Thursday, 15 May 2008

နိုင်ငံတော်လုပ်ကြံလိမ်လည်မှူကြီး


မြန်မာစစ်အာဏာရှင်အစိုးရဟာ ကြာသာပတေးနေ့မှာ စစ်အာဏာရှင်တို့ အကျိုးရှေးရှုရေးဆွဲထားသော အခြေခံဥပဒေ ဟာ အပြတ်အသတ် ဆန္ဒခံယူပွဲမှာ အနိုင်ရတယ်လို့ ကြေငြာခဲ့ပါတယ်။ အဲဒီဆန္ဒခံယူပွဲဟာဆိုရင် ဝေဖန် မှုတွေ စိတ်ပျက်မှုတွေ နဲ့  ကြက်ခြေနီ အသင်းရဲ့ ပြောကြားချက်အရ လူပေါင်း တစ်သိန်းနှစ်သောင်းခွဲသေခဲ့တယ်လို့ ဆိုတဲ့အမျိုးသားလုံးဆိုင်ရာ ကြေကွဲဖွယ် ဖြစ်ရပ်ဖြစ်တဲ့ အလုံးစုံပျက်စီးစေတဲ့ ဆိုင်ကလုံးမုန်တိုင်းကြီး ရဲ့ ဘေးဒုက္ခတွေကို ဥပေက္ခာပြုပြီး လုပ်ခဲ့တာဖြစ်ပါတယ် ။ နအဖ ရေဒီယို မှ ပြောကြားချက်အရ အခြေခံဥပဒေဟာ ကိုးဆယ့်နှစ် ဒသမ လေး ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပြီး မဲပေးသူပေါင်း ၂၂ သန်းက ပေးခဲ့တာဖြစ်ပါတယ်လို့  ပြောကြားသွားပါတယ်။ ယနေ့ ( ၁၅-၅-၂၀၀၈ ကြာသပတေးနေ့  ) တွင် ရေဒီယိုမှ စစ်ကျွန်အဖြစ် သွပ်သွင်းထားသောအခြေခံဥပဒေမူကြမ်း အား ထောက်ခံမဲ ၉၂.၄ ရာခိုင် နှုန်းဖြင့်အတည် ပြုလိုက်ကြောင်း ။ မဲပေးခွင့်ရှိသူအရေအတွက် ၉၉ ရာခိုင်နှုန်းကျော် မဲပေးခဲ့ရာတွင် ထွက်ပေါ်လာတဲ့ ရလာဒ်ဖြစ်ကြောင်း နှင့် ၂၄-၅-၂၀၀၈ နေ့ တွင် မုန်တိုင်းဒါဏ်ခံစားခဲ့ရသော ဒေသများတွင်ကျင်းပမည့် နောက်ကျ မဲပေးပွဲရလာဒ်များ သည် ဥပဒေမှုကြမ်းအား အတည်ပြုသည့်အဖြေကို သင်္ချာသဘောတရားအရ ပြောင်းလဲနိုင်ခြင်း ရှိတော့မည် မဟုတ်ကြောင်း လဲထဲ့သွင်းကြေငြာသွား ခဲ့ပါသည်။
သတင်းအစုံအလင်ကို ဒီမှာ ဖတ်ပါ။

Rest of your post


1 comment :

MysteriouX said...

http://objectivefreeburma.blogspot.com/

please spread the word