Wednesday, 28 May 2008

အမေရိကန်ရေတပ်ပြန်လှည့်ဖို့ စဉ်းစားနေပြီ။ ဘာဆက်လုပ်ကြမလဲ?

Good Luck Burma US commander: Navy ships likely to leave Myanmar
By ROBERT BURNS – 4 hours ago
WASHINGTON (AP) — The senior commander of U.S. forces in the Pacific says the Navy probably will withdraw a group of naval vessels from waters off the coast of Myanmar within days unless the government allows the ships to offload their relief supplies for cyclone victims.


ပစ္စိဖိတ်ဒေသရဲ့  ရေတပ်ဗိုလ်ချုပ်ကြီး က နအဖက ၀င်ခွင့်မပြုဘူးဆိုရင် သူရဲ့ သင်္ဘောတွေ ပြန်လှည့့်လာကောင်းလာရတော့မယ်လို့  ဆိုပါတယ်။ ရေတပ်ဗိုလ်ချုပ်ကြီး တင်မိုးသီ ကိတ်တင်း ဟာကာကွယ်ရေး
ဝန်ကြီး ရောဘတ်ဂိတ်နဲ့ ဒီအပတ်ထဲမှာတွေ့ပြီးဒီကိစ္စကိုဆုံးဖြတ်ကြဖို့ရှိနေပါတယ်။ အမေရိကန်ရေတပ်တွေ ပြန်လှည့်သွားရင်တော့ ဒုက္ခသည်များကိုကယ်တင်ရေးနဲ့  ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စဟာ အလားအလာအလွန်နည်းသွားတော့မှာဖြစ်ပါတယ်။ သဘောင်္ပေါ်မှာလူတသောင်းကျော်ပါလာတယ်။ သူတို့ ဟာ သဘောင်္ပေါ်မှာသုံးပတ်နီးပါးစောင့်ဆိုင်းနေခဲ့ကြတယ်။ မိုင်ပေါင်းတသောင်းကျော်ကသူတို့ ကူညီဖို့ လာခဲ့ပေမဲ့ ကျနော်တို့ က ခြေတလှမ်းထပြီး မလှမ်းနိင်တာတော့ ၀မ်းနည်းစရာကောင်းတယ်။ မုန်းတိုင်းဖြစ်ပြီးပြီးခြင်းမှာ သူတို့ ဝင်ရောက်ကူညီနိုင်ဖို့လှုပ်ရှားမှုကိုကျနော်တို့ လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်နိင်တဲ့သူတွေအများစုက ကယ်ဆယ်ရေးလုပ်ငန်းတွေထဲမှာ စုပြုံ သွားတယ်။ အရေးကြီးတဲ့နိင်ငံရေးလှုပ်ရှားမှုကြီးကိုလုပ်ဆောင်ဖို့ မေ့ နေကြတယ်။ ပြင်သစ်စစ်သဘောင်္ကတော့လှည့်ပြန်သွားပြီ။ အမေရိကန်တွေပဲကျန်တော့တယ်။ သူတို့ လည်း မကြာခင်လှည့် ပြန်တော့မယ်။
၈၈ တုံးကလည်း အမေရိကန်ရေတပ်သဘောင်္ မြန်မာရေပိုင်နက်ထဲကိုဝင်ရောက်လာဘူးပါတယ်။ဒီတုံးကလည်း အခွင့်အလမ်းကိုအသုံးမချနိင်ခဲ့ကြပါဘူး။ ဒါဟာ ဒုတိယအကြိမ် မြန်မာတွေရတဲ့အခွင့်အလမ်းပါ။ ဒီသင်္ဘောပေါ်မှာ စားနပ်ရိက္ခာတွေပါတယ်။
အပြောင်းအလဲဖြစ်နိင်တဲ့အခွင့်အလမ်းတွေပါ ပါလာပါတယ်။ ဒီအခွင့်အလမ်းကြီးကိုမေ့ ပြီး ရှိစုမဲ့စုပိုက်ဆံတွေကောက်၊အကန့် အသတ်တွေဒီလောက်လုပ်နေတဲ့ကြားတဲ့ကအဖမ်းခံပြီး မစို့မပို့ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်နေတဲ့ ကျနော်တို့ မြန်မာ တွေကိုလည်းအံ့သြမိတယ်။

တကယ်လုပ်ရမဲ့ သေရေးရှင်ရေးလုပ်ငန်းက သဘောင်္တွေ မြန်မာကမ်းခြေကိုရောက်လာအောင် ပြည်တွင်းမှာ လူထုလှုပ်ရှားမှုကြီးကိုလုပ်ကြရမှာ။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီစစ်သဘောင်္တွေပေါ်မှာ အစားသောက် ( Food) တွင်မကဘူး၊ နအဖလက်အောက်ကလွတ်မြောက်ရေး(Freedom )က Hidden Gift အဖြစ်ပါလာလို့ ပါပဲ။ ဒါကြောင့်နအဖက အကြောက်အကန် ငြင်းဆန်နေတာဖြစ်ပါတယ်။

အခြေအနေက တကယ်ကိုစိတ်ပျက်စရာကောင်းလှပါတယ်။ အမေရိကန်တွေ က မိုင်သောင်းနဲ့ ချီပြီး
ဝေးတဲ့နေရာက လာခဲ့ပြီ။ ကျနော်တို့ ခြေတလှမ်းပဲလှမ်းရမှာပါ။ သူတို့လူတသောင်းသဘောင်္ပေါ်မှာ နေစဉ်အကျဉ်းကျနေသလိုဖြစ်နေတယ်။
အမေရိကန်သံရုံးထဲမှာလည်း သံအမူထမ်းတွေရော မုန်းတိုင်းမကျခင်ထဲက ကမ္ဘာလှည့် ခရီးသည်တွေအဖြစ်နဲ့ ရောက်နေတဲ့  သူတွေကို သံရုံးထဲမှာ ခေါ်ထားတာ သုံးပတ်ကျော်သွားပြီလို့ သိရပါတယ်။ သံရုံးထဲမှာပိတ်မိနေတဲ့ရိုးရိုး အရပ်သားအမေရိကန်တွေကို အမေရိကန်သံရုံးက ပြန်မလွှတ်သေးပဲ မရိမ်းတပ်တွေနဲ့ အတူပြန်ရမှာပါလို့ ပြောထားကြောင်းလည်းသိရပါတယ်ခင်ဗျား။

အခွင့်အလမ်းကိုအသုံးချတတ်ပါစေ၊
မြန်မာတွေ အဓိကနဲ့ သာမည ကိုခွဲခြားသိနိင်ပါစေ။




Rest of your post



4 comments :

khinmaungmyo said...

ko moe thee,why don't you gave to some advice to all refugee from myanmar to go to navy ships.so they'll do for myanmar refugee .now they can't do nothing about current problem.this is the only way,you can say.if some groups go to navy ships ,good for us .angelay from canada.

TTT said...

Ko Moe Thee,

I don't want to upset you, but read an article in Khitpyaing.org, written by Sein Kyaw Hlaing.

I understand your feeling, everyone felt the same thing, but Burmese are not that type I believe. Or their black megic is still working very well.

Unknown said...

Ko Moe Thee
I admired your work in 88 very much. So I even joined your party with pride as a 88 uni-student.But I totally disagreed with this issue. People inside Burma are trying to help flood-victims as much as they can efford since the stupid army ignores. You should appreciated their efford.I got your point of frustration but people in Delta area are dying without help from ordinary people.Please take your word back by respecting their merit. Thanks.
NB Dont even think that I am an army thug. No way I would support brainless army.

FreedomFighter88 said...

ဆက်လုပ်စရာကတခုပဲရှိတယ် ပြည်သူတွေကသေမထူးနေမထူးဘ၀ရောက်နေပြီလမ်းကဆုံးနေပြီ ဒီတော့ကာအမေရိကန်တွေကိုဖိတ်ခေါ်ပြီးနအဖကိုအ
ပြုတ်တိုက်ရမယ် ဒါနောက်ဆုံးတိုက်ပွဲပဲ အဲဒါမှမလုပ်နိုင်
ရင်တော့ Hopeless Helpless ဘ၀နဲ့ စစ်ဖိနပ်အောက်မှာ
အသက်ဆက်ပျောက်နေမှာပဲ၊ အဲဒီနအဖဆိုတဲ့ လက်တဆုပ်စာခွေးသူခိုးတွေကိုလုံးဝကြောက်စရာမလိုဘူး။ ဒီကောင်တွေကသူများကိုသာ
သတ်ရဲတာ လုံးဝသေရဲတဲ့သူတွေမဟုတ်ဘူး ဒီကောင်
တွေကိုအပြုတ်လုံးဝတိုက်နိုင်တယ်။ ပြည်သူတွေကဒီ
တကြိမ်မှာရာဇ၀င်တွင်လောက်အောင်သတ္တိရှိရမယ်
သူတို့ လိုအပ်တာဒါပဲ။