Tuesday, 22 April 2008

ဒါမျိုး ဆက်မဖြစ်အောင် ဆန္ဒခံယူ ပွဲမှာ ကန့် ကွက်မဲပေးကြ











( ထိုင်: နိုင်ငံမှာ သေဆုံးသွားသူများ နှင့် မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များရင်ဆိုင်နေရတဲ့ ဘ၀-----ဒါတွေဟာ ဘယ်သူ့ မှာ အပြစ်ရှိသလဲ?)

ဓာတ်ပုံ-AFP
သုံးသပ်တင်ပြသူ-(ms)

တချိန်တုံးက မြန်မာပြည်ဟာ ကမ္ဘာ မှာ ဆန်အထွက်ဆုံး နှင့် အများဆုံး တင်ပို့ရောင်းချတဲ့နိုင်ငံ တနိုင်ငံ ဖြစ်ခဲ့လို့ အရှေ့ တောင်အာရှမှာ အတုယူ ဖွယ်ကောင်း တဲ့ နိုင်ငံ တနိုင်ငံဖြစ်ခဲ့ တယ်။ ဒီလိုအတုယူတဲ့ နိုင်ငံတွေထဲမှာ
ကမ္ဘောဒီယားနိုင်ငံရဲ့ ခေမာနီကွန်မြူနစ် အစိုးရဟောင်း လည်းပါဝင်တယ်။ သူတို့ဟာ မြန်မာပြည်ကတောင်သူလယ်သမား တွေကို ချီးကျူး ဂုဏ်ပြုပြော ဆိုလေ့ရှိ ပြီး၊ ကမ္ဘောဒီယားနိုင်ငံကိုမြန်မာပြည် ကဲ့သို့် အဆင့်ရောက် အောင် ကျိုးစားဖို့ သူတို့ကိုထောက်ခံတဲ့သူတွေကို အမြဲ နိုင်းယှဉ် ပြောဆိုလေ့ရှိ ပါတယ်။

သူတို့ရဲ့ နာမည်ပျက်အစွန်းရောက် အယူအဆကတော့ မြန်မာပြည်ကို ကြည့်- “ငါတို့တိုင်းပြည်မှာ တောင်သူလယ်သမားကောင်းတွေ ဘဲလိုတယ်၊ ပညာတက်တွေမလိုဘူးဆိုတာ ပါဘဲ” ။ ဒီလို လူသားတွေလက်မခံနိုင်သော အစွန်းရောက် အယူအဆနဲ့
ကမ္ဘောဒီယားနိုင်ငံမှာရှိတဲ့ အပြစ်မဲ့ ပညာတက် ပြည်သူတွေကို သတ်ဖြတ် အကျည်းချခဲ့ဘူးလို့ သူတို့ရဲ့ ( killing field) လို့ခေါ်တဲ့ လူသတ်ရက်စက်မူ့ အဖြစ်ဟာ ကမ္ဘာမှာ နာမည်ကြီးနေတုန်းပါဘဲ။ ဒီနေ့ ရက်ရက်စက်စက်လူသတ်ခဲ့တဲ့ ခေမာနီကွန်မြူနစ် အစိုးရဟောင်း ခေါင်းဆောင်တွေဟာ တရားဥဒေရဲ့အောက်မှာ အရေးယူအပြစ်ပေးခြင်း ခံနေရပါ တယ်။

ဒီမှာအဓိကပြောချင်တာက တချိန်တုံးက မြန်မာပြည်ဟာဆန်ရေစပါးပေါ်ကြွယ်ဝခဲ့ တယ်။ အိမ်နီးချင်းနိုင်ငံတွေ က အထင်ကြီး အတုယူစရာ နိုင်ငံတခုဖြစ်ခဲ့တယ်ဆိုတာပါဘဲ၊။ အဲဒီလို ဆန်ရေစပါးပေါ်ကြွယ်ဝတဲ့ နိုင်ငံမှာ ဒီနေ့ပြည်သူတွေ ထမင်းငတ် နေကြတယ်၊ တချို့ဆန်ကွဲထမင်း၊ တချို့ဆန်ပြုတ် သောက်နေရတယ်။အဲဒီလိုဘဲ ဒီနေ့ ကမ္ဘာ မှာ သဘာဝဓာတ်ငွေ့ အထွက်ဆုံး နိုင်ငံ ဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ပြည်သူတွေ ကို လျှပ်စစ် မီး လောက်ငှအောင်မပေးနိုင်ဘူး၊ ကျေးလက်တောရွာ မပြော နဲ့ မြို့ကြီးတွေမှာတောင် လျှပ်စစ် မီး မရကြဘူး။ လျှပ်စစ် မီး မရလို့ ဘာစီးပွားရေးမှ ကောင်းကောင်းမွန်မွန် လုပ်စားလို့ မရဘူး။ တိုင်းပြည်မှာ ပြည်သူတွေဟာ ၀င်တဲ့ငွေက မြန်မာ ကျပ်ငွေ၊ ၀ယ်သုံးရတော့ ဒေါ်လာဈေး နဲ့သုံးစွဲနေကြရလို့ ကုန်းကောက် စရာမရှိ ၊ စားစရာမရှိ ဖြစ်နေတယ်။ ၁၉၈၈ခု နှစ် မှာ ကြက်ဥတလုံးဟာ ၇၅ပြား-၁ကျပ်ဘဲ ရှိနေရာက၊ အခုအခါမှာ ကျပ် ၁၂၀-၁၅၀ထိ ပေးဝယ်နေရလို့ ဒီဈေးနူန်းကိုကြည့်ပြီး မြန်မာပြည်မှာ ငွေကြေးဖောင်းပွမူ့ ကိုတွက်ချက်နိုင်ပါတယ်။
မြန်မာပြည်ရဲ့ ငွေစက္ကူဟာ ဒုတိယကမ္ဘာစစ်ကာလက ဂျပန်ငွေစက္ကူထက်ဆိုး
နေတယ်။


သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ ၀င်ငွေ ကို စွမ်းအင် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမူ့လုံလုံ လောက် လောက်မရှိခဲ့ ဘူး။ သုံးလို့မရတဲ့ စစ်လက်နက်ပစ္စည်းတွေကိုဝယ်ယူပြီး၊ ကိုယ့် ပြည်သူကိုယ်ပြန်သတ်ဘို့ ကျိုးစားနေတယ်။ အင်မတန် မြစ်၊ချောင်း အင်းအိုင်၊နှင့် ပင်လယ် ၀ိုင်းပတ်နေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့ ပြည်သူတွေဟာ ရေကို ၀ယ်ယူသုံးစွဲနေကြရတယ်။ အမတန်မှ ရှက်ဖို့ ကောင်း တဲ့ အဖြစ်ပါ။ ဒီနေ့ လူငယ်တွေဟာ စာသင်ခန်းတွေ၊ တိုင်း ပြည် ဖွံ့ ဖြိုး အောင် လုပ်ရမဲ့ လုပ်ငန်း ခွင် တွေ မှာ မရှိဘူး၊ အကျဉ်းထောင်တွေထဲ မှာရောက်နေကြတယ်။

တချိန်တုံးက ဘင်္ဂလားဒေ့ရှ်ကပြည် သူတွေ ဟာ သူတို့နိုင်ငံမှာ ရေဘေး ၊လေဘေး သဘာဝရာသီဥတုဆိုး ဒဏ်ကြောင့် မြန်မာပြည်ကိုထွက်ပြေး ခိုလှူံ ခဲ့ကြတယ်။ တရုပ် လူမျိုးတွေဟာ သူတို့နိုင်ငံ မှာ စားစရာမရှိလို့ မြန်မာပြည်ကိုထွက်ပြေး ခဲ့ကြတယ်။ မလေးရှား လူမျိုးတွေ ဟာ မြန်မာပြည်မှာ စီးပွားလာရှာ ခဲ့ ကြဘူးတယ်၊ ပညာလာဆည်းပူးလေ့ ရှိ ကြတယ်။ ထိုင်းလူမျိုးတွေဟာ မြန်မာပြည် နယ်စပ်မြို့တွေမှာ ဆေးဝါးကုသ ခံယူကြ တယ်။

အခုတော့ အမတန်မှ အရှက်မရှိ တဲ့ အာဏာရှင် စစ်အုပ်စု ဆိုး ဒဏ်ကြောင့် တွေ မြန်မာပြည်သူတွေဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ဒုက္ခအမျိုး မျိုးနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရတယ်။
ဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့ န၀တ စစ်အုပ်စုဟာ ခေမာနီကွန်မြူနစ်အစိုးရဟောင်းရဲ့ လုပ်ရပ်ဆိုးလို၊ အာဖဂန်မှာအုပ်ချူပ်ခဲ့ တာလီဘန်အကြမ်း ဖက်အစိုးရဟောင်းလို တိုင်းပြည်ကို လက်နက်အားကိုးနှင့် ပြည်သူတွေကို နိုင်ထက်စီးနင်း အုပ်ချူပ် နေကြ တယ်။ ဒါမျိုး ဆက်မဖြစ်အောင် စစ်အုပ်စုအလိုကြ တဖတ်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံ ဆန္ဒခံယူပွဲ အပေါ် ဆန့်ကျင် ကန့့် ကွက်မဲပေး ကြပါ။ ပြည်သူတွေ ရဲ့ အခြေခံ လိုအပ်ချက် တွေကိုတောင် မဖြေရှင်း ပေးနိုင်တဲ့ ဒီလို ပြည့်တဆာနှင့် ၀ရမ်းပြေး နဲ့ရတဲ့ စစ်အုပ်စု အာဏာရှင်တွေ ကိုထောက်ခံရင် တော့ မြန်မာပြည်ဟာ ဗိုလ်ချူပ် အောင်ဆန်းပြော သလို ဖါ နိုင်ငံ ဖြစ်မှာသေချာတယ်။

2008-Motto: ပုရစ်ဖူးတို့ နွေမှာဝေ၊ စစ်ဘီလူးတို့ မေမှာသေ
1990-Motto: ငုနှင့်ပိတောက် နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်
( From: C-Box-Niknayman's blog)




Rest of your post

No comments :