Tuesday, 8 April 2008

အိုလံပစ် မီးတောက် ဆန်ဖရန်စ္စကို ကိုရောက်လာပြီ။


ဆန်ဖရန်စ္စကိုရှိ မြန်မာ့ ဒီမိုကရေစီအင်အားစုအပေါင်း တို့  သွားရောက်ဆန္ဒပြကြပါ။
အိုလံပစ်မီးတောက်က မြောက်အမေရိက ကို ဖြတ်သန်းသွားဖို့ အတွက် ဆန်ဖရန်စ္စကိုမြို့ ကို အင်္ဂါနေ့ က ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြင်သစ်နိင်ငံ ပဲရစ်မြို့ မှာတော့ ဆန္ဒပြကန်ကွက်ကြတဲ့အတွက် တရုပ် ကိုယ်စားလှယ်အဖွဲ့  အနေနဲ့ အိုလံပစ်မီးတောက်သယ်ယူရေးမှာ ပြသာနာပေါင်းဆုံနဲ့ ရင်ဆိုင်လိုက်ကြရပါတယ်။
မနေ့ ကတော့ ဆန်ဖရန်စ္စကိုက နာမည်ကျော် ရွေ မုဒ်ဦးတံတား - Golden Gate Bridge -
တိဗက် လွတ်မြောက်ရေး အင်အားစုတွေက တိဗက်အလံကို တက်ရောက်ချိတ်ဆွဲလိုက်ပါတယ်။ အလံကိုချိတ်ဆွဲတဲ့ သူ ၇ ဦးလုံးကိုရဲက ဖမ်းဆီးလိုက်တယ်လို့ သိရတယ်။
မီးတောက်က ဆန်ဖရန်စ္စကိုမြို့ ကို ပတ်မယ်။ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားသူတွေအနေနဲ့ 
သွားရောက်ဆန္ဒပြသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။

No comments :