Friday, 9 May 2008

စစ်အာဏာရှင် အရွယ်အစားမျိုးစုံရဲ့ယုတ်မာချက်

ပြည်တွင်းက ရင်ဖွင့်စကား

ကျနော်တို့ လမ်းထဲမှာ ပြင်စလူ က မိသားစု ရှိတယ်။ အကုန်လုံး ဆွေမျိုးတွေရော အယောက် ၂၀ ကျော်တယ်။ ညီအကိုနှစ်ယောက်ပဲ ရှင်တယ်။ ဒါတောင် စုတ်ပြတ်ပြီး ပြန်ရောက်လာတာ။ ဆေးရုံပေါ် တက်ပြေးနိုင်တဲ့သူတွေပဲ လွတ်တယ်။ နောက် အရပ်ဖက် သင်္ဘောတစ်စီးက ကယ်ဖို့လာတော့ ရှင်ကျန်တဲ့ စစ်တပ်က ဗိုလ်မှူးက ဒါ ဌာနဆိုင်ရာတွေကို လာကယ်တာ။ အရပ်သားတွေ မတက်ရဘူးဆိုပြီး တားတယ်တဲ့။ သူတို့တောင် ကျနော်တို့က တမိသားစုလုံးကုန်ပြီတဲ့။ နောက်ဆုံးလက်မခံနိုင်ရင် ပင်လယ်ထဲကန်ချခဲ့ဆိုပြီး ကုပ်ကပ်ပြီး လိုက်လာလို့ ပထမဆုံး လပွတ္တာမြို့ပေါ်ကို ရောက်တာ။ ပြီးတော့ ရန်ကုန်ကိုရောက်၊ ရန်ကုန်ကအိမ်မှာ တစ်နေ့က ဆွမ်းသွတ်တယ်။
------
သာကေတမှာ ဆီပေးတာ တစ်အိမ်ကို ဆီ နှစ်ကျပ်ခွဲသားနဲ့ ဆန် နို့ဆီဗူးတစ်လုံးတဲ့။
ပြီးတော့ စေတနာရှင်တစ်ယောက်က တစ်အိမ်ကို ဆန်တစ်ပြည်နဲ့ ငွေကျပ်ငါးထောင်ကို လိုက်လှူတာ ရယက က လာတားတယ်တဲ့။ သူတို့လက်အပ်ပါ။ သူတို့ စီစဉ်ပေးမယ်တဲ့။ အဲဒါနဲ့ အဲဒီအလှူရှင်လည်း မလှူတော့ဘဲ ပြန်သွားတယ်။
-------
ရန်ကုန်နားက မြို့နယ် တမြို့နယ်ကို လှုဖို့ ကားနဲ့သွားတာ ကားနားကို ကြံ့ဖွတ်တွေက အတင်းကပ်လာပြီး သူတို့က တဆင့်ပဲ လှုမယ်၊ သူတို့နဲ့ လှုမှ ရမယ် ဆိုတာ လုပ်တော့ အလှုရှင်တွေက သတ္တိကောင်းကောင်းနဲ့ ကန်ချတော့ ဒီတိုင်း ကျန်ခဲ့တယ်တဲ့။ တကယ် အဲဒီလို လုပ်ရင်လဲ သူတို့ ဘာမှ မလုပ်ရဲဘူး ဆိုတာ သက်သေပြလိုက်တာပဲ။ နောက် လူချင်တဲ့ လူတွေလဲ ဒီလိုပဲ ကိုယ်လှုချင်သလို လှုမယ် လာမရှုပ်ကြပါနဲ့လို့ ပြောပြီး ဆက်လုပ်စရာရှိတာ လုပ်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။

1 comment :

TTT said...

Everyone should be courageous now. This is a time that everything is out of the hand of the government. Do not accept any commend from the USDA: this is just a organized crime.

To survive now, everyone should be united and show your courage. Because more dangers are coming soon....be ready.