အမေရိကန်၊ပြင်သစ်နဲ့ဗြိတိန်နိုင်ငံတို့ရဲ့ ကယ်ဆယ်ရေးသင်္ဘောတွေ နာဂစ်မုန်တိုင်းဒဏ်
ခံခဲ့ရတဲ့မြစ်ဝကျွန်းပေါ်ဒေသနဲ့ အနီးဆုံးရောက်ရှိနေချိန်မှာ နအဖစစ်အစိုးရဟာအာဆီယံ
အဖွဲ့ကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။
နအဖစစ်အစိုးရဟာအနောက်နိုင်ငံကြီးတွေရဲ့ တိုက်ရိုက်ဝင်ရောက်ကူညီမှုကိုသူတို့ရဲ့ 
အာဏာတည်မြဲရေး၊သူတို့ရဲ့ မိသားစုလုံခြုံရေးအကြောင်းပြချက်သက်သက်နဲ့ဘေး
အန္တရယ်ကျရောက်နေတဲ့ပြည်သူတွေကိုမျက်ကွယ်ပြုပြီးငြင်းပယ်နေတာဖြစ်တယ်။
တကယ်တော့မြစ်ဝကျွန်းပေါ်ဒေသမှာ ကျရောက်နေတဲ့ဘေးအန္တရယ်တွေနဲ့နောက်ဆက်တွဲ
ပြဿနာတွေကိုဖြေရှင်းကူညီပေးနိုင်ဖို့ ဘယ်အာဆီယံနိုင်ငံမှာမှနည်းပညာ၊ပစ္စည်းကိရိယာ၊
လူအင်အားမရှိပါဘူး။နအဖရဲ့ အချိန်ဆွဲနည်းဗျူဟာအတွက်ထောက်ပံ့ကူညီဖို့သာဖြစ်တယ်။
အငတ်ဘေး၊ရောဂါဘယဘေးကျရောက်နေတဲ့ ကျွန်တော်တို့ပြည်သူတွေအတွက်အရေးကြီး
ဆုံးဟာ အမေရိကန်၊ပြင်သစ်နဲ့ဗြိတိန်ကယ်ဆယ်ရေးသင်္ဘောတွေချက်ချင်းဝင်ရောက်ကူညီ
ရေးဖြစ်တယ်။
ဒါကြောင့်အာဆီယံနိုင်ငံတွေမှာ ရှိနေတဲ့မျိုးချစ်မြန်မာများအနေနဲ့သက်ဆိုင်ရာအစိုးရတွေကို
- ဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေကိုကူညီဖို့အတွက်ကယ်ဆယ်ရေးသင်္ဘောတွေဝင်ရောက်
ခွင့်ပြုဖို့ နအဖကိုဖိအားပေးဖို့တောင်းဆိုပါ။
- ကယ်ဆယ်ရေးသင်္ဘောတွေဝင်ရောက်လာမှာကိုတားဆီးဖို့အတွက်နအဖစစ်အစိုးရရဲ့
အသုံးချခံအဖြစ်မခံဖို့တောင်းဆိုကြပါလို့ ရွှေဝါရောင်တော်လှန်ရေးမှတိုက်တွန်းလိုက်
ရပါတယ်။
Rest of your post
No comments :
Post a Comment