Saturday, 24 May 2008

ကယ်ဆယ်ရေးပစ္စည်းတွေ ဘယ်ကိုရောက်



ရန်ကုန်
မေ-၂၃
ကယ်ဆယ်ရေးပစည်းတွေ ဘယ်ကိုရောက် ကယ်ဆယ်ရေးပစ္စည်းတွေ အများတကအများစုဟာ ရန်ကုန်မြို့  ရှစ်မိုင်အနီး ကုန်းမြင့်သာယာ
ထဲကို ရောက်ရှိနေတယ်။ တကယ်ကောင်းတဲ့ပစ္စည်းတွေကိုတော့ ပျဉ်မနား ကြပ်ပြေးကို ရောက်ရှိနေပါတယ်။ လေဘေးဒုက္ခသည်တွေအတွက်ပေးတဲ့ပစ္စည်းတွေကို စစ်တပ်အတွက်သိမ်းဆည်းနေပြီဖြစ်ပါတယ်။

ရွေပေါက်ကံ
မေ - ၂၃

ရွေပေါက်ကံ ကယ်ဆယ်ရေးပစ္စည်းတွေ ကို လာဝေတဲ့အခါမှာ ကြံဖွတ် အမျိုးသမီးတာဝန်ခံတဦး က လာရောက် ထိမ်းချုပ်ဖို့ ကြိုးစားတဲ့အတွက် လူတွေကမခံမရပ်နိင်ဖြစ်ပြီး မှာ ကြံဖွတ်တဦး ကိုဓါးနဲ့ ထိုးလိုက်တယ်။ ဒီလူက မြောက်ဥက္ကလာဆေးရုံအရောက်မှာ သေဆုံးသွားပါတယ်။

မြောက်ဒဂုံ
မေ-၂၃

မြောက်ဒဂုံမှာမနေ့ က ရ၀တက ပစ္စည်းတွေကို အလျူရှင်ရှေ့ မှာဟန်ပြဝေတယ်။ အလျူရှင်ပြန်သွားတော့ပစ္စည်းတွေကို ရ၀တ က ပြန်သိမ်းတယ်။ လူထုနဲ့ ရ၀တပြသာနာတက်တယ်။ သိမ်းဆည်းတဲ့အထဲမှာ ကြံဖွတ်အမျိုးသမီးရေးရာက ပါတယ်။ လူငယ်တချို့ အဖမ်းခံရတယ်။


Rest of your post

No comments :