မြ၀တီ
ဇွန်-၂၃။
မြ၀တီ မြို့ ရှိ မြန်မာ ကုန်သည် ကျော်ဟိန်း ဆိုတဲ့သူက ဘာမဆိုကုန်ကူးသူဖြစ်ပါတယ်
အသက်က ၅၀ ခန့် ရှိတယ်။ သူကခေတ်ပျက်သူဌေးတယောက်ပေါ့ ။
လူဝင်မှု ၊ရဲ ၊ စသုံးလုံး အက်စ်ဘီနဲ့ နယ်စပ်ကုန်သွယ်ရေးက တာဝန်ရှိသူတွေကို အိပ်ထဲကိုထည့် ထားတယ်။ သွင်းကုန် ပို့ ကုန် ဥပဒေအရ ပို့ ကုန် ပိုက်ဆံမရှိပဲနဲ့ သွင်းကုန်တင်သွင်းလို့ မရဘူး။
ဒီတော့သူက ဒေါ်လာ ၅ သိန်းပဲရှိတာကို ၅ သန်းရှိတယ်လို့ စာရင်းညာပြထားတယ်။ တိုင်းမှုးတွေ ကိုငွေနဲ့ လပ်ထိုးပြီး ၅ သန်းလုပ်ထားတာလို့ဆိုတယ်။ Myanmar Foreign Trade Bank ဘဏ်မှာ သူပိုင် ၅ သိန်းပဲရှိတာကို ၅သန်းရှိတယ်လို့ စာရင်းညာပြထားပါတယ်။
ထိုင်းနိင်ငံ ကုန်သည်တွေ ကတင်ပို့ ခြင်သမျှကိုကျော်ဟိန်းကို ဆက်သွယ်ရတယ်။ကျော်ဟိန်းက တင်ပို့ ခွင့်ပါမစ်တွေကို ရောင်းစားပါတယ်။ နိင်ငံတောက ဒေါ်လာပေါင်းများစွနစ်နာသွားတဲ့သဘောပါပဲ။
နာဂစ် မုန်တိုင်းလေဘေး အပေါ်မှာလည် မြ၀တီ ကျော်ဟိန်းက လုပ်စားလိုက်ပါသေးတယ်။
ထိုင်းဘက်ကလျူတဲ့ ကုန်ကားတွေဆိုရင် အစစ်ဆေးမရှိတော့ မြ၀တီကျော်ဟိန်းက သူကုန်းကားတွေကိုရောထည့် ပြီး အကောက်ခွန်လွတ်လုပ်သွားတယ်လို့ သိရပါတယ်။
အရေးယူဖို့ လာတဲ့သက်ဆိုင်ရာအာဏာပိုင် ဆိုသူတွေကိုတော့ လပ်ထိုးပြီးပြန်လွတ်လိုက်တယ်လို့ သိရပါတယ်။ ကုန်သည်ရေးဝန်ကြီးဌာနက ကိုလည်းလပ်ထိုးထားတယ်လို့ သိရတယ်။
Monday, 23 June 2008
Subscribe to:
Post Comments
(
Atom
)
1 comment :
This maybe the one out of many similar cases. Our country is completely gone.
Post a Comment