Tuesday, 24 June 2008

နှစ်ဖက်မြင် မှန် တချပ်



ဘာမှ မကျန်ဘူး ဟကောင်ရ
ဂွပဲ…။

“ရိုင်းတယ်”
“တော်စမ်းပါဟ…”
ရိုင်းတာထက်ကျော်တဲ့
မတော်မတည့်ယုတ်ကန်း
ဆုတ်လမ်း ကို အလောင်းနဲ့ခင်းလျှောက်တာကွ
နာဂစ်ပဲ ဘာဖြစ်လဲကွာ တဲ့
တာဝန်မဲ့ပုံက..။

သူတို့ကလဲ အင်္ဂလိပ်ကြက်ဖ
ဗိုလ်ကြက်ဖ
ကြက်ဖ ခွပ်ပွဲတွေနဲ့
ခဲလေသမျှ သဲရေကျ နေလိုက်တာ
အားပေးရတာ
ဗိုက်ကဆာပြီ
မျက်နှာကြီးနီလို့..။

နှုတ်ဆက်လိုက်ပါတယ်
အိုး နိုး….. အိုး နိုး….
မရိုးမရွ…
လုပ်ကြပါဦး
မထူးဇာတ်ခင်း ကြွက်ပျင်းသီလနဲ့
ငိုပြကြဦးမယ် နှစ်ထောင့်တစ်ဆယ်ဟဲ့….။


ကိုမွှေး


No comments :