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံပြည်သူ့ကျန်းမာရေးဝန်ကြီးဟာ သူ့ မိန်းမ ကုမ္ပဏီတခုမှာ ပိုင်ဆိုင်သော ဘတ်ငွေ ( ၂.၅) မီလီယံ ကို မဖော်ပြဘဲ ဖုန်းကွယ်ခဲ့မူ့ကြောင့် ဖြစ်တယ်လို့ဆိုတယ်။
သူဟာ ဆက်လက်ပြီး ဖွဲ့စည်းပုံအခြေခံတရားရုံးမှာ ကြားနာ ပိုင်ခွင့်တွေ၊ ခုခံခွင့်ပိုင်ခွင့်တွေတော့ ရှိပါတယ်။ အယင် စစ်တပ်အာဏာသိမ်း ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချူပ်ကြီး ဆူရာရွတ်လက်ထပ် တုံးကလည်းဝန်ကြီး (၅)ဦးဟာ ဒီလိုအမူ့ကြောင့်ဘဲ ရာထူးမှ နုတ်ထွက်ပေးခဲ့ကြရပါတယ်။

ဝန်ကြီးချူပ်ဆမတ် ကတော့ သူဟာ အဖွဲ့ဝင်(၉)ဦးပါ အမျိုးသား အလွှဲသုံးစွဲမူ့ တန်ပြန်တိုက်ဖျက် အရေးယူနေသော အဖွဲ့ ( NCCC) ရဲ့ဆုံးဖြတ်ချက်ကိုစောင့်နေပြီ၊ တကယ်လို့
ကျန်းမာရေးဝန်ကြီး ချိုင်းရာနုတ်ထွက်သွားရင် အစိုးရ အတွင်း ပြန်လည်ပြုပြင်ပြောင်းလဲမူ့တွေကို ပြုလုပ်သွားမည်လို့ ဆိုပါတယ်။





ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာတော့ အစိုးရ ခေါင်းဆောင်တွေဟာ သူ တို့ရဲ့ ပိုင်ဆိုင်မူ့ တွေကို အစိုးရတာဝန်မထမ်းဆောင်ခင်မှာ တရားဝင်ကျေညာမှုတွေ ပြုလုပ်ရပါတယ်။ နောက် ပိုင်းမှာ သူတို့ရဲ့ ပိုင်ဆိုင်မူ့ တွေကို ပိုင်ဆိုင်မူ တွေကို လေ့လာ စုံစမ်းစစ်ဆေး အရေးယူနေသောအဖွဲ့ကလေ့လာ စုံစမ်းစစ်ဆေးပြီး၊ ကိုယ်ကျိုး စီးပွား အတွက် အာဏာ အလွဲသုံး စား ပြုလုပ်ခဲ့မူ ရှိမရှိ တွေကို တရားမျှတမူရှိအောင် ဥပဒေကြောင်းအရ ခုခံခွင့်၊ ဖော်ထုတ်ခွင့်၊ အရေးယူ နိုင်ခွင့် တွေရှိကြ၊ ပြုလုပ်နေကြတာကို နေ့စဉ်နှင့်အမျှ သတင်းတွေထဲမှာ တွေ့နေရပါတယ်။

ဒီမိုကရေစီနဲ့ သတင်း လွတ်လပ်မူ ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ အစိုးရ ခေါင်းဆောင်တွေဟာ သူ တို့ရဲ့ ပိုင်ဆိုင်မူ့ တွေ ၊ ကိုယ်ကျိုး စီးပွား အ တွက်အာဏာ အလွဲသုံးစားပြုလုပ်ခဲ့မူတွေကို ဖုန်းကွယ်မူ့ လုပ်လို့မရပါဘူး။

ဒီနေ့သတင်းထဲမှာတော့ ထိုင်းနိုင်ငံဒုတိယကုန်သွယ်ရေးဝန်ကြီး ဗန်ယင် သောင်ပကွန် ရဲ့ ပိုင်ဆိုင်မူ့ ဟာ ဘတ်ငွေ ( ၄) သန်းတာရှိတာကြောင့် သူဟာထိုင်းဝန်ကြီး အဖွဲ့မှာ အဆင်းရဲဆုံး ဖြစ်ပြီး၊ ဒုတိယဘဏ္ဍာရေးဝန်ကြီး ပရာဒစ် ပရာယာဆတ် က ဘတ်ငွေ( ၆၈၂) သန်းတာရှိတာကြောင့် သူဟာအချမ်းသာဆုံး ၀န်ကြီးအဖွဲ့ဝင်တဦးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စွမ်းအင် ၀န်ကြီး ဖောင်ပီရောင် ပိုင်ဆိုင်မူ့ က ဘတ်ငွေ ( ၅၄၇) သန်းရှိတာကြောင့် သူဟာဒုတိယအချမ်းသာဆုံး ၀န်ကြီးအဖွဲ့ဝင်တဦးဖြစ်ပါတယ်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျ ပိုင်ဆိုင်မူ့ က ဘတ်ငွေ(၉) သန်း၊ သူ့ မိန်းမ ပိုင်ဆိုင်မူ့ က ဘတ်ငွေ( ၁၁) သန်း၊ ၀န်ကြီးအဖွဲ့ ၀န်ကြီး ဂျကရာပေါ့ က ဘတ်ငွေ(၁၀) သန်း၊ ရှိကြောင်း ၊ ပိုင်ဆိုင်မူ တွေကို လေ့လာ စုံစမ်းစစ်ဆေး အရေးယူနေသောအဖွဲ့က ပြည်သူတွေကို မနေ့က တရားဝင်ကျေညာအသိပေးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်း ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချူပ်ကြီး ဆူရာရွတ်က ဘတ်ငွေ(၂၄) သန်း၊ သူ့ မိန်းမ ပိုင်ဆိုင်မူ့ က ဘတ်ငွေ( ၆၅) သန်း၊ ဖြစ်တာကြောင့် သူ့သက်တမ်း ကုန်ဆုံး သွားချိန် မှာတော့ ပိုင်ဆိုင်မူ့ ဘတ်ငွေ(၁) သန်း လျှော့ နည်းခြဲ့ပီး၊ စစ်တပ်အာဏာသိမ်း ဒုတိယ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချူပ်ကြီး ဆွန်သီရဲ့ ပိုင်ဆိုင်မူ့ က ဘတ်ငွေ ( ၄၄) သန်း ရှိနေတာကြောင့် သူ့သက်တမ်း ကုန်ဆုံး သွားချိန် မှာ ပိုင်ဆိုင်မူ့ ဘတ်ငွေ(၆) သန်း ပိုများနေတာကိုတွေ.ခဲ့ရတယ်လို့ ပိုင်ဆိုင်မူ တွေကို လေ့လာ စုံစမ်းစစ်ဆေး အရေးယူနေသောအဖွဲ့ ( NCC ) က ပြည်သူတွေကို မနေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုခေါင်းဆောင်တွေနှင့် သူတို့ရဲ့မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူ့ တွေ၊ ကိုယ်ကျိုး စီးပွား အ တွက်အာဏာ အလွဲသုံးစားပြုလုပ်ခဲ့မူတွေ ကို တရား မျှတမှု ရှိအောင် ဥပဒေကြောင်းအရ လေ့လာ စုံစမ်း စစ် ဆေးမူ ပြုလုပ်ရင်တော့ အာဏာရှင်ကြီး မောင်သန်းရွှေ နှင့် မိသားစုဟာ အဓိကတရာခံတွေဖြစ်နေကြပြီ။ တိုင်း ပြည်ကိုရောင်းစား အာဏာယူပြီး ချစ်သမီးတော်အတွက် အစိုးရ အခန်းအနား နဲ့ မင်္ဂလာဆောင်ကျင်းပပေးခဲ့တဲ့ အာဏာရှင်ကြီး မောင်သန်းရွှေ နှင့် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူတွေ ကိုမကြာခင်မှာ ဖော်ထုတ်နိုင်ကြပါစေ လို့။


No comments :