Sunday 11 May 2008

ကြပ်ပြေးမှာ အထိတ်တလှန့် ဖြစ်နေပြီ



ကြပ်ပြေး နေပြည်တော်တွင် အမေရိကန်တပ်များ ၀င်လာရင် ဗုံးကြဲ တိုက်ခိုက်တော့မည်ဟုသောသတင်းများပြန့် နှံလျက်ရှိတယ်။
တချို့ ရွာသားများနှင့် ၀န်ထမ်းများ စိုးရိမ်ပူပင်စွာဖြင့်စတင်ထွက်ပြေးနေကြောင်းသတင်းရရှိပါသည်။ ကြပ်ပြေးရှိ ၀န်ထမ်းများ
အခုလို စိုရိမ်သောက ဖြစ်ရတဲ့အကြောင်းကတော့ ရက်ပေါင်းများစွာပုံအောင်းနေတဲ့ သန်းရွေ ပုံ ကို ခြေခံဥပဒေဆန္ခခံယူပွဲ မဲ ထွက်အပေးမှာ တီဗွီကတဆင့်တွေ လိုက်ကြရသောကြောင့်ဖြစ်တယ်။ တီဗီ မှာ မြင်ရတဲ့သန်းရွေပုံက လမ်းကိုကောင်းကောင်းမလျောက်နိင်တော့ဘူး။ မျက်နာတခုလုံး သွေးမရှိတော့ပဲ ဖြူဖတ်ဖြူရောဖြစ်နေတာကိုတွေ့ ရတယ်။
ဒါကို လူတွေက သန်းရွေ သွေးပျက်နေပြီ။ အမေရိကန် ရေတပ်က၀င်ရောက်တိုက်ခိုက်မှာသေချာပြီလို့ ယူဆလာသောကြောင့်ဖြစ်တယ်လို့  ကြပ်ပြေးမှထွက်ပြေးလာတဲ့ ၀န်ထမ်းတဦးက ပြောပါတယ်။
ကြပ်ပြေးမှာ ညစဉ် ပျော်ပွဲရွင်ပွဲများ ကာရာအိုကေများနဲ့ စည်းကားသယောင်လုပ်ထားကြတယ်။

ကြပ်ပြေးအခြေအနေက အင်္ဂလိပ်တွေဝင်ခါနီး မန္တလေးကဲ့သို့ ဖြစ်နေပါတယ်။ အလွန်ညံဖျင်းလှတဲ့ သီပေါမင်းက အင်္ဂလိပ်တွေ ကျူးကျော်လာမဲ့ အခြေအနေကိုမှန်ကိုမတွက်မိပဲ ပြည်သူချစ်တဲ့ အရည်အချင်းရှိတဲ့မင်းသားတွေကိုသတ်ဖြတ် ပြီး တက်လာခဲ့ပြီးနောက် ပျော်ပွဲရွင်ပွဲတွေကို ပြုလုပ်ပြီးပြည်သူတွေကို အာရုံပြောင်းအောင် လုပ်ခဲ့ဘူးတယ်။ အခြေအနေ နစ်ခုက ထပ်တူဖြစ်နေတယ်လို့ လူတွေပြောနေပါတယ်။






Summary

Rest of your post

3 comments :

မသိဘူး said...

ကိုမိုးသီးရေ

ကြေးစည်သံတောင် သူတို့ ကြားရမှာ မဟုတ်ဘူး..
အမျှပေးတာကို ထိုက်တဲ့သူတွေမဟုတ်လို့ 

ကြောင်ချေးစကားကို ခဏယူသုံးလိုက်မယ်..
နအဖ ရေ...
ရေလေးဘာလေးသောက်..အမျှ.. အမျှ..အမျှ..နောင်ဝေေ၀ဝေ

မသိဘူး said...

ကိုမိုးသီးရေ

ကြေးစည်သံတောင် ကြားနိုင်မှာမဟုတ်ဘူး.. အမျှဝေတာ ကို ခံထိုက်တဲ့ သူတွေ မဟုတ်လို့ ..

ကြောင်ချေးစကားလေး ခဏယူသုံးလိုက်မယ်..

နအဖ..ရေ..

ရေလေးဘာလေးသောက်... အမျှ..အမျှ..အမျှ... နောင်..ဝေေ၀ဝေ..

TTT said...

Hi Ko Moe Thee, read the detail here. http://www.burmaunited.blogspot.com/