လေးစားအပ်တဲ့ တိုက်ပွဲဝင် ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား
နဂျစ်မုန်တိုင်းကြောင့် ကျနော်တို့ မိဘပြည်သူတွေဟာ အတိဒုက္ခရောက်နေကြပါပြီ။
စိတ်ဓါတ်မကျနဲ့ ဆက်တိုက်ရမယ်။ လူထုတိုက်ပွဲဖြစ်ပေါ်အောင်ဆက်လက်လုပ်ဆောင်ရမယ်။
နောက်ထပ်၁၀နှစ်တောင်မှ ပြန်လည် နာလံထူနိုင်ဖို့ ခဲယဉ်းတော့မယ်လို့ ကျနော်ယူဆပါတယ်။
• ရေ ၊ မီး နဲ့  စားရေရိက္ခာတွေပြတ်တောက်နေပါတယ်။
• ရေကြီးမှုကြောင့် ရောဝတီတိုင်းနဲ့  တခြားပြည်နယ်တွေမှာ သောက်ရေ တွေပြတ်တောက်သွားပါတယ်။
• ကူးစက်ရောဂါပိုးမွှားတွေ ပျံ့ နှံ့ လာနိင်ပါတယ်။ ကယ်ဆယ်ရေးအကူညီတွေအရေးပေါ်လိုအပ်နေပါတယ်။
ကုလသမဂ္ဂ ကပေးအပ်မဲ့အကူညီတွေကို သန်းရွှေ ကငြင်းပယ်ပါတယ်။
ဒါဟာ အလွန်ယုတ်မာကောက်ကျစ်တဲ့ အောက်တန်းကျတဲ့စိတ်ဓါတ်ဖြစ်ပါတယ်။
ဆူနာမိမုန်တိုင်းကြောင့် အင်ဒိုနီးရှား မှာ ဘေးဒုက္ခတွေရင်ဆိုင်ရတော့ အင်ဒိုနီးရှားအစိုးရဟာ အမေရိကန်က အကူအညီတွေတောင်းခံခဲ့တယ်။ အမေရိကန် ရေတပ်က အင်ဒိုနီးရှားကမ်းကိုကပ်ပြီးအကူညီတွေပေးခဲ့တယ်။ တရုတ်ပြည်ကလည်း အင်ဒိုနီးရှားကိုကူညီပေးခဲ့တာ တချိန်က ရန်သူဖြစ်ခဲ့ဘူးပေမဲ့ တရုပ်အကူညီကို အင်ဒိုနီးရှားလက်ခံခဲ့တယ်။ ဘင်္ဂလားေ ဒ့ရှ်မှာလည်း သဘာဝဘေးအန္တရယ်ကိုရင်ဆိုင်ရတော့ နိင်ငံတကာအကူညီတွေရယူပေးခဲ့တယ်။ အမေရိကန်က ကအကူညီတွေ ကိုပါလက်ခံခဲ့ပါတယ်။
ဘာဖြစ်လို့ သူတို့ က အကူညီတွေကို လက်ခံခဲ့ကြတာလဲ
ဘာဖြစ်လို့ သူတို့ က အကူညီတွေကို တောင်းခဲ့ကြတာလဲ
သန်းရွှေက ဘာဖြစ်လို့ ကုလသမဂ္ဂ က ကူညီမယ်ဆိုတာကို မလိုဘူး ကွ လို့  ငြင်းဆန်လိုက်ရတာလဲ။
အဖြေကတော့ရှင်းပါတယ်။ တခွန်းထဲပြောရရင် တော့
လူစိတ်...... သန်းရွှေဟာ လူစိတ် လုံးဝမရှိဘူးဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်။
နိင်ငံတော်ခေါင်းဆောင်လုပ်ပြီး တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိတာကိုပြနေတာဖြစ်ပါတယ်။
ဒီတော့ ကျနော်တို့လုပ်စရာရှိတာကိုဆက်လုပ်ရပါမယ်။
ကျနော် တို့  ဆက်လက်တိုက်ပွဲဝင်ရမှာကတော့
• ကုလသမဂ္ဂနဲ့ အနောက်နိင်ငံကြီးတွေကိုလူသားချင်းစာနာတဲ့အကူညီတွေ
( ရိက္ခာ ၊ ဆေးဝါး၊ ကလေးသူငယ်များအတွက် နို့ မှုန့် ၊ အ၀တ်အထည်များ၊
ယာယီနေထိုင် ဖို့ အတွက် အဆောက်ဦးများ၊ သောက်ရေသန့် ဘူးများ ) ကို အကူညီတောင်းခံကြဖို့ တိုက်တွန်းလိုပါတယ်။
• ၀မ်းရောဂါကဲ့သို့ သော ကူးစက်ရောဂါများ မပြန့် ပွားရေးအတွက်အရေးပေါ်
ပြည်သူ့ ကျမ္မာရေး အစီအစဉ်များ ဆောင်ရွက်ပေးဖို့ တောင်းခံရပါမယ်။
• အခြေခံဥပဒေကို ကန့် ကွက်တဲ့ လှုပ်ရှားမှု ကိုမူလအစီအစဉ်တိုင်းဆက်လက်ဆောင်ရွက် ရပါမယ်။
ငါတို့ ရဲ့ ပစ်မှတ်
မြန်မာပြည်မှာ ခုလို လူမှု ဒုက္ခအထွေထွေ ဖြစ်ပေါ်စေရတာကတော့ သန်းရွှေ ၊ အောင်သောင်း ၊ မောင်သောင်း နဲ့ ကျော်ဆန်းတို့ ရဲ့  ခေါင်းမာဂိုဏ်းသားတွေ
ကောက်ကျစ်ယုတ်မာမှုတွေကြောင့်ဖြစ်တယ်။ ဒီပြဿနာတွေပေါ်မှာ တာဝန်ရှိတဲ့
သန်းရွှေ၊ အောင်သောင်း၊မောင်သောင်းနဲ့ ကျော်ဆန်းတို့ နှုတ်ထွက်ဖို့ အတွက်
တိုက်ပွဲ ဆင်ရမယ်။ သူတို့ ဟာ ပြည်သူလူထုရဲ့ နံပါတ်တစ်ရန်သူတွေဖြစ်တယ်။
သန်းေ ရွှ မိသားစု၊ ကြံဖွတ်နဲ့ စွမ်းအားရှင်တွေဟာ ငါတို့ ရဲ့ ရန်သူတွေဖြစ်တယ်။
သူတို့ ကိုဦးတည်တိုက်ခိုက်ရမယ်။ ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို အားဖြည့်လုပ်ဆောင်
ကြဖို့ တိုက်တွန်းလိုပါတယ်။
စည်းရုံးရမဲ့သူများ
တိုင်းမှုး များ
ရဲများ
ဝန်ထမ်းများ
ကြွေးကြော်သံများ
• လူမှုရေးအကူညီများချက်ခြင်းရရှိရေး
• အခြေခံဥပဒေကို လုံးဝ ကန့် ကွက်မဲပေးရေး
• သန်းရွှေ၊အောင်သောင်း၊ မောင်သောင်း ၊ကျော်ဆန်းကိုဖယ်ရှားပစ်ရေး
• တပ်မတော်အတွင်းခေါင်းဆောင်သစ်များ ပေါ်ထွန်းလာစေရေး
• တိုင်းမှုးများနဲ့ ပြည်သူလူထုပေါင်းစည်းမိရေး
• ရေမီးအပြည်အစုံရရှိရေး၊
• စားရေရိက္ခာဖူလုံရေး
• လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိရေး
• ဒီမိုကရေစီပြန်လည်တည်ဆောက်ရေး
သန်းရွှေ အုပ်စုကို ဖယ်ရှားပစ်ကြပါစို့ 
မိုးသီးဇွန်
...
No comments :
Post a Comment