Tuesday 6 May 2008

ပြည်သူက ဒုက္ခပင်လယ်မှာ နအဖကလက်သိပ်ထိုးလိမ်ညာ

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကပြည်သူလူထုဟာ အသက်အိုးအိမ်စည်းစိမ် ပျက်စီး နေရတဲ့အချိန်မှာ
နအဖရဲ့ အမိန့် အရ တိုင်းပြည်အသီးသီးမှာရှိကြတဲ့မြန်မာသံရုံးဝန်ထမ်းတွေမှာတော့ ၀န်ထမ်းတယောက်လျှင်
ထောက်ခံမဲ အရွက်တစ်ရာ ဖြည့်ရမယ် ဆိုတဲ့ခွဲတမ်းနဲ့ မြန်မာနာမည်တွေ ကို အလွတ်ရေးပြီး သံရုံးတစ်ရုံးလျှင် အနည်းဆုံး ထောက်ခံမဲ စုစုပေါင်း တစ်သောင်းတိတိ ရအောင်လုပ်ရမယ်ဆိုတဲ့အမိန့်နဲ့ ထောက်ခံမဲ အတုတွေ ဖန်တီးနေကြရပါတယ်လို့ ဆွေမျိုးမိဘများ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာရှိလို့ ပူပင်သောကရောက်နေရတဲ့သံရုံးဝန်ထမ်းတစ်ဦးက အထက်ပါအတိုင်းငြီးငြူပြောပြသွားခဲ့ပါတယ်။




1 comment :

YeYint Nge said...

canada ottawa embassy ရှေ့မှာvote no သွားလုပ်တယ်တနေ့လုံး။။တယောက်မှလာထည့်တာမတွေ့ဖူး။ဘယ်လိုညာချင်သေးလဲဖရယူးသန်းရွှေ(အရင်ကမင်းရူး)
မြန်မာသံရုံးတဲ့ကြည်ကြပါအုံးပြိုကျတော့မဲapartmentမှာ
http://canadafreeburma.blogspot.com/2008/04/vote-nooooooooooooo-at-ottawa.html