နိဒါန်း
ကျနော်တို့ ငယ်စဉ်က မိန်းကလေးများ ကြက်ဖခွတ်တမ်းကစားကြတယ်။ ကျနော်တို့ စိတ်လှုပ်ရှားစွာအားပေးခဲ့ကြတယ်။ ငါတို့ ကြက်ဖ နိင်နိင်- ရွေဖလားနဲ့  ကြက်သားကိုင်။ သူတို့  ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့  ကြက်ချေးတုံး ဟု အားပါးတရ သီဆိုခဲ့ကြတယ်။ အခုလည်း စိတ်လှုပ်ရှားစရာ တိုက်ပွဲလာချေပြီ။ ရွေဖလား ရဖို့ လိုတယ်။ ကြက်ပေါင်ကိုင်ဖို့ တယ်။ ဆန္ဒခံယူပွဲသည် သန်းရွှေ နဲ့ ဒေါ်စု ပွဲမဟုတ်ပါ။ ဒီချုပ် နဲ့  စစ်အုပ်စုပွဲ မဟုတ်ပါ။ စစ်အုပ်စုနဲ့ ပြည်သူတဦးချင်းရဲ့  တိုက်ပွဲ ဖြစ်လာပါတယ်။ ဘေးကနေ ထိုင်ပြီး အာနေလို့ မရ။ ဒီချုပ် စီအီးစီရဲ့  အသုံးမကျမှုများကို ကြည့်ပြီး ၀မ်းသာနေလို့  မရပါ။ စစ်အာဏာရှင် စနစ်ကို သက်ဇိုး ရှည်စေတဲ့ အခြေခံဥပဒေကို ငါဒို့ လက်မခံဘူး ဆိုတာကို ပြသာရမဲ့ အချိန်သို့  ရောက်ရှိနေပြီ ဖြစ်ပါတယ်။
-------------------------------------
အခုတလော အင်တာနက် တွေပေါ်က ဆွေးနွေးဝိုင်းတွေဟာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာတာကို တွေ့ ရ ပါတယ်။ အများစုက ၈၈၈၈ မျိးဆက်ဟောင်းတွေ ဖြစ်ပါတယ်။ နိင်ငံရေး အတွေ့ အကြုံ ရှိသူတွေ ဖြစ်ပါတယ်။ ဆွေးနွေးချက် ဖြစ်လာရတဲ့ ကိစ္စကတော့ ကိုတင်မောင်သန်းရဲ့ နိင်ငံရေး သုံးသပ်ချက်ကို DVB က လွင့်သွားတဲ့ အစီအစဉ်တခု ကြောင့် ဖြစ်ပါတယ်။
ဒီကိစ္စ အပေါ်မှာ ကျနော်ဆွေးနွေးချက်များက အောက်ပါအတိုင်းဖြစ်ပါတယ်။
ကိုတင်မောင်သန်းက မြန်မာ့နိင်ငံရေး မှာ အင်အားစုသုံးစု ရှိနေသယောင် ဆိုခဲ့ပါတယ်။ နအဖ အုပ်စု၊ ဒီမိုကရေစီ အုပ်စု နဲ့  တတိယ အုပ်စု ဆိုတာ ဖြစ်ပါတယ်။ တတိယ အုပ်စုကို စည်းရုံးနိင်တဲ့ အဖွဲ့ က နိင်မယ်။ အနိင်အရှုံး ရဲ့ သော့ချက်က တတိယအုပ်စု ဖြစ်တယ်လို့  ဆိုပါတယ်။ ဒါဟာ မမှန်ဘူးလို့ ကျနော် ဆွေးနွေးလို ပါတယ်။
တတိယအုပ်စုပေါ်လစီ
ကိုတင်မောင်သန်းက တတိယအုပ်စုလို့  ဆိုလိုချင်သူများကတော့ မသိင်္ဂနဲ့ အကြီးတန်း စာနယ်ဇင်းသမား ( နေ၀င်းမောင်ကို ဆိုလိုချင်သလား မသိဘူး။ ) မသိင်္ဂက ဆိုရင် အခြေခံဥပဒေက လမ်းကြောင်းမှန် သွားနေတယ်လို့  မြင်တယ်။ နေ၀င်းမောင်က အခြေခံဥပဒေ မရှိဘူး၊ ရှိရင် ကောင်းမယ်။ အတိုက်ခံမှာ သုညပဲ ရှိတယ်။ စစ်တပ်က ၁၀၀ ရာခိုင်နှုန်း ရှိတယ်။ ဒါကြောင့် နည်းနည်းရလည်း မဆိုးဘူး ယူထားလိုက် နောက်မှ တိုးတောင်း။ စတဲ့ ပေါက်ပန်းသေး ဆင်ခြေဆင်လက်တွေကို ကျနော်တို့ ဂရုမစိုက်ပါဘူး။
အဓိက ပြသာနာက စစ်အစိုးရက ကိုယ်ထွေးတဲ့ တံတွေး ကိုယ်ပြန်မျိုဖို့ ဝန်မလေးသူတွေ၊ အခြေခံဥပဒေ၊ နိင်ငံတကာဥပဒေ မကလို့  ဘုရားဥပဒေ ပဲဖြစ်ဖြစ် မလိုက်နာ၊ မကျင့်သုံးတဲ့ ပြဿနာ။ ဒါကြောင့် ကျနော်တို့ က သူတို့ ကို မယုံတော့တာ။ အခြေခံဥပဒေအရ ပဲဖြစ်ဖြစ်၊ လမ်းပြမြေပုံအရ ပဲဖြစ်ဖြစ် ဘာနဲ့ မှာ တိုင်ပြည်ဖွံ့ ဖြိုးရေး၊ ဒီမိုကရေစီ ကူးပြောင်းရေး၊ တရားဥပဒေ စိုးမိုးရေး ဆိုတာတွေဟာ ဖြစ်လာမှာ မဟုတ်ဘူးလို့ တိုးတိုး တဖုံ၊ ကျယ်ကျယ် တမျိုး ပြောနေရတာ ဖြစ်ပါတယ်။ ဒါကိုမှာ မသင်္ဂီတို့  နေ၀င်းမောင် တို့  အနေနဲ့  အခြေခံဥပေဒကို ထောက်ခံမယ်လို့ လည်း ပြောထားတော့ သူတို့ ပြောပိုင်ခွင့် ရှိတာပဲ။ ၀က်ဖြစ်လို့  မစင်မကြောက်တာ အထူးချေပစရာ မရှိပါဘူး။
တကယ်က ဒီတတိယ အုပ်စုဟာရှိရင် လည်းရှိမယ်။ ရှိနေရင်လည်း ကျနော်တို့ က ကြိုဆိုပါတယ်။ နိင်ငံရေး အင်အားစု တခု ဖြစ်လာတာဟာ ကြိုဆိုအပ်တဲ့ အရာပါ။ စစ်အုပ်နဲ့ ရော ကျနော်တို့  ဒီမိုကရေစီ အင်အားစုနဲ့ ရော ဖြစ်ဖြစ် ကွဲပြားတဲ့ ပေါ်လစီတခုကို ချပြလာရင် ကျနော်တို့က တတိယအုပ်စု ရှိနေတယ်လို့ အသိမှတ်ပြုရမှာ ဖြစ်ပါတယ်။ သူတို့  တလျောက်လုံး တင်ပြလာတဲ့ ပေါ်လစီတွေကို ကြည့်ရင် သူတို့ ဟာ တတိယအုပ်စုလို ပီပီပြင်ပြင် ရပ်တည်ချက် မတွေ့ ရ ပါဘူး။ သူတို့ ဟာ နအဖ ပေါ်လစီတွေကို သကြားအုပ်ပြီး တင်ပြထားတာတွေ ခြည်းဖြစ်ပါတယ်။ ခပ်သိမ်းကုန်သော သူတို့ ပေါ်လီတွေဟာ နအဖ ပေါ်လစီတွေနဲ့  သိပ်ကို နီးကပ်လွန်းတယ်လို့ ကျနော် ပြောချင်ပါတယ်။ အထင်ရှားဆုံးက စီးပွားရေးပိတ်ဆို့ မှု အပေါ်မှာ သူတို့ ရဲ့ သဘောထားပဲ။
အရေအတွက်နဲ့ သြဇာလွမ်းမိုးမှု
နောက်တချက်ကတော့ ရွေးကောက်ပွဲတို့ ၊ ဆန္ဒခံယူပွဲတို့  ဖြစ်လာတော့ အရေအတွက် ကိန်းဂဏန်းတွေ (Statistics) တွေကို ကျနော်တို့  ထည့်သွင်း စဉ်းစားဖို့  လိုလာတယ်။ တတိယအုပ်စု ဆိုတာ အင်အား ဘယ်လောက် ရှိသလဲ။ သူတို့ က လူထုကို ၊ စားသုံးသူတွေကို ဘယ်လောက် သြဇာ သက်ရောက်မှု (Influence ) ရှိနေသလဲ။ သူတို့ က ဘယ်လို မီဒီယာတွေ အသုံးပြုပြီး လူထုကို ဆက်သွယ်နေပါသလဲ ။ လူထုကရော သူတို့ ကို ဘယ်လောက်သိသလဲ စတဲ့ အချက်တွေကို အလေးနက်ထည့် သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ တတိယအုပ်စုရဲ့ အင်အားနဲ့  သက်ရောက်မှု ကို ကျနော်တို့ မှာ သုတေသနပြုလုပ်ထားချက် မရှိပါဘူး။ ခန့် မှန်းကြည့် မိသလောက်ကတော့ အရေအတွက် အရမ်းကို နည်းတယ်။ သြဇာသက်ရောက်မှု မရှိသလောက်ပဲ။ သူတို့ ရဲ့ အယူအဆတွေကို ပုံမှန်တင်ပြနေတဲ့ မီဒီယာလည်း မရှိဘူးလို့ ထောက်ပြချင်ပါတယ်။
ထုံးမတိမ်၊ ငုံ-အိမ်-ကျူ-လ ရယ် နှင့် တူမျှစံနှိုင်း
စစ်တပ်အာဏာသိမ်းပြီး ကာလမှာ ပါတီ ၂၀၀ ကျော် ပေါ်လာတယ်။ ၁၉၉၀ ရွေးကောက်ပွဲကာလက အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပြီးလျှင် ကျနော် ဦးဆောင်သော လူဘောင်သစ်ပါတီသည် ဒုတိယ အင်အား အကြီးဆုံး ဖြစ်ခဲ့တယ်။ ဦးနု ရဲ့ ဒီငြိမ်းပါတီ၊ မန္တလေးအခြေစိုက် မနတ၊ ဦးခင်မောင်မြင့် ဦးစီးသော ပြည်သူ့ တိုးတိုက်ရေး ပါတီများရဲ့  အရေအတွက်ရော သြဇာသက်ရောက်မှုပါ ယခု တတိယအုပ်စု အမည်ခံတို့ ထက် သာလွန်ခဲ့ ပါတယ်။ သို့ သော် လူထုက ရွေးကောက်ပွဲ တွင် ဒီချုပ်ကိုသာ ရွေးပြီး မဲပေး ခဲ့တယ်။ ဒါက ဘာကိုပြတာလည်းဆိုတာ ဒီမိုကရေစီ ပါတီများကို မကြိုက်လို့  မဟုတ်၊ မလေးစားလို့ မဟုတ်။ မဲကွဲသွားခြင်း ဖြင့် စစ်တပ်ပြန်ခေါင်းထောင်လာမှာကို စိုးရိမ်လို့  ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဒီချုပ် အနိင်ရတယ်။ အာဏာရအောင် မယူနိင်တာကတော့ ဒီချုပ် စီအီစီတွေ သုံးစားလို့  မရအောင် ချာတူးလန်လို့  ဖြစ်တယ်။ ဒါကြောင့် လူထု အနေထားကို လျော့တွက်လို့  မရပါဘူး။
လူထုဟာ တာဝန်ကြေတဲ့ သမိုင်းအခိုင်အမာ ရှိခဲ့ပါတယ်။ ၁၉၅၈ ခုနစ် ရွေးကောက်ပွဲ နှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ စစ်တပ် ဆိုရင် နိုး -ဟင့်အင်း။ ဒီမိုကရေစီ- ရက်စ်- ဟုတ်ကဲ့ ကို ပြသခဲ့တယ်။ ဒါဟာ လူထုရဲ့  သဘာဝဖြစ် ပါတယ်။ တကမ္ဘာလုံးမှာလည်း ဒီသဘောတရားပဲ တည်ရှိ နေတယ်။ ဒီအချက်ကို ၁၉၈၆ ဖိလစ်ပင်း ရွေးကောက်ပွဲ ၊ ၁၉၉၀ မြန်မာပြည် ရွေးကောက်ပွဲ ၊ တောင်ကိုရီးယား ရွေးကောက်ပွဲ ၊၂၀၀၈ ခုနစ် ထိုင်း ရွေးကောက်ပွဲ၊ ၂၀၀၈ခုနစ် ပါကစတန် ရွေးကောက်ပွဲ ၊၂၀၀၈ခုနစ် ဇင်ဘာဘွေ ရွေးကောက်ပွဲများက သက်သေထူလျက် ရှိတယ်။ ဆန္ဒခံယူပွဲတွင် တပြည်လုံးက နိုး ဆိုပါမှ။ တတိယအုပ်စု အမည်ခံသူတို့ က ရက်စ် လုပ်ချင်နေကြတယ်။ တပြည်လုံးက အင် နဲ့ အား နဲ့  ခါးထောင်းကျိုက်ရမဲ့ အချိန်မှာ ခါးပုံ စကို ဆွဲချွနေကြ ပြန်တယ်။ လုပ်ချင် လုပ်ပါစေ။ သူတို့ သည် အဖြူနဲ့ အမဲ ကြားမှာ အင်အား ချိန်ခွင်ညှာ ပြောင်းနိင်တဲ့ အနေထား မရှိပါ။ ကျနော်တို့  မမှု့ ပါ။
အာဏာရှင်များက ညစ်ပတ်မှသာ နိင်ခဲ့ကြတယ်။ စစ်တပ်ဟာ ရွေးကောက်ပွဲ ။ လူထုဆန္ဒ မပါပဲ နဲ့  နိင်သွားပါတယ် ဆိုတာ သမိုင်း မရှိ။ ထုံးထမ်းအစဉ်အလာ မဟုတ်။ ဒါက သစ္စာတရားတခုလိုဖြစ်နေပါပြီ။
မြ၀တီမင်းကြီး ဦးစ ရေးစပ်ခဲ့တဲ့ ကဗျာ လို
"ထုံ မတိမ် ၊ ငုံ၊ အိမ်၊ ကျူ၊ လ ရယ်နှင့် တူမျှစံနိင်း ၊
ကပ်ပ ထီ ၊ နတ်တညီ တင်ထိုက်တဲ့ ၊
့ ယဉ်သိုက်ဝင် ညာတမေနှင့် ငါးဆင့်သမိုင်း " လို့ သာဆိုလိုက်ချင်တယ်။

-----မိုးသီးဇွန်-------
-----------------------------------------------------------------------------------------------------------------
ငုံ - အလောင်းတော်ငုံမင်း သစ္စာဆိုခဲ့တဲ့ နေရာမီးမလောင်ဘူးလို့ ဆိုတယ်။
အိမ် - ကိုဖျက်လှူ ပြီး ကော့ကသန်ကုန် မြတ်စွာဘုရားကို လှူခဲ့တဲ့ အလှူရှင် တဦး ။
ကျူ - မြတ်စွာဘုရား မျောက်မင်းဘ၀ မိမိမျောက် အမျိုးနွယ်တွေ ရေသောက်လို့  မရအောင် အခက်ကြုံတယ်။ ဒီအခါမှာ ဘုရားအလောင်း မျောက်မင်းက သစ္စာဆိုတယ်။ သူသစ္စာကြောင့် ကျူပင်တွေမှာ အဆစ်မပါတော့ ဖြစ်သွားတယ်။ ဒီအခါမှာ ကျူပင်တွေကို ပိုက်လို အသုံးပြုပြီး မျောက်တွေ ရေသောက်သွားနိင်တယ်။

လ - ယုန်မင်း ဘ၀မှာ မီးဖို ထဲခုန်ဆင်းပြီး သူအသားကို ဆာလောင်သူ အတွက်လှူ ခဲ့တယ်။ ဒါကြောင့် လ မှာ ယုန်ရုပ် ရှိနေတယ် လို့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြတယ်။ ဒီသစ္စာတွေက မပျက်နိင်တဲ့ သစ္စာတွေ လို့  ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ကြတယ်။
--- ဒီကဗျာ ကို ပြန်လည်ရွတ်ဆို ရှင်းလင်းပေးတဲ့ ကိုတင်ဝင်းသိန်း - နယူးယောက်မြို့ - ကို ကျေးဇူး အထူးတင်ရှိလျက်-----
4 comments :
It is sad to see that we are all divided.
The point is no matter how we are defeated by any mean created by the SPDC, the military regime should realize that they have been loosing politically since Ne Win's era. As a result, they will never be successful to improve the fundamental situation in Burma. It will keep going on as a vicious circle.
Everyone is writing their own history; look at the example of Ne Win, Maung Maung, Sein Lwin, Saw Maung.
What kind of history are you going to write SPDC?
ကိုမိုးသီးခင်ဗျား--
မေလအမှီကျွန်တော်တို့လုပ်နိုင်တာတစ်ခုလောက်ပြောချင်ပါတယ်---
ကိုမိုးသီးပြောတာတွေဟာအလွန်မှန်ကန်ပါတယ်--တတိယအုပ်စုအတွက်ကျွန်တော်တို့ဘာမှမလုပ်ရသေးပါဘူး--
ကျွန်တော်ကြားသိယုံကြည်ရတဲ့သတင်းတစ်ခုကတော့--ပြည်တွင်းကလူတော်တော်များများအလုပ်များတဲ့စီးပွားရေးသမားများအပါအ၀င်
နယ်တောရွာကိုမဆိုထားနဲ့--ရန်ကုန်ကလူတော်တော်များများတောင်--စက်တင်ဘာကပုံတွေမမြင်ဘူးကြသေးပါဘူး---အထူးသဖြင့်ရေထဲကဘုန်းဘုန်းအလောင်းရောပေါ့--
သတင်းတွေကြားတာနဲ့မျက်မြင်ကိုယ်တွေ့နဲ့--နာကျင်ဒေါသတွက်တာခြင်းမတူပါဘူးခင်ဗျာ--
ဒါကြောင့်ဖြစ်နိုင်ရင်---စက်တင်ဘာပုံတွေချည်းပဲသွေးထွက်သံယိုတွေချည်းပဲ---စုစည်းပြီးပြည်တွင်းကို--ကျေး၇ွာအဆင့်-မြို့နယ်အဆင့်လောက်တွေမှာ--ဖြန့်သင့်ပါတယ်--လူတွေအမှန်မြင်ပီးဒေါသထွက်အောင်လို့ပေါ့နော်--သွေးအေးတာကိုပူအောင်လုပ်သလိုပေါ့---
ခင်မင်လေးစားလျက်
Nay Win Myint or Dr Nay Win Maung
Pls care to use right name
I dont believe any point of views. What i believe is we need to use all the ways to fight back. Now in myanmar , most of the peoples are not knowing what to do ,how to do ,what they should do and what the politician have to do or what they have done. What i want to tell is we should start fighting like Yakuza after 2nd War. They killed all the goverment servants who were not fair. They stand beside all the japanese.So, if we can do like this , all the peoples will be dare to fight back whoever not fair. We need to upgrading the spirits of the peoples by many ways. If we cannot , whatever we do ,done , we cannot success. Never, never, never.Thanks.
Post a Comment