Friday, 23 May 2008
အမေရိကန် ၀င်လို့ ရနိင်ပြီ ။
အေအက်ဖ် ပီ
မေ- ၂၃
ဘန်ကီမွန်းနဲ့ သန်းရွေ ဆွေးနွေးအပြီးမှာ ကယ်ဆယ်ရေး လုပ်သားတွေ အားလုံးဝင်လို့ ရပြီလို့ ကြေညာပြီးနောက်ပိုင်းမှာ အားလုံးက သံသယဖြစ်နေကြတယ်။ ဒါပေမဲ့  ဒီနေ့ ညနေပိုင်းမှာ ဆက်လက် ထွက်ပေါ်လာတဲ့သတင်းအရ ကယ်ဆယ်ရေးလုပ်သားတွေဆိုရင် ဘယ်နိင်ငံဘယ်လူမျိုးကိုမဆိုဝင်ခွင့်ရမယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရ လူမှုထောက်ကူပြု အဖွဲ့ ကတော့သောကြာနေကထုတ်ပြန်ချက်ကို ကြိုဆိုလိုက်ပါတယ်။ သတင်းပြန်ကြားရေးတာဝန်ခံ ရီဘက်ကဂူစတပ်ဆန် - USAID - ကဒီသတင်းကို အေအက်ဖ်ပီကို ပြောလိုက်ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုဆက်လက်စုံစမ်းဦးမယ်လို့ ဆိုပါတယ်။ ကျမတို့ အနေနဲ့  ကူညီနိင်ဖို့ နည်းလမ်းပေါင်းစုံကို ကြိုးပန်းခဲ့ပါတယ်။ ဒီသတင်းကတော့သတင်းကောင်းပါပဲလို့ သူမကဆိုပါတယ်လို့ ဘန်ကောက်သတင်းစာရှင်းလင်းပွဲမှာသူမကပြောခဲ့ပါတယ်။ DRAT
- Disaster Assistance Response Team - ကို အမြန်ဆုံးစေလွတ်မယ်လို့ လည်းပြောပါတယ်။ သိတဲ့အတိုင်းပါပဲရှင်ကျမတို့ အမေရိကန်အစိုးရမှာ လူတွေကိုကယ်တင်နိင်ဖို့ အတွက် စွမ်းရည်တွေအပြည့် အ၀ရှိနေပါတယ်။ အမြန်ဆုံးကူညီမှုတွေလုပ်သွားပါမယ်။ နိင်ငံတကာနဲ့ ကျမတို့ ပူးပေါင်းလုပ်ဆောင်သွားမှာ အခိုင်အမာပါပဲလို့ သူမက ဆက်လက်ပြောဆိုပါတယ်။ သူမက ဆက်ပြောတာက မြန်မာရေပိုင်နက်မှာ အမေရိကန် ရေတပ်မှာ ကယ်ဆယ်ရေးပစ္စည်းတွေအပြည့် တင်ထားပါတယ်။ အလျင်မြန်ဝင်ရောက်ကယ်တင်ဖို့  အသင့်အနေထားမှာအမြဲရှိနေတယ်။ စစ်အစိုးရက မီးစိမ်းပြလိုက်တာနဲ့ ဝင်ချလိုက်မှာပါလို့ ဆိုပါတယ်။
Summary
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment