Monday, 5 May 2008
သေဆုံးသူ က ဆူနာမီထက်များ နိင်တယ်။
သေဆုံးသူဦးရေက သောင်းနဲ့ ချီကျော်နိင်ပါတယ်။ စီအန်အန်က တသောင်းကျော်လို့ ခန့် မှန်းပါတယ်။
နောက်ဆုံ မြန်မာအသံကြေညာချက်အရ လပွ တ္တာ မြို့ တခုတည်းတွင် သေဆုံးသူဦးရေ တစ်သောင်းကျော်ရှိကြောင်းသိရပါတယ်။ သတင်းပါအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းကြောင့် ယခုရရှိသော ထိခိုက်သေဆုံးမှာ အိမ်မဲမြို့တွင် ၂ ဦး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သေဆုံး ၁၈၃၅ ဦးနှင့် ပျောက်ဆုံး ၂၁၈၇ ဦး၊ ဘိုကလေးမြို့နယ်တွင် သေဆုံး ၂၀ ဦး၊ ဟိုင်းကြီးကျွန်းမြို့နယ်တွင် သေဆုံး ၉၇၆ ဦး၊ အမာမြို့နယ်တွင် သေဆုံး ၂၅၃ ဦးနှင့် ပျောက်ဆုံး ၁၆ ဦး၊ ဒေးဒရဲမြို့နယ်တွင် သေဆုံး ၇၈၉ ဦးနှင့် ပျောက်ဆုံး ၁၇၂ ဦး၊ ဖျာပုံမြို့နယ်တွင် သေဆုံး ၅ ဦးနှင့် ဒဏ်ရာရ ၄၁ ဦး၊ ရန်ကုန်ဆင်ခြေဖုံးတွင် သေဆုံး ၁၉ ဦးနှင့် ပျောက်ဆုံး ၄ ဦး၊ ကွမ်းခြံကုန်းမြို့နယ်တွင် သေဆုံး ၄၀ ဦးနှင့် ပျောက်ဆုံး ၅၀၀ ဦး၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် စုစုပေါင်း သေဆုံး ၃၉၃၉ ဦး၊ ဒဏ်ရာရ ၄၁ ဦးနှင့် ပျောက်ဆုံး ၂၈၇၉ ဦးတို့ ဖြစ်ပြီး ဘိုကလေးမြို့တွင် သေဆုံးသူ သောင်းဂဏန်းနှင့် လပွတ္တာမြို့နယ်တွင် သေဆုံးသူ ထောင်ဂဏန်းတို့ ရှိနိုင်သဖြင့် ဆက်လက်စုံစမ်းနေကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညနေ ၆ နာရီ သတင်းမှာ ထုတ်လွှင့်သွားပါတယ်။
at 11:48
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment