Saturday, 7 June 2008

ဗိုလ်ချုပ်အောင်သိန်းလင်း နဲ့  ဗိုလ်ချုပ်လှဌေးဝင်း က အနာဂတ် တပ်မတော်ခေါင်းဆောင်တွေလား ။

ဗိုလ်ချုပ်အောင်သိန်းလင်း နဲ့  ဗိုလ်ချုပ်လှဌေးဝင်း က အနာဂတ် တပ်မတော်ခေါင်းဆောင်တွေလား ။ လူထုဖက်က ရပ်တည်လာမှာလား

နအဖ နဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းမှာတော့ လေဘေးကူညီရေးနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေစတင်ဖြစ်ပေါ်နေတယ် လို့ သိရပါတယ်။ ဇွန်လ ၆ ရက် နေ့  က ရန်ကုန်မြို့ တော်ဝန် - အောင်သိန်းလင်း၊ ရန်ကုန်တိုင်းတိုင်းမှုး လှဌေးဝင်း နဲ့  နေပြည်တော်တိုင်းမှုး ဝေလွင် တို့ အခြေအတင်စကားများကြတယ်။ အဓိက အချက်ကတော့ လေဘေးဒုက္ခသည်တွေကူညီရေးမှာ စစ်တပ်အနေနဲ့  ထိထိရောက်လုပ်မပေးနိင်ဘူးလို့  အောင်သိန်းလင်းနဲ့ လှဌေးဝင်းကထောက်ပြတယ်လို့ သိရတယ်။ နိင်ငံတကာအကူညီတွေကို ပိုလိုခြင်တယ်။ လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်တွေလည်း ပေးသင့်တယ်လို့ ယူဆကြတယ်။

နေပြည်တော်တိုင်းမှုး ဝေလွင်ကတော့ ဗိုလ်ချုပ်သန်းရွေ လုပ်ရပ်က မှန်ကန်တယ်ဆို ပြီးမျက်လုံးစုံမှိတ်ငြင်းနေတယ်လို့ သိရတယ်။ စစ်တပ်အတွင်းမှာ တချို့ဗိုလ်ချုပ်တွေက လေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေဟာ စိုးရိမ်စရာကောင်းတဲ့အခြေအနေမှာရှိနေတယ်။ အမြန်ကယ်တင်မှုတွေမလုပ်နိင်ရင် လူထုလှုပ်ရှားမှုတွေကစစ်တပ်ထဲမှာပါအကွဲအပြဲတွေဖြစ်လာနိင်မှာကို စိုးရိမ်နေကြပါတယ်။ စစ်တပ်ထဲ မှခေါင်းဆောင်တွေအနေနဲ့ ဒီအချိန်ဟာ တိုင်းပြည်အကျိုးကိုတကယ်ထိထိရောက်ရောက်လုပ်ဖို့ လိုနေပြီဆိုတာကိုတော့ စတင်စဉ်းစားတွေးခေါ်မှုတွေဖြစ်လာနေပါတယ်။ ကျနော်တို့ ဖက်က လုပ်သင့်တာကတော့
ပြုပြင်ပြောင်းလဲမှုကိုလိုလားတဲ့ တပ်မတော်ထဲကခေါင်းဆောင်တွေကို လက်ကမ်းကြိုဆိုနိင်ဖို့ 
လိုတယ်။ နောက်တခုက တပ်မတော်ထဲကခေါင်းဆောင်တွေက သူတို့ အနေနဲ့ လူထုဖက်ကို
ပြောင်းလဲရပ်တည်လာတဲ့အချိန်မှာ လူထုက သူတို့ နောက်မှာ အခိုင်အမာရှိနေမယ်ဆိုတာကို ပြသဖို့ လိုပါတယ်။ ကျနော်တို့ လုပ်နိင်တဲ့ တပ်မတော်ကိုစည်းရုံးရေးလှုပ်ရှားမှုကတော့
တပ်မတော်သားတွေကိုတယ်လီဖုန်းတွေခေါ်ပြီးလက်ရှိအခြေအနေတွေကိုရှင်းလင်းပြီးစည်းရုံးသင့်ပါတယ်။

တယ်လီဖုန်းနံပါတ်တွေဘယ်ကရမလဲ?

Yellow Pages လို့ ခေါ်တဲ့ တယ်လီဖုန်း စာအုပ် ထဲမှာ တပ်မတော်သားတွေရဲ့ တယ်လီဖုန်းနံပါတ်တွေအများကြီးရှိနေပါတယ်။
ဗိုလ်ကြီးကို Cap. ဗိုလ်မှုးကို Maj. ဗိုလ်မှုးကြီးကို Col. ဗိုလ်ချုပ်ကို Gen. စသဖြင့်ရေးထားတာကိုတွေရပါလိမ့်မယ်။ ဒီနံပါတ်တွေကို အားလပ်ချိန်တွေမှာ တယ်လီဖုန်းနဲ့ ခေါ်ပြီး စည်းရုံးသင့်ပါတယ်။ Myanmar Yellow Pages အင်တာနက်လိပ်စာတွေကိုအောက်မှာ
ဖေါ်ပြပေးလိုက်ပါတယ်။

http://www.myanmardirectory.net/index.php

http://www.myanmars.net/yellowpages/

http://www.myanmaryellowpages.biz/

http://www.myanmar-yellowpages.com/yellow_pages/

http://www.myanmarteldir.com/




Rest of your post

1 comment :

mg said...

သူတို့ကွဲတယ်ဆိုတာ ရိုးနေတဲ့ ပျက်လုံးတပုဒ်ပါပဲ။
ဘယ်သူခွဲခွဲ ဒို့မကွဲ ဆိုတာသူတို့ပါပဲ။