Thursday 19 June 2008

လေညင်းလေးတွေလာနေပြီ

ရန်ကုန်ဇွန် ၂၀ ရက် ။
ရန်ကုန်မြို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး ရှေ့ မှာ အဖွဲ့ ချုပ်ဝင်တွေဟာ ဒီနေ နံနက် ၁၀ နာရီခွဲခန့် မှာ စုရုံးခဲ့ကြတယ်။ စုရုံးရတဲ့အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၃ နစ်မြောက်မွေ့ နေ့ အတွက် ကောင်းမှု ကုသိုလ်ပြုလုပ်ပေးဖို့ ပါ။ ဒီချုပ်ရုံးခန်းထဲမှာ ဘုန်းကြီး တွေကို ဆွမ်းကပ်နေပါတယ်။ ကိုရီယား အမေရိကန် အင်္ဂလန် သံအမတ်တွေ တက်ရောက်ကြပါတယ်။ရုံးရှေ မှာတော့ ကြံဖွတ် တွေကိုတင်ထားတဲ့ ဒိုင်နာကားသုံးစီး၊၀ိုင်ယာလက်ကား ၃ စီးနဲ့ စစ်ကားတွေကလည်း ၀ိုင်းရံထားပါတယ်။အဖွဲ့ ချုပ်ဝင် တွေက ရုံးရှေ့ မှာစုရုံးရောက်ရှိလာပြီ။ ဒေါ်အောင်ဆန်းစုကြည် ကျမ္မာပါစေဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးစတဲ့ကြွေးကြော်သံတွေကိုတခဲနက်တိုင်လိုက်ကြပါတယ်။ရုံးရှေ့ မှာရောက်နှင့်နေပြီးဖြစ်တဲ့ ကြံဖွတ်တွေက အဖွဲ့ ချုပ်ဝင်ရဲဘော်တွေကို ဒလကြမ်းရိုက်နှက်ဖမ်းဆီးလိုက်ပါတယ်။ အဆမတန် ဖိနိပ်နေတဲ့ကြားထဲက ခုလို သတ္တိရှိရှိစုရုံလာတာဟာ အလွန် ချီးကြူးဂုဏ်ယူစရာကောင်းလှပါတယ်။ဆရာနိင်ဝင်းဆွေရဲ့ လေညင်းလေးတွေလာနေပြီဆိုတဲ့ကဗျာထဲက လို အခြေအနေတွေကတော့ပြည်သူမုန်တိုင်းကြီးမလာခင်မှာ လေပြေညင်းလေးတွေ လာနေသလို ဖြစ်နေပါပြီ။နအဖကိုအမြစ်ကပါလှန်ပစ်မယ့်ပြည်သူ့မုန်တိုင်းကြီး ပေါ်ပေါက်လာရေးအတွက် ကျနော်တို့အစွမ်းကုန်ပြင်လိုက်ကြပါစို့ ။ အဖွဲ့ ချုပ်ဝင်တွေကို ဂုဏ်ပြုကြ။ သန်းရွှေနောက်လိုက်တွေကိုဆန့်ကျင်ကြ။ ရရာလက်နက်စွဲကိုင်တော်လှန်ကြ ။ ရောက်တဲ့နေရာ က ဖြစ်တဲ့နည်းနဲ့တော်လှန်ကြ။


No comments :