Thursday, 8 May 2008

နအဖ ခေါင်းဆောင်တွေကြားသဘောထားကွဲမှုတွေစတင်

နိင်ငံတကာ အကူညီတချို့ စတင်ရရှိနေတယ်ဆိုပေမဲ့ နည်းတာရယ်။ နှေးတာရယ် အပျက်ဆီးက အဆမတန်ကြီးမားတာရယ်ကြောင့် အမေရိကန်အကူညီကိုလက်ခံရေးမခံရေးနဲ့ ပတ်သက်ပြီး သန်းရွေနဲ့  ရွေမန်းတို့  စတင်သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာနေတယ်လို့ သိရပါတယ်။

အထူးသဖြင့် ရောဝတီတိုင်းတိုင်းမှုးက ဟန်ပြကူညီမှုတွေကြောင့်အခြေအနေကိုပုံမှန်ရောက်အောင် ထိမ်းသိမ်း နိင်မှာမဟုတ်ပဲပေါက်ကွဲမှုတွေဖြစ်လာနိင်တယ်လို့ ထောက်ပြတယ်လို့ ဆိုတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ တပ်မတော်သားမိသားစုများပါ မုန်းတိုင်းဒဏ်ကိုခံစားလိုက်ရလို့ ဖြစ်ပါတယ်။ မဖြစ်ညစ်ကျယ်လုပ်နေတဲ့ ကောင်းစားနေတဲ့ ကြံဖွတ်နဲ့  စွမ်းအားရှင်တွေကို တပ်မတော်သားတချို့ က အမြင်မကြည်ဖြစ်နေတယ်လို့ သိရတယ်။

No comments :