Friday, 4 April 2008

တိုင်း ပြည်ကို လက်ညိုးထိုးရောင်းစား နေတဲ့ မြန်မာနိုင်ငံ စစ်အုပ်စုခေါင်းဆောင်တွေ မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူ့ တွေကို တရားဝင်ကျေညာရဲသလား?




ဘာသာပြန်သုံးသပ်ချက်-(ms)
'Poorest' cabinet member has only 4 million ( BangkokPost)

ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာတော့ အစိုးရ ခေါင်းဆောင်တွေဟာ သူ တို့ရဲ့ ပိုင်ဆိုင်မူ့ တွေကို အစိုးရတာဝန်မထမ်းဆောင်ခင်မှာ တရားဝင်ကျေညာမှုတွေ ပြုလုပ်ရပါတယ်။ နောက် ပိုင်းမှာ သူတို့ရဲ့ ပိုင်ဆိုင်မူ့ တွေကို ပိုင်ဆိုင်မူ တွေကို လေ့လာ စုံစမ်းစစ်ဆေး အရေးယူနေသောအဖွဲ့က လေ့လာ စုံစမ်းစစ်ဆေးပြီး၊ ကိုယ်ကျိုး စီးပွား အတွက် အာဏာ အလွဲသုံး စား ပြုလုပ်ခဲ့မူ ရှိမရှိ တွေကို တရားမျှတမူရှိအောင် ဥပဒေကြောင်းအရ အရေးယူ နိုင်ခွင့် ၊ခုခံခွင့်၊ ဖော်ထုတ်ခွင့်တွေရှိကြ၊ ပြုလုပ်နေကြတာကို နေ့စဉ်နှင့်အမျှ သတင်းတွေထဲမှာ တွေ့နေရပါတယ်။

ဒီမိုကရေစီနဲ့ သတင်း လွတ်လပ်မူ ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ အစိုးရ ခေါင်းဆောင်တွေဟာ သူ တို့ရဲ့ ပိုင်ဆိုင်မူ့ တွေ ၊ ကိုယ်ကျိုး စီးပွား အ တွက်အာဏာ အလွဲသုံးစားပြုလုပ်ခဲ့မူတွေကို ဖုန်းကွယ်မူ့ လုပ်လို့မရပါဘူး။

ဒီနေ့ ထိုင်းနိုင်ငံသတင်းစာတွေထဲမှာတော့ ထိုင်းနိုင်ငံဒုတိယကုန်သွယ်ရေးဝန်ကြီး ဗန်ယင်သောင်ပကွန် ရဲ့ ပိုင်ဆိုင်မူ့ ဟာ ဘတ်ငွေ ( ၄) သန်းတာရှိတာကြောင့် သူဟာထိုင်းဝန်ကြီး အဖွဲ့မှာ အဆင်းရဲဆုံး ဖြစ်ပြီး၊ ဒုတိယ ဘဏ္ဍာရေး ၀န်ကြီး ပရာဒစ် ပရာယာဆတ် က ဘတ်ငွေ ( ၆၈၂) သန်းတာ ရှိတာကြောင့် သူဟာအချမ်းသာဆုံး ၀န်ကြီးအဖွဲ့ဝင်တဦးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စွမ်းအင် ၀န်ကြီး ဖောင်ပီရောင် ပိုင်ဆိုင်မူ့ က ဘတ်ငွေ (၅၄၇) သန်းရှိတာကြောင့် သူဟာဒုတိယအချမ်းသာဆုံး ၀န်ကြီးအဖွဲ့ဝင်တဦးဖြစ်ပါတယ်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျ ပိုင်ဆိုင်မူ့ က ဘတ်ငွေ(၉) သန်း၊ သူ့ မိန်းမ ပိုင်ဆိုင်မူ့ က ဘတ်ငွေ( ၁၁) သန်း၊ ၀န်ကြီးအဖွဲ့ ၀န်ကြီး ဂျကရာပေါ့ က ဘတ်ငွေ(၁၀) သန်း၊ ရှိကြောင်း ၊ ပိုင်ဆိုင်မူ တွေကို လေ့လာ စုံစမ်းစစ်ဆေး အရေးယူနေသောအဖွဲ့က ပြည်သူတွေကို မနေ့က တရားဝင် ကျေညာ အသိပေး ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်း ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချူပ်ကြီး ဆူရာရွတ်က ဘတ်ငွေ(၂၄) သန်း၊ သူ့ မိန်းမ ပိုင်ဆိုင်မူ့ က ဘတ်ငွေ( ၆၅) သန်း၊ ဖြစ်တာကြောင့် သူ့သက်တမ်း ကုန်ဆုံး သွားချိန် မှာ ပိုင်ဆိုင်မူ့ ဘတ်ငွေ(၁) သန်း လျှော့ နည်းခဲ့ ပြီး၊ စစ်တပ်အာဏာသိမ်း ဒုတိယ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချူပ်ကြီး ဆွန်သီရဲ့ ပိုင်ဆိုင်မူ့ က ဘတ်ငွေ ( ၄၄) သန်း ရှိနေတာကြောင့် သူ့သက်တမ်း ကုန်ဆုံး သွားချိန် မှာ ပိုင်ဆိုင်မူ့ ဘတ်ငွေ(၆) သန်း ပိုများနေတာကိုတွေ.ခဲ့ရတယ်လို့ ပိုင်ဆိုင်မူ တွေကို လေ့လာ စုံစမ်းစစ်ဆေး အရေးယူနေသောအဖွဲ့ ( NCC ) က ပြည်သူတွေကို မနေ့က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုခေါင်းဆောင်တွေနှင့် သူတို့ရဲ့မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူ့ တွေ၊ ကိုယ်ကျိုး စီးပွား အ တွက်အာဏာ အလွဲသုံးစားပြုလုပ်ခဲ့မူတွေ ကို တရား မျှတမှု ရှိအောင် ဥပဒေကြောင်းအရ လေ့လာ စုံစမ်း စစ် ဆေးမူ ပြုလုပ်ရင်တော့ အာဏာရှင်ကြီး မောင်သန်းရွှေ နှင့် မိသားစုဟာ အဓိကတရာခံတွေဖြစ်နေကြပြီ။ တိုင်း ပြည်ကိုရောင်းစား အာဏာယူပြီး ချစ်သမီးတော်အတွက် အစိုးရ အခန်းအနား နဲ့ မင်္ဂလာဆောင်ကျင်းပပေးခဲ့တဲ့ အာဏာရှင်ကြီး မောင်သန်းရွှေ နှင့် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူတွေ ကိုမကြာခင်မှာ ဖော်ထုတ်နိုင်ကြပါစေ လို့။





No comments :