Wednesday 14 May 2008

အမေရိကန်စစ်သားများ မဲဆောက်ကို ရောက်လာကုန်ပြီ။

မေလ ၁၀ ရက်နေ့ က အမေရိကန်တပ်ဖွဲ့ များ မဲဆောက်မြို့ သို့ ရောက်ရှိလာပုံကိုတွေ့ ရစဉ်။





တပ်ဖွဲ့ များ မဲဆောက်မြို့ မှာစတင်အခြေချနေတယ်။ အင်အား ၆၀ ခန့် ရှိတယ်။ နယ်ခြားနေရာတွေကိုလိုက်လံကြည့် ရူတယ်။ မဲဆောက်ဆေးရုံ ၂ ရုံကိုလိုက်လံကြည့် ရူတယ်။ ရောမဂိုလ်ဒေါင်ကြီး နစ်လုံးကိုငှားရမ်းလိုက်တယ်။ မြန်မာစကားတတ်တဲ့ စကားပြန်များအလိုရှိနေတယ်လို့ သိရတယ်။ သူတို့ နဲ့ အတူ ပြင်သစ်တပ်မတော်မှအရာရှိများလည်းပါဝင်လာတယ်။ သူတို့ဟာပင်တဂွန်စစ်ဌာနချုပ်နဲ့ တိုက်ရိုက် ညွန်ကြားမှုအောက်မှာရှိနေတယ်လို့ သိရတယ်။
သူတို့ ဟာ မဲဆောက်လေဆိပ်ကို သူတို့ လေဆိပ်သဖွယ် အသုံးပြုနေ နိင်တယ်။ လေယဉ်အတက်အဆင်း စမ်းသပ်မှုများအကြိမ်ကြိမ်ပြုလုပ်နေကြတယ်။ ရဟတ်ယဉ်သံများနဲ့ မဲဆောက်မြို့ တခုလုံးဟာ သိမ့်သိမ့်တုန်နေပါတယ်။ ထူးဆန်းတာကတော့ ထိုင်းအစိုးရ က ဒီအခြေအနေတွေကို လိုလိုလားလားရှိပုံရတယ်။ ထိုင်းတွေကတော့ အမေရိကန် စစ်သားတွေနဲ့ အတူ လိုက်ပါခြင်းမရှိဘူး။
အမေရိကန်တွေလွတ်လပ်စွာ သွားလာလှုပ်ရှားနေကြတယ်။ မဲဆောက်မြို့ ရှိမြန်မာများက အမေရိကန်တပ်တွေအမြန်ဆုံးဝင်ပေးပါဆိုတဲ့ တောင်းဆိုလှုပ်ရှားမှုတခု ဒီနေ့ ဖြစ်ပွားခဲ့တယ်။






မဲဆောက်မြို့ ကိုရောက်လာတဲ့ အမေရိကန် စစ်သုံးရဟတ်ယဉ်



No comments :