Tuesday 6 May 2008

နအဖ က တောမီးလောင် တောကြောင်လက်ခမောင်းခတ်လုပ်နေပြီ










  • မေ၊၆
    ရန်ကုန်
    ဘလောက်ကာ သတင်း

    ရန်ကုန်တိုင်း ကွမ်းခြံကုန်း ဖက်မှ လယ်သူမကြီးတဦး အဆိုအရ ရေမျောလာတဲ့အလောင်းပေါင်းဟာ ၈၀ မှ ၁၀၀ ခန့် အထိရှိတယ်လို့ သိရတယ်။ အလောင်းအများစုဖက်က ပိုင်ရှင်မရှိဘူး။ ဖျာပုံ၊ဒေးဒရဲဖက်ကမျောလာတာဖြစ်မယ်လို့ သူမကဆိုပါတယ်။ သူမကိုယ်တိုင်လည်း စားစရာမရှိဘူးလို့ သိရတယ်။ ဆားတထုတ်ကို ၈၀၀ ကျပ်နေ ၉၀၀ ကျပ်အထိတောင်ပေါက်ဈေးရှိတယ်လို့ ဆိုတယ်။
  • မြောက်ဥက္ကလာ ပမှာ လေဘေးဒဏ် ကယ်ဆယ်ရေး ဒုက္ခသည်စခန်းကို ကိုယ်ထူကိုယ်ထလုပ်နေကြတယ်။ အကူညီများလှုဒန်းနိင်တယ်လို့  ဆိုင်းပုဒ်လေးတင်ထားတယ်။ ကြံဖွတ်တွေက ဆိုင်းပုဒ်ကိုလာဖြုတ်ဖို့ ခြိမ်းခြောက်နေတယ်။ သူတို့ သိက္ခာ ကျတယ်လို့  ရရက မှုး ကဆိုသွားတယ်။ တောင်ဒဂုံဖက်မှာ ယူအန်ဒီပီ က ကားနဲ့ လာပြီး ဆန်တပြည်နဲ့  ငွေ ကျပ်တစ်ထောင်လိုက်ဝေတယ်။ ရရက များက အတင်းလိုက်ပြီး ပစ္စည်းတွေကို လိုက်လုတယ်။ ယူအန်ဒီပီက သူတို့ ကိုမယုံဘူး။ ဆန်ထုတ်တွေကို ကားပေါ်ပြန်တင်ပြီး လမ်းမှတွေတဲ့ ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်တိုင်ဝေသွားတယ်။


  • အေရ၀တီတိုင်းဖက်မှာတော့ အလောင်းတွေကို ဆယ်မဲ့သလည်းမရှိဘူး။ ယူမဲ့သူလည်းမရှိဘူး။ စစ်တပ်က ခွေးမသားတွေကတော့ သစ်ပင်ပဲခုတ်နေတယ်။ ကြံဖွတ်တွေက ဒုက္ခသည်တွေကိုကူညီတဲ့အကူညီရှင်တွေဆီက လိုက်လံ လုယူလျက်ရှိတယ်လို့ သိရပါတယ်။


  • ရန်ကုန်တိုင်းမှာ အဆိုးဆုံးပြသာနာက ရေပြတ်လပ်မှု ဖြစ်နေခြင်းဖြစ်ပါတယ်။ တချို့ နေရာမှာ မသန့် ရှင်းတဲ့ရေကိုသောက်သုံးရမှုကြောင့်ဝမ်းရောဂါစဖြစ်နေတယ်လို့ သိရတယ်။ ဥပမာ-ဆင်ခြေဖုံးမြို့ နယ်တိုင်းနီးပါးဖြစ်နေတယ်။


  • မုန်းတိုင်းသင့်နယ်မြေတွေကို မဲဆန္ခပေးရမဲ့ ရက်က မေ- ၂၄ လို့ သတ်မှတ်ထားတယ်။ မုန်းတိုင်းသင့်နယ်မြေတွေက ရန်ကုန်တိုင်း မြို နယ် ၄၀ ၊ ရောဝတီတိုင်းက ၇ မြို့ နယ်ပါတယ်။


  • ဘီဘီစီ သတင်းထောက်တဦးကို ရန်ကုန်မင်္ဂလာဒုံလေဆိပ်က နေမောင်းထုတ်လိုက်ပါတယ်။ ရိုးရိုး ခရီးသွားဗီဇာနဲ့ လာလို့ဆိုတယ်။


  • မုန်တိုင်းပေါ်မှာ နအဖက အခွင့်ကောင်းယူနေတယ်လို့ ရန်ကုန်မြို့ ခံတဦးကဆိုတယ်။

No comments :