Wednesday, 30 April 2008

ငြင်းဆန်ခြင်း

“ဆုံးပါးမှုတွေက
တထပ်ကြီး ဖြစ်နေပြီ ကိုရင်”
တွေဝေချင်သူရဲ့ အကြောင်းပြချက်
ငါနဲ့မသက်ဆိုင်…။

ငိုချင်လျှက် လက်တို့ …..
လက်မှိုင်ချ ကြံရာမရ
ဒူးထောက်ကြယုံနဲ့
ပြီးမတဲ့လား .....။


စဉ်းစား ….
ဆုံးပါးစရာ
အမုန်းခါးခါးကလွဲလို့
ရစရာ အနန္တ
မြင်ကြရဲ့လား………။

ငါ့အတွက် က လုံလောက်ခဲ့ပြီ ……
ဘုရားသခင်ထံပါး ဒူးထောက် ခဲ့တယ်
ချစ်သူရှေ့မှောက် ဒူးထောက် ခဲ့တယ်
ထပ်ဒူးထောက်စရာ မရှိ ….။

ကြယ်တွေလင်းဆဲ အာရုံလည်းသစ်ပေါ့......
ကဲကွယ်...
ချစ်သူကို ခေါင်းငြိမ့်လို့
သစ္စာနဲ့ငြင်းခဲ့မယ် ကျန်တာတွေမလိုချင်ဘူး ………။


ကိုမွှေး




No comments :