Tuesday, 6 May 2008

နအဖ အမြတ်ထုတ်ရက်တဲ့ လူထု ဒုက္ခ

နအဖ စစ်အာဏာရှင် ဟာ ယုတ်မာပက်စက်စွာ လူထုရဲ့ ဆိုးဝါးလှတဲ့ဒုက္ခတွေကို သူတို့ အတွက် အာမခံချက်ရှိနိုင်မယ့်အမြတ်ထုတ်ချက်တွေကို သွေးအေးအေး အစားမပျက်အသောက်မပျက် ခေါက်ရိုးမကျိုး
ရွှံ့  တစက်မပေ ပဲ ဆန္ဒခံယူပွဲအတွက်သည်းသည်းမည်းမည်း အမြတ်ထုတ်ဖို့ အတွက် လုံးပမ်းနေယုံမက၊
သံဃာတော်များ က အပျက်အစီးအသေအပျောက်များတဲ့နယ်တွေဖက်ထွက်ပြီး ကယ်ဆယ်ရှင်းလင်းရေးလုပ်
ဖို့ကိစ္စကို တားမြစ် ပိတ်ပင်လိုက်ပါတယ်။

ရန်ကုန် မှ ဘုန်းကြီးကျောင်းများမှ ဘုန်းတော်ကြီးများဟာ ကိုယ့်ကျောင်းအနီးရပ်ကွက်တွေကို ရှင်းလင်းရေး လူထုကူညီရေးတွေလုပ်ခဲ့ပါတယ်။

တကယ်တန်း ရန်ကုန်ကတက်လာတဲ့ ဓါတ်ပုံတွေထဲမှာ သေချာကြည့်မယ်ဆိုရင် နအဖ ရဲ့ စစ်အရာရှိတွေယူနီဖောင်းတကား ကား ဗိုက် တပူပူ နဲ့ အရက်ဆီပြန်နေတဲ့မျက်နှာများက မချိသွားဖြဲ ဟန်နဲ့ 
အပျက်အစီးတွေကြားမှာ ရုပ် ပြ နေတာတွေကိုပဲထူးဆန်းစွာမြင်ခဲ့ကြရပါတယ်။

လူထု လူထုချင်းကူညီကြတာ ရဟန်းသံဃာတော်တွေ ကူညီကြတဲ့အကြောင်းအရာများ အား ယခုထိ မြင်ရခြင်း ကြားရခြင်းမရှိသေးပါဘူး။

လူထု မျက်ရည်တွေ နဲ့ လူထုအလောင်းတွေကိုဖောင်ဖွဲ့လို့ ဒင်းတို့ သွားမယ့် လမ်းကြောင်းဟာတော့ အပုတ်နံ့တွေဟောင်နေတယ်ဆိုတာ သိသိနဲ့ အရှက်မဲ့ လုပ်နိုင်တဲ့ အင်မတန်ကောက်ကျစ်တဲ့လူယုတ်တွေဖြစ်တယ်ဆိုတာ အငြင်းပွားဖွယ် ရှိမည်မထင်တော့ပါ။

ကိုရင်သာဒင်

No comments :