Wednesday, 21 May 2008

Cylone: Threating Food Security in Burma



By: ko Hoke Gyi

မြန်မာနိုင်ငံ၏ ဆန်အထွက်နှုန်းမှာ မိုးစပါးနှင့် နွေစပါး ပေါင်းလျှင် တင်းသန်းပေါင်း (၁၈၀)ခန့်သာရှိပါသည်။
မူလကပင် ပြည်တွင်းဆန်လိုအပ်ချက်မပြည့်စုံပါ။နိုင်ငံခြားသို့လည်းဆန်အမြောက်အမြားနှစ်စဉ်ရောင်းချပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဆန်ဈေးကွက်မှာ နှစ်စဉ် ဈေးတက်ပါသည်။ နာဂစ် လေမုန်တိုင်းကြောင့် ယခုနှစ်တွင် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွင် သိုလှောင်ထားရှိသော ဆန်နှင့် စပါးများစွာပျက်စီးခြင်း၊ လယ်ယာမြေများ ရေလွှမ်းမိုးခြင်း၊ ပင်လယ်ဆားငံရေ၀င်ခြင်း၊ ကျွဲနွားနှင့် လယ်သမားများစွာ သေဆုံးခြင်းကြောင့် စပါးထွက်ရှိမှု ပမာဏ များစွာ ကျဆင်းမည်ဖြစ်ပါသည်။


ယခု နာဂစ်လေမုန်တိုင်းအပြီး တပ်မတော်သည် ရိတ်ခါများကို အခြားနယ်များတွင် အလုံးအရင်းဖြင့် စုဆောင်းနေပါသည်။ယခုပင် ဆန်ဈေးနှုန်းမှာ ဆန်ကြမ်း (၁) ပြည် ၉၀၀ ကျပ် ရှိပြီး ဆန်ချော (၁) ပြည်ကို ၁၂၀၀ိ/- မှ ၁၅၀၀ိ/-ကျပ် ဖြစ်နေပါသည်။ ယခင်က အခွန်လွတ်ဈေးတွင် ၄၀၀ိ/-နှင့် ရောင်းချသော ဆန်များသည် ယခုအခါ ၉၀၀ိ/- ကျပ်နှင့် ရောင်းချနေပါသည်။ ကြက်၊ ဆိတ်၊ နွား၊ ၀က်၊ သားငါး ပုဇွန်များနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ အားလုံး ပျက်စီးသွားပါသည်။ ဘုရင့်နောင်ပွဲရုံများတွင် အာလူးများသည် ရှမ်းပြည်နယ် အခြားပြည်နယ်များမှ ၀င်ရောက်ခြင်းမရှိတော့ပါ။ မကြာမီအချိန်အတွင်း မြန်မာနိုင်ငံရှိပြည်သူလူထုသည် ဆန်နှင့် အခြား အခက်အခဲများကြောင့် အငတ်ဘေးကြီး၊ ရောဂါကပ်ဆိုးဘေးကြီး တို့နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။
By: ko Hoke Gyi

No comments :