Friday 9 May 2008

ကျိန်စာသင့်နေသော အခြေခံဥပဒေ

သင်တို့ရဲ့ မဲဆန္ဒ ခံယူပွဲ ဟာ သိန်းပေါင်းများစွာသော သေဆုံးသွားသူတွေရဲ့ နာကျည်းချက် ကျိန်စာ သင့်နေတဲ့မဲဆန္ဒခံယူပွဲဖြစ်တယ်။ သင်တို့ နအဖနဲ့ အပေါင်းပါများ အားလုံးဟာ အပြစ်မဲ့ ပြည်သူ လူထုနဲ့ ရဟန်းသံဃာတော်များကိုပါမက သင်တို့ရဲ့ ရဲဘော်ရဲဘက်များဖြစ်တဲ့
ရေတပ်မတော်နဲ့ မုန်တိုင်းမိဒေသက တပ်ရင်းတပ်ဖွဲ့တွေကိုပါ ရက်စက်ယုတ်မာစွာ ရဲဘော်ရဲဘက်စိတ်ကင်းစွာ သွေးအေးအေးနဲ့ ပစ်ထားရက်သူတွေဖြစ်တယ်။

လူသားသမိုင်းမှာ အရက်စက်ဆုံးဖြစ်ခဲ့တဲ့ ဟစ်တလာလို ဖက်ဆစ် စစ်အာဏာရှင် တယောက်တောင် သူ့သွေးသား သူ့ လူမျိုးတွေအပေါ်မှာ သင်တို့လိုမရက်စက်ခဲ့ဘူး။

သင်တို့ဟာကမ္ဘောဒီးယားနိုင်ငံခမာနီခေါင်းဆောင်ပိုပေါ့လိုလူစိတ်ကင်းမဲ့ပြီးယုတ်မာရက်စက်တဲ့သူတွေဖြစ်တယ်။ သင်တို့ရဲ့ယုတ်မာရက်စက်မှုတွေဟာ လူသားသမိုင်းမှာ အရိုင်းဆုံး အယုတ်ဆုံးအပက်စက်ဆုံးလုပ်ရပ်တစ်ခုဖြစ်တယ်။

ကမ္ဘာ့အလည်မှာ မြန်မာလူမျိုးဆိုတာ လူသားထက်အဆင့်နိမ့်တဲ့ ခိုင်းရင်လုပ်၊ ရိုက်ရင်ခံ၊ သတ်ရင်သေ ရမယ်ဆိုတဲ့ဘ၀တွေနဲ့ ရှင်သန်နေရတဲ့သတ္တ၀ါတွေဖြစ်သွားအောင် ဘယ်လိုအာဏာရှင်၊ဘယ်လိုဓါးပြ၊ ဘယ်လိုမုဒိန်းကောင်ကမှ မယှဉ်သာအောင် ယုတ်မာမှုနဲ့ မြန်မာလူမျိုးတွေကို ဘ၀ဖျက်သူတွေဖြစ်တယ်။

မြန်မာတိုင်းရင်းသားတွေဟာ ဘယ်ဘာသာဝင်တွေဖြစ်ဖြစ် ရိုသေကျိုးနွံ ရိုးသားအားနာ တတ်တဲ့လူမျိုးတွေကျေးဇူးသိတတ်တဲ့လူမျိုးတွေဖြစ်တယ်။ အဲဒီအပြစ်မဲ့တဲ့လူမျိုးစုတွေအားလုံးအပေါ်သင်တို့ရဲ့ ယုတ်မာရက်စက်မှုဟာ ဘယ်လို ဘုရားမျိုးကမှ ခွင့်မလွှတ်နိုင်တဲ့ပြစ်မှုတစ်ခုဖြစ်တယ်။

သင်တို့ဆက်လက် သက်ဆိုးရှည် အုပ်ချုပ် အနိုင်ကျင့်မင်းဧကရာဇ်လုပ်ဖို့အတွက် အာမခံချက်ပေးမယ်လို့ယူဆ ယုံကြည်တဲ့ ဆန္ဒခံယူပွဲကထွက်လာတဲ့ ဘယ်လိုရလာဒ်မဆို ရလာဒ်တိုင်းဟာ သင်တို့အတွက် ကမ္ဘာ့အထက်မြက်ဆုံးကျိန်စာဆိုးကြီး အရှိန်အဟုန်အပြင်းဆုံး အမြန်နှုန်းနဲ့ အစွမ်းပြဒဏ်ခတ် မှုတွေ ရဲ့ စတင်ခြင်းဖြစ်တယ်။

ဒီနေရာက ကျွန်ုပ် ဆန္ဒပြုအပ်ပါတယ်။ သင်တို့ ရဲ့ ဆိုင်ရာ ဆိုင်ရာ မိသားစု လုံးကျွတ် မျိုးဆက်အားလုံး ယခုသေသွားသော ပြည်သူများလို အဆုံးစွန်ဆုံးကြောက်လန့်မှုတွေနဲ့  ကမ္ဘာ့မြေပေါ်ကလုံးဝဥသုန် ပျောက်ဆုံးပျက်သုန်း မပျောက်ကွယ်သွားခင် ကာလလေးမှာ သင်တို့ နောင်တရပြုပြင်နိုင်ကြပါစေ။

ကိုမွှေး

http://hmway.blogspot.com

No comments :