ဘန်ကောက်
မေ -၁၂
ထိုင်းနိုင်ငံ ချွန်ပူရီခရိုင်ရှိ U-Tapao လေတပ်စခန်းမှ မြန်မာနိုင်ငံ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် ထောက်ပံ့ ပစ္စည်းများ တင်ဆောင်သွားသော C-130 အမေရိကန် စစ်လေယာဉ်သည် ယနေ့ ၁၂း၄၀ မိနစ်အချိန်တွင် မြန်မာနိုင်ငံသို့ ဦးတည် ထွက်ခွာသွားပြီ ဖြစ်သည်။ U-Tapao လေဆိပ်သည် ဗိယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန်လေတိုက်အခြေစိုက် စခန်းဟောင်းတစ်ခုဖြစ်ခဲ့ပြီး ထိုင်းပင်လယ်ကွေ့ အနီးတွင်တည်ရှိသည်။ ထို့အပြင် မြန်မာ့ရေပိုင်နက် အနီးတွင် အမေရိကန် စစ်သင်္ဘော ၄ စီး အဆင်သင့် အနေအထားဖြင့် ဝင်ရောက်ရန် အမိန့် စောင့်ဆိုင်းနေပြီး ခွင့်ပြုချက်ရရှိပါက ထောက်ပံ့ရေး ပစ္စည်းများကို အဆိုပါ စစ်သင်္ဘောများဖြင့် အမြန်ဆုံး ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
Source : မဇ္ဈိမသတင်းဌာန
Monday, 12 May 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment