ဇွန်လ ၁၈ရက်ရန်ကုန်၈၈လေးလုံးမျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့  ကိုတိုးကျော်လှိုင်နဲ့  ၆ယောက်ကို သန်းရွေ ခွေးအုပ်စုက ဒီနေ့ မနက် လင်းအားကြီးမှာနေအိမ်တွေမှာ ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ကိုတိုးကျော်လှိုင် နဲ့ အတူ မိန်းကလေး ၄ ယောက်လည်းအဖမ်းခံရပါတယ်။မိန်းကလေး ၄ ယောက်ထဲက တယောက်ရဲ့ အမည်ကတော့ မနီမိုလှိုင်လို့ သိရပါတယ်။အလားတူပဲ ကိုမြတ်သူနဲ့ မိန်းကလေး ၃ ယောက်ကိုလည်းဇွန်လ ၁၁ ရက်ေ န့ ကသန်းရွေခွေးတွေက ဖမ်းဆီးခဲ့ပါတယ်။ သူတို့ အားလုံးဟာ လေဘေးဒုက္ခသည်တွေကိုကူညီပံပိုးနေသူတွေဖြစ်ပြီး ဒီလိုကူညီမှုတွေကြောင့်အဓိကဖမ်းဆီးခဲ့တာလို့ သိရပါတယ်။သန်းရွေ ခွေးအုပ်စုဟာ အမိုက်ရိုင်းဆုံး၊အယုတ်မာဆုံးလုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိပါတယ်။ ကောင်းမှုကုသိုလ်ရတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်တဲ့သူတိုင်းကို ရန်သူအဖြစ်သတ်မှတ်ချေမှုန်းနေတာကိုနှစ်ပေါင်း ၂၀ လုံးလုံးကျနော်တို့ တွေ့ ခဲ့ပြီးပါပြီ။ ဒါဟာ ဘာနဲ့ တူနေသလဲဆိုတော့မြန်မာ့ လူအဖွဲ့ စည်းတခုလုံး အမှောင်ခေတ်ထဲကိုလုံးလုံးကျရောက်နေတဲ့သဘောပါပဲ။ကျနော်တို့ ဟာ သန်းရွေခွေးအုပ်စုကို ပြန်လှန်တိုက်ပွဲဝင်ခြင်းမပြုသမျှ ကျနော်တို့ ဟာ မြန်မာ့လူအဖွဲ့ စည်းအတွက်ဘယ်လို ကောင်းမှု ကုသိုလ် ရှိတဲ့လုပ်ရပ်တွေကိုလုပ်ဆောင်လို့ ရမှာမဟုတ်ဘူးဆိုတာကို ဒီနေ့ အဖမ်းခံရတဲ့ ကိုတိုးကျော်လှိုင်နဲ့ သူငယ်ချင်းတွေရဲ့ဖြစ်ရပ်ကသက်သေပြနေပါတယ်။
------------
Wednesday, 18 June 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment