Tuesday 6 May 2008

မြန်မာနိုင်ငံ ဆိုင်ကလုန်းဒုက္ခသည်များအား ကမ္ဘာမှ အကူအညီပေးခြင်း

span>
The Associated Press
ပုံနှိပ်နေ့စွဲ- မေလ (၆) ရက်၊ (၂၀၀၈)ခု

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆိုင်းကလုန်းမုန်တိုင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူ ခန့်မှန်းလူဦးရေ (၁)သန်းခန့်အား ကမ္ဘာ့ကုလသမဂ္ဂ၊ ကြက်ခြေနီအဖွဲ့နှင့် အခြားကူညီထောက်ပံ့ရေးအဖွဲ့အစည်းများမှ ပေးအပ်ခဲ့သော ကနဦးထောက်ပံ့မှုများမှာ-

- ဥရောပသမဂ္ဂ - ယူရို (၂)သန်း (အမေရိကန်ဒေါ်လာ ၃.၁ သန်း)
- တရုတ်နိုင်ငံ- အမေရိကန်ဒေါ်လာ တသန်း (ယူရို ခြောက်သိန်းလေးသောင်း) ထောက်ပံ့မှု (အမေရိကန်ဒေါ်လာ ၅ သိန်းတန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများအပါအ၀င်ဖြစ်သည်) ။

- ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘားနတ် ကူချာနာမှ မြန်မာအစိုးရ၏ငွေကြေးစီမံခန့်ခွဲမှုအသုံးချခြင်းအပေါ် ယုံကြည်မှုနည်းသောကြောင့် ပြင်သစ်နိုင်ငံအနေဖြင့် ထောက်ပံ့မှုကို ယူရိုနှစ်သိန်း (ဒေါ်လာ သုံးသိန်း ကိုးထောင့်နှစ်ရာ)သာ ထောက်ပံ့နိုင်မည်ဖြစ်ကြောင်းကြေငြာသည်။
- အမေရိကန်အစိုးရဌာနမှ မြန်မာနိုင်ငံမှ တာဝန်ရှိသူများသည် ကနဦး ဒေါ်လာ နှစ်သိန်းခွဲအား လက်ခံရရှိပြီးနောက် အမေရိကန် စစ်ဆေးရေးအဖွဲ့မှ ၀င်ရောက်မည့် တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကြောင်းကြေငြာသည်။ အမေရိကန်သမ္မတဂျော့ဘုရှ်မှ အမေရိကန်နိုင်ငံမှ လာရောက်ကူညီမှုကို လက်ခံရန် အဂါင်္နေ့က ပြောကြားလိုက်သည်။
- နော်ဝေနိုင်ငံအစိုးရမှ ၄င်းတို့သည် ကရိုမာ (၁၀)သန်း (အမေရိကန်ဒေါ်လာ ၁.၉၆ သန်း၊ ယူရို ၁.၂၅ သန်း) ပေးအပ်မည်ဖြစ်ကြောင်းကြေငြာသည်။
- ဆွီဒင်နိုင်ငံမှ သယ်ယူထိန်းသိမ်းရေးအကူအညီနှင့် ရေသန့်စင်သောစနစ်များအား ကုလသမဂ္ဂ လုပ်ငန်းအကောင်အထည်မှုသို့ ပေးအပ်မည်ဖြစ်သည်။
- ဒိန်းမတ်ကယ်ဆယ်ရေးအဖွဲ့များမှ အလှူငွေကောက်ခံမှုများပြုလုပ်ခဲ့ပြီး၊ ဒိန်းမတ်အစိုးရမှ ကရိုမာ (၅)သိန်း (ယူရို ခြောက်သောင်း ခုနစ်ထောင်၊ အမေရိကန်ဒေါ်လာ တစ်သန်းသုံးထောင့်ခြောက်ရာ) ပေးအပ်ခဲ့ကြောင်းကြေငြာသည်။
- ဖင်လန်နိုင်ငံမှ ငွေကြေးနှင့် ကယ်ဆယ်ရေးထောက်ပံ့မှုများကို တောင်းဆိုပါက ပေးအပ်ရန်အဆင်သင့်ရှိကြောင်းအဆိုပြုသည်၊
- စပိန်နိုင်ငံမှ ကုလသမဂ္ဂစားရိပ်ရိက္ခာအစီအစဉ်အဖွဲ့သို့ ယူရို ငါးသိန်း (ဒေါ်လာ ခုနစ်သိန်း၊ ခုနစ်သောင်းငါးထောင်) ပေးအပ်မည်ဖြစ်ကြောင်းကြေငြာသည်။
- Czech အစိုးရမှ ကိုရူနာ နှစ်သန်းခွဲ (ဒေါ်လာ တသိန်း ငါးသောင်းငါးထောင်၊ ယူရိုတစ်သိန်း) ခွဲဝေထားသည်။
- ရုရှားသမ္မတပူတင်ကလိုအပ်သောထောက်ပံ့မှုနှင့်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည်ကြေငြာသော်လည်း၊ တိကျသောပမာဏကို ဖော်ပြခြင်းမရှိပါ။
- ဆွစ်ဇလန်နိုင်ငံမှ ကနဦး ဆွစ်ဖရန့် ၅သိန်း (အမေရိကန်ဒေါ်လာ ၄သိန်း၊ခုနစ်သောင်းငါးထောင်၊ ယူရို သုံးသိန်းငါးထောင့်ကိုးရာ)နှင့် ဆွစ်ဇလန်နိုင်ငံကြက်ခြေနီအဖွဲ့မှ ဆွစစ်ဖရန့် နှစ်သိန်း ပေးအပ်မည်ဖြစ်သည်။
- စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ နှစ်သိန်း (ယူရို တသိန်းနှစ်သောင်းကိုးထောင်)အား ယာယီတဲများ၊ မြေပြင်အခင်းများ၊ အိပ်ယာလိပ်များ၊ ဆေးဝါးပစ္စည်းများ၊ သောက်သုံးရေများ၊ အရေးပေါ်အစားအစာ များအတွက် ပေးအပ်မည်ဖြစ်သည်။
- ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖရန့်ဝေါလ်တာစတိန်းမီးယားမှ ဂျာမန်ထောက်ပံ့မှုအဖွဲ့အစည်းများအား မြန်မာနိုင်ငံတွင် အရေးပေါ်အဆောက်အဦးများဆောက်လုပ်ခြင်း၊ သောက်သုံးရေရရှိရန်ဆောင်ရွက်ခြင်း၊ အိမ်သုံးပစ္စည်းများနှင့် ခြင်လုံဇကာများဝယ်ယူခြင်း ကူညီထောက်ပံ့ပေးရန် ယူရိုငါးသိန်း (ဒေါ်လာ ၇သိန်း၇သောင်းသုံးထောင်) ပေးအပ်ထားကြောင်းကြေငြာသည်။
- အလားတူ ဂျာမန်ကြက်ခြေနီအဖွဲ့မှ ကနဦးထောက်ပံ့မှု ယူရို ၁သိန်းနှစ်သောင်းနှစ်ထောင်အားပေးအပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် တိုးမြှင့်ထောက်ပံ့နိုင်ရန်အတွက် အလှူငွေကောက်ခံလျက်ရှိသည်။

1 comment :

TTT said...

Canada gave 2 millions dollars.