Monday, 5 May 2008

မုန်တိုင်းသတင်း များ


လူတသောင်းကျော်သေဆုံးလိမ့်မယ်လို့  စီအန်အန်က ခန့် မှန်းပါတယ်။ အခုလေးဘဲဝင်လာတဲ့ ဆင်ဟွာသတင်းအရ ရန်ကုန်နှင့် ဧရာဝတီတိုင်းမှာတင်သေဆုံးတဲ့ဦးရေဟာ ၁၅,၀၀၀ ရှိသွားပါပြီလို့ အတည်ပြု ပြောသွားပါတယ်။ ဒီလိုလူအမြောက်အများသေဆုံးခဲ့ရမူ့ အဓိက အကြောင်းအရင်းကတော့.......

  • အသက်ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်မူ့ မပြုလုပ်ခဲ့ဘ၊ဲ ဆန္ဒခံယူပွဲ မှာ ထောက်ခံမဲရရှိဖို့ ကိုသာဦးစားပေးပြုလုပ် နေမူ့၊
  • ထိုင်းဝန်ကြီးချူပ် ရဲ့ ညစာစားပွဲဟာ မြန်မာပြည်သူ သောင်းပေါင်းများစွာရဲ့ အသက်ထက်ပိုမိုအရေးကြီးမူ့၊
  • ညံ့ ဖျင်းသော ခေါင်းဆောင်မူ့ ( မုန်တိုင်းလာမှာ သိသောငြားလည်း၊ ဘာလုပ်ရမှန်းမသိ သောလူသတ်အစိုးရတို့၏အရည်အချင်း) တို့ကြောင့်ဖြစ်ပါတယ်။
နယူးယောက်မြို့ရောက် နအဖ သံတမန်တဦးက ဒို့ မြန်မာတွေလည်း ကံဆိုးလွန်းပါတယ်။ မုန်တိုင်းက နေပြည်တော်ကို ၀င်မွေလိုက်ပါတော့လား ဟု ပြောကြားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ကိုတောင်သိရက်နှင့် ပြည်သူရဲ့ အသက် အိုးအိမ်ကြို တင် မကာကွယ်ပေးနိုင်ရင်၊ ဒီညံ့ ဖျင်းတဲ့လူသတ်စစ်အစိုးရဟာ တိုင်ပြည်ကို ဘယ်လိုမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

ပြည်သူတွေကတော့ဒီစစ်အာဏာရှင်တွေရဲ့အရည်အချင်းကောင်းကောင်းသိနေပြီ။




Rest of your post

No comments :