Sunday, 25 May 2008

ကုလသမဂ္ဂနဲ့  မြန်မာ ( အကဲဖြတ်ချက် )



ကုလသမဂ္ဂ ရဲ့ ဒီမိုကရေစီရရှိရေး ပြုပြင်ပြောင်းလဲ မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုရပ်တန့် ရေး ကြိုးစားမှုတွေဟာမအောင်မြင်ပဲ မျှော်လင့်ချက်မဲ့နေပါတယ်။

၁၉၇၄ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးဦးသန့် ၏ ရုပ်ကလပ်ကိုသင်္ဂြလ် ရန်မြန်မာနိုင်ငံအတွင်းပြန်လည်သယ်ဆောင်လာချိန်မှာ အဓိကရုံးတစ်ခုဖြစ်ပွားခဲ့ပါတယ်။

၁၉၈၉ ခုနှစ် နှစ်ဦးပိုင်း တော်လှန်ထကြွ မှုတွေကြောင့် သိမ်းပိုက်ခဲ့တဲ့ စစ်အစိုး ရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်အတွင်းအကျယ်ချုပ်ချထားခဲ့ပါတယ်။


၁၉၉၀ ကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ် Sadako Ogata ကိုမြန်မာ့လူ့အခွင့်ရေးလေ့လာသူအဖြစ် တာဝန်ပေးအပ်ခဲ့ပါတယ် ဒါပေမဲ့ သူမဟာ အခြားသူတွေအတိုင်းပဲထူးခြားမှုဖြစ်ပေါ်မလာခဲ့ပါဘူး။

၁၉၉၈ - ကုလသမဂ္ဂအထူးကိုယ်စားလှယ် Alvara de Soto ဟာ စစ်အစိုးရနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကြားမှာရှိတဲ့ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေကို ဖြေရှင်းဖို့ရန်အတွက် ကြားဝင်ဆောင်ရွက်ခဲ့ပါတယ် ။
ကုလသမဂ္ဂ နဲ့ ကမ္ဘာ့ဘဏ် ကလည်း ပြောင်းလဲမှုတွေဖြစ်ပေါ်ဖို့ ငွေကြေးဆိုင်ရာ မက်လုံးတွေလဲပေးခဲ့ပါတယ်။ အဲဒီအခြေအနေကို နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က မျောက်ကို ငှက်ပြောသီးကျွေးပြီးကခိုင်းနေသလိုပါပဲ ဟုပြောကြားခဲ့ပါတယ်။

ဒီနေ့ အာရှ နဲ့ ပစိဖိတ်ဒေသတွေမှာ
- တရုတ်နိုင်ငံဟာဆိုရင် မသိနိုင်တဲ့ ငလျင်ဒဏ်နဲ့ ရင်ဆိုင်နေရပါပြီ
- တရုတ်နဲ့ ရုရှားဟာဆိုရင်လဲ အမေရိကန်ကဲ့ ဒုံးကြည်ကာကွယ်ရေးအစီအစဉ်တွေကိုထိုးဖောက်ဖို့ရန် ပူးပေါင်းလိုက်ပါပြီ။
- မြန်မာအစိုးရကတော့ နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့အားလုံးကို လက်ခံမယ်လို့ ဆိုနေပါပြီ။

ဧပြီ ၄ ရက် ၂၀၀၀ - မလေးရှားသံအရာရှိ ရာဇာလီ ဟာ ကုလသမဂ္ဂအထူးကိုယ်စာလှယ် နှင့် မြန်မာအရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

စက်တင်ဘာ ၂၀၀၀ - မှာ ၁၉၉၅ က လွှတ်ပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်အဖြစ်ပြန်လည် ထိန်းသိမ်းထားခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက် ၂၀၀၁ - ခုနှစ်မှာ ရာဇာလီက -မကြာတော့တဲ့ အနာဂတ်မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွေဖြစ်လာလိမ့်မယ်လို့ အပြည့်အ၀ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။

၂၀၀၂ မှာ ရာဇာလီ ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ အတွက်ကူညီခဲ့ပါတယ် ။ ပြီးတော့ အစိုးရ ကလဲ အငြင်းပွားမှု အခြေအနေတွေဟာ ပြီးဆုံးသွားပါပြီလို့ ကြောငြာခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာ - ဒေါ်အောင်ဆန်းစုကြည် ဟာ အကျယ်ချုပ်အဖြစ်ပြန်လည်ထိန်းသိမ်းခြင်းခံခဲ့ရပြန်ပါတယ်။

ဇန်န၀ါရီ ၄ ရက် ၂၀၀၆ မှာ တော့ ရာဇာလီဟာ ၂ နှစ်နီးပါးလောက် နိုင်ငံအတွင်းဝင်ထွက်နေရာမှ တားမြစ်ခြင်းခံခဲ့ ရပြီးစိတ်ပျက်ခဲ့ရပါတယ်။ အဲဒီနောက်မှာ သူဟာအထူးကိုယ်စာလှယ်အဖြစ်မှနှူတ်ထွက်သွားခဲ့ပါတယ် ။

မေလ ၁၀ ရက် ၂၀၀၆ မှာ နိုင်ဂျီးရီးယား သံတမန် ကိုယ်စားလှယ် ဂန်ဘာရီ ဟာ ၂ နှစ်ကျော်အတွင်း ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်ခဲ့ရပါတယ်။

မေလ ၂၂ ရက် ၂၀၀၇ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချထားခြင်းသက်တမ်းကိုထပ်မံတိုးမြင့်ခဲ့ပါတယ်။

စက်တင်ဘာ ၂၉ ရက်မှာ ဂန်ဘာရီ မြန်မာနိုင်ငံကို ၄ ရက်ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် အပြင် စစ်ခေါင်းဆောင်များနှင့်ပါတွေ့ဆုံခဲ့ပါတယ။် ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ပြီးဆွေးနွေးပွဲပြုလုပ်ခဲ့ပါသေးတယ်။

အောက်တိုဘာ ၁၁ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအစည်းအဝေး မှာ ပထမဦးဆုံးမြန်မာနိုင်ငံနှင့်ပက်သက်၍တရားဝင်ကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ မြန်မာ့အခြေအနေအတွက် နက်နက်နဲနဲ ၀မ်းနဲပါတယ်လို့ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာလမှာတော့ စစ်အစိုးရက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုလသမဂ္ဂထိပ်တန်းသံအရာရှိကို ထွက်ခွာပေးဖို့ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလ ၃ရက်နေ့မှာ ဂန်ဘာရီပြန်လည်ရောက်ရှိလာပြီး သူရဲ့ ခရီးစဉ်ဟာ အမျိုးသားညီညွတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး နှင့် လူ့အခွင့်အရေး အပြည့်အ၀ရရှိရေး အတွက်မျှော် လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် က အကျယ်ချုပ်ခံနေရဆဲဖြစ်ပြီး သူမနဲ့ စစ်အစိုးရကြား မှာ ပြောခဲ့ တဲ့ သူမရဲ့စကားတွေက အလဟာသဖြစ်သွားခဲ့ပါတယ်။

၂၀၀၈ ခုနှစ် မေလ ၂ရက် ၃ ရက်တွေမှာတော့ နာဂစ်ဆိုင်ကလုန်း ဟာ မြန်မာနိုင်ငံကိုတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေးအဖွဲ့တွေကို မုန်တိုင်းဒဏ်အပြင်းဆုံးခံခဲ့ရတဲ့ နေရာတွေကိုဝင်ရောက်ဖို့ပိတ်ပင်ခဲ့ပြီး ကူညီမှုတွေကိုလဲ အနည်းငယ် အကန့်အသတ် ဖြင့်သာ ပေးနိုင်ခဲ့ပါတယ်။

မေ ၂၂ ရက်မှာ တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ဂီမွန်းဟာ စစ်အစိုးရမှ နိုင်ငံတကာအကူအညီတွေကိုလက်ခံဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာပြန်ပါတယ်။

မေ ၂၃ မှာ ဘန်ဂီမွန်း က မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ အကူအညီတွေကို လက်ခံလိုက်ပြီဖြစ်တဲ့ အကြောင်းပြောကြားခဲ့ပါတယ်။

Translated by Lucky

No comments :