Sunday 18 May 2008

ဗိုလ်ချုပ်မှူးကြီးနှင့် သူ၏ ပီအေ

“တပ်ချုပ်ကြီး ဖုန်းလာတယ်ခင်ဗျ ”
“ဟေ ဘယ်ကဖုန်းလဲ”
“ ဘန်ကီမွန်း ဆီက ဖုန်းပါ တပ်ချုပ်ကြီး”
“ဟာ ဒီ ခွေးမသား လောပန် ပြန်ဖြေလိုက် ငါမအားဘူး တေဇနဲ့လွှဲထားတယ်လို့ ပြောလိုက်”
“တပ်ချုပ်ကြီး ဘန်ကီမွန်းက လောပန်မဟုတ်ဘူးခင်ဗျ.. ဟို..ဟို”

“ဘာ လဲ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးလား ပြောလိုက် အဲဒီကောင်လဲ တင်အောင်မြင့်ဦးနဲ့ ပြောလိုက်လို့”
“ တပ်ချုပ်ကြီး လက်ခံစကားပြောမှဖြစ်မယ်ထင်တယ် မုန်တိုင်းတိုက်လို့ ဒုက္ခရောက်နေတဲ့သူတွေကိစ္စ”
“ ဟ .. မင်းတယ်ခက်တဲ့ကောင်ပါလား ၊ ပြောလိုက်အဲဒီတရုတ်ကို မင်း အပူမဟုတ်ဘူးလို့ ငါတောင်မပူဘူး”
“ တပ်ချုပ်ကြီး .. ဒါဆိုဘယ်လိုပြန်ပြောလိုက်ရမလဲ”
“ ငါ့မြေးနှာစေးနေလို့ ကျောင်းမသွားနိုင်ဘူး ဒီနေ့ သူနဲ့ ငါ တနေကုန်ဗီဒီယိုဂိမ်းကစားရမယ် မနှောင့်ယှက်နဲ့လို့ ပြောလိုက် မင်းတို့ ဒါလောက်မှ အသုံးမကျဘူးလား ခွေးမသားတွေ”

“ဟုတ်ကဲ့ တပ်ချုပ်ကြီး … ဒါဆို အမေရိကန် သင်္ဘောတွေ မြန်မာ့ရေပိုင်နက်ထဲ ရောက်နေပြီခင်ဗျ”
“ဟေ…ဟုတ်လား ဒီကောင်တွေ ပါမစ် မပါပဲ ငါးလာဖမ်းရင် အကုန် ဖမ်းချုပ်ပြီး ဒဏ်ရိုက်လွှတ်လိုက် ခွေးမသားတွေ”
“ မဟုတ်ဘူး ခင်ဗျ …. လေဘေးဒုက္ခသည်တွေအတွက် အကူအညီပစ္စည်းတွေလာပို့တာ ”
“ ရာရာ စစ… ငါတောင် မကူဘူး ဒီကောင်တွေကဘာကောင်တွေမို့လဲ”
“တပ်ချုပ်ကြီးဆီက ခွင့်ပြုချက်လိုနေပါတယ် သူတို့တွေ ၀င်ကူဖို့”
“ ဟ… ဘယ်တော့မှ အမေရိကန် ဆိုတဲ့ကောင်တွေ ကို အလကားမတ်တင်း ငါ အသက်ရှင်နေသမျှ အ၀င်မခံဘူးကွ မှတ်ထား”
“ဟုတ်ကဲ့ နိုင်ငံခြားရေးဝန်ကြီးကို ပြန်ပြောခိုင်းလိုက်ပါ့မယ်”
“အေး ဒါနဲ့ ထိုင်းက နှာပြားလာတုန်းက ငါ့အတွက်ဝယ်လာတဲ့ KFC ကြက်ကြော်တွေနွှေးထားစမ်း ကြားလား”
“ဟုတ်ကဲ့ လေဘေးကယ်ဆယ်ရေးအတွက် အမေရိကားက လှူထားတဲ့ အချိုရည်တွေပါ ထည့်ထားပေးပါ့မယ်”
“အေး … မင်းတော်တယ် ခွေးသား ”
“ကျေးဇူးတင်ပါတယ် တပ်ချုပ်ကြီး ခု ကုလသမဂ္ဂက နောက်ထပ် ကိုယ်စားလှယ်တစ်ယောက်လာတော့မှာဖြစ်ပါတယ် ဘယ်လို ကိုင်တွယ်ရမလဲ ”
“ထုံးစံအတိုင်းပေါ့ မင်းတော်တော်ညံ့တဲ့ကောင်ပဲ ခွေးမသား ၊ ကျောက်စိမ်းတွေ ပတ္တမြားတွေ ဘာလုပ်ဖို့ထားတာလဲ”
“ အားလုံးကောင်းသွားမှာပါ တပ်ချုပ်ကြီး အားလုံးဖြစ်စေရပါမယ်”
“ အေး… မင်းတော်တယ် ခွေးမသား ၊ မင်းဘာဆက်ပြောဖို့ ကျန်သေးလဲ”
“ နောက်ဆုံးတခု တင်ပြချင်တာက..အမေရိကန် သင်္ဘောတွေက အမေရိကန်ရေတပ်က စစ်သင်္ဘောတွေ ဖြစ်ပါတယ်တပ်ချုပ်ကြီး”
“ကိန်….”

တာတီဘိုး

4 comments :

Anonymous said...

မအေလိုးလေး ပေါက်က၇လေးဆယ်ေ၇းထားတယ်

Anonymous said...

မအေလိုးကြီး သူ့ဟာသူဘာရေးရေးပေါ့ကွ ခင်ဗျားအပူပါလား

Anonymous said...

မအေလိုးကြီး သူ့ဟာသူဘာရေးရေးပေါ့

Margaret Lazum said...

ရယ်ရ ပါတယ်.......