Sunday, 11 May 2008

(ဗိုလ်မှုး)မျိုးညွန့် အောင် (သို့ )စင်္ကာပူ နအဖ ရှေ့ နေ

စင်ကာပူ နိုင်ငံရှိ မြန်မာစီးပွာရေး ဦးပိုင်လိမိတက် ရုံးခွဲတွင် တာဝန်ယူလုပ်ကိုင်နေသော (ဗိုလ်မှု)မျိုးညွန့် အောင် မှ စင်္ကာပူရှိ မြန်မာလူမျိုးအား "မြန်မာပြည်မှ ဓါတ်တိုင်များလဲကျနေရခြင်းသည် မုန်တိုင်းဒဏ်ကြောင့် ဆိုတာထက် ဓါတ်တိုင်တွေက နတ်တွေ မူလီတွေ ကိုလူတွေ က ဖြုတ်ခိုးပြီး ရောင်းစားလို့  " လို့ လိုက်လံပြောဆို ကြောင်း သိရပါသည်။ စင်္ကာပူတွင်နေထိုင်သော မြန်မာပြည်သားတစ်ဦးက မြန်မာပြည်တွင်လဲကျ နေသော သစ်ပင်များ၏ မူလီများ နတ်များ ကို ဖြုတ်ခိုးရောင်းသည့် တရားခံသည် မည်သူဖြစ်သည်ကိုပါ (ဗိုလ်မှုး)မျိုးညွန့် အောင် အနေနှင့် ဖြေကြားပေးစေလိုကြောင်း ကျွန်ုပ်တို့ မှ တဆင့် ရိုးသားစွာ အမေးရှိလိုက်ပါသည်။ (ဗိုလ်မှုး) မျိုးညွန့် အောင် အနေနှင့် သစ်ပင်များ၏ မူလီများ နတ်များ အား ဖြုတ်ခိုးရောင်းချသူ တရားခံအစစ်အမှန်များအား အလျှင်အမြန် ဖော်ထုတ်ပေးပါရန် အမှာပါးလိုက်ပါသည်။

ဒါးတညံ

1 comment :

AungNN said...

ရေဘူးပေါက်တာမသိခြင်ဘူး၊ရေပါတာဘဲလိုခြင်တယ်၊
တော်တော်အသုံးမကျတဲ့စစ်ဘိုတွေ၊စစ်ဆိုရေတောင် စစ်မသောက်ခြင်ဘူး၊ နားမှလေသံမကြားခြင်ဘူး