သုံးသပ်သူ- (m.s)
ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့အစည်းတခုဖြစ်တဲ့ ယူနီဆက်( UNICEF) က မုန်တိုင်းတိုက်ပြီး (၁)လ အကြာမှာ မှာနားဂစ်လေဘေးဒုက္ခသည် (၁) သန်းကျော်ဟာ အခြေခံစားဝတ်နေရေး ဒုက္ခကပ်ဆိုးကြီးခံစား နေရပြီလို့ မနေ့က ဘဲတရားဝင်ပြောဆိုလိုက်ပါတယ်။
တဆက်ထဲမှာဘဲ ပြီးခဲ့တဲ့ (၁) လအတွင်း မှာ ဒီန၀တပြိတ္တာ စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ပြည်သူတွေအပေါ် ဘယ်လိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတာ မပြောပြ တက်အောင် အံ့သြမိပါတယ်လို့ ပြစ်တင်ရှုံ့ချသွားပါတယ်။
နိုင်ငံတကာ အစိုးရတွေနှင့် အကူအညီပေးရေး အဖွဲ့အစည်းအသီးသီးတွေက မြန်မာပြည်သူတွေကို အငတ်ထားနေတဲ့ အနှိုင်းမဲ့ န၀တစစ်အုပ်စုပြိတ္တာများ နှင့် တရုတ်အစိုးရ အကြား သဘာဝဘေးအန္တရယ် ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်မူ့ ကွာခြားပုံတွေကို အခုတလော နှိုင်းယှဉ်ဝေဖန်ပြောဆိုနေတာကို ဖတ်ရှု့နေကြရပါတယ်။ ဗဟိုချုပ်ကိုင်တဲ့ အာဏာရှင်အုပ်ချုပ်ရေးစနစ်ခြင်းတူပေမဲ့လည်း မိမိပြည်သူတွေ ခံစားနေရတဲ့အတိဒုက္ခတွေကိုကိုယ်ချင်းစာ သနားပြီး ရင်ဝယ်သားလို ကူညီဖြေရှင်းကိုင်တွယ်ရာမှာ တရုပ် နဲ့ မြန်မာ အာဏာရှင်တို့ ကွာခြားပုံကို ကျွန်တော်လက်လှမ်းမှီသလောက် ၊ သိသလောက်လေး မျှဝေချင်ပါတယ်။
မြေငလျှင် သဘာဝဘေးအန္တရယ်ကပ်ဆိုးကျရောက်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင်ဟာ စီချွမ် မြေငလျှင်ဒုက္ခသည်တွေဆီ မြေငလျှင်လှုပ်ပြီး မိနစ် (၉၀) အကြာမှာဘဲ လေယဉ်နဲ့သွားရောက်တွေ့ဆုံပြီး၊ တရုတ်အစိုးရအနေနှင့် ဒုက္ခသည်တွေခံစားနေရတဲ့ အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေကို အမြန်ဆုံးရရှိစေဖို့ ဂတိပြုပြောကြားသွားတယ်။
နိုင်ငံတကာရုပ်မြင်သံကြားသတင်းတွေထဲမှာ၊ သေဆုံးသူတွေကို ကယ်ဆယ်နေတဲ့ ကြား မှာ၊ ၀န်ကြီးချုပ်ဝမ်ကြားဘောင် ကို ၀မ်းနည်းကြွေကွဲစွာ ပြောဆိုကူညီနေတာတွေ့ခဲ့ရတယ်။ တရုတ်ခေါင်းဆောင်တွေ ပြောတာကိုဖတ်ကြည့်ပါ။
President Hu Jintao and Prime Minister Wen Jiabao have urged rescue workers to save lives “at any cost.”
တရုတ်အစိုးရက သူ့ရဲ့ ပြည်သူတွေအပေါ် ကူညီခဲ့တဲ့ အကူအညီတွေကိုလေ့လာကြည့်ယင်…
- နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေနှင့် ကျွမ်းကျင်သူတွေဆီက အကူအညီတွေကို အမြန်ဆုံးပေးဘို့တောင်းခံခဲ့တယ်။
- ဒုက္ခသည်တွေကို အစိုးရမှ ပထမအဆင့်နေဖြင့်အရေးပေါ် ကူညီဖို့ ဒေါ်လာ (၁၀) ဘီလီယံ သုံးစွဲသွားမယ်လို့ပြောသွားတယ်။
- မြေငလျှင်ကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသော လူ(၄.၈) သန်းအပါအ၀င်၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသော ဒုက္ခသည် (၁၀) သန်း နီးပါးကိုအစိုးရက တလ (၄၂)ဒေါ်လာ၊ အနည်းဆုံး (၃) လ ထိ ဆက်လက်ထောက်ပံ့ သွားဖို့ဂတိပြု ပြီးတရားဝင် ကျေညာချက် ထုတ်ပြန်ခဲ့တယ်။ ဖတ်ကြည့်ပါ။
“With 10 million people in need of food, Prime Minister Wen Jiabao announced that Beijing would give quake survivors $42 a month for at least three months. The average monthly salary is about $50 in rural China and more than triple that in urban areas, according to the National Bureau of Statistics of China.”
- သေဆုံးသွားသူများအတွက် သေဆုံးသွားသောမိသားစုဝင်များအား ဒေါ်လာ ၇၀၀ ထောက်ပံ့ပေးခဲ့တယ်။
- မိသားစုတစုကို ဆန်ကီလို ၅၀ တအိတ်နှင့်ရေသန့်ဗူး များကိုနေ့စဉ်ဝေမျှပေးပါတယ်။
- ငလျှင် ဒုက္ခသည်များ အစိုးရဘဏ်တွေမှာချေးထားသောငွေများကို ပြန်လည်ပေးဆပ်ရန်မလို တော့ကြောင်းအစိုးရကကျေညာခဲ့ပါတယ်။
- ကယ်ဆယ်ရေး နှင့် နိုင်ငံတကာအကူအညီပေးရေး လုပ်ငန်းများချော်မွေ့စေဖို့ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းဌာနတွေကိုလွတ်လွတ်လပ်လပ်သတင်းပေးပို့နိုင်ရန်ခွင့်ပြုခဲ့တယ်။
- တရုတ်စစ်သား ၁ သိန်း ၃သောင်းကျော် ဟာ မြေငလျှင်ကြောင့် သေဆုံးခဲ့ရတဲ့သူတွေ ရဲ့ အလောင်းတွေကို နေ့ညမပြတ်ရှာဖွေ နေလို့ ဒီနေ့ဇွန်လ (၃) ရက်နေ့မှာ လူသေအလောင်းပေါင်း ၆၉,၁၀၇ ကို စံနစ်တကျမိသားစုရှေ့မှာ မြေမြုပ်ပေးခဲ့ပြီးပါ ပြီ။ ဆက်လက်ကယ်ဆယ်ရှာဖွေမူ့လုပ်ငန်း တွေပြုလုပ်သွား မယ်လို့ လည်းဒီနေ့ဘဲ ကျေညာခဲ့တယ်။ ပြည်သူတွေရဲ့ အသက်ကိုကယ်ဆယ်ရင်း တရုတ်အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်သား (၂၀) ဟာ အသက်ပေးခဲ့ကြတယ်။
- ဒဏ်ရာရခဲ့သောသူများ ထဲမှ ( ၁၀,၀၀၀) ကျော် ကို ဒေသတွင်းဆေးရုံတွေမှာပြည့်နေလို့ နီးစပ်ရာ ဆေးရုံပေါင်း ( ၃၄၀)ကျော်ဆီအမြန်ဆုံးပို့ဆောင်ပြီး ကုသပေးနေပါတယ်။
- နိုင်ငံတကာနှင့် ပြည်တွင်း ကယ်ဆယ်ရေး၊ အကူအညီပေးရေးအဖွဲ့တွေက ဒုက္ခသည်တွေထံ တိုက်ရိုက်အကူအညီပေးမူ့ တွေကို တရုတ်အစိုးရက လှိုက်လှိုက်လှဲလှဲ အားပေးကြိုဆိုလက်ခံခဲ့ပါတယ်။ အကူအညီတွေလည်းတောင်းခဲ့တယ်။
တရုတ်အစိုးရက သူ့ရဲ့ ပြည်သူတွေအပေါ် အရေးပေါ်လိုအပ်တဲ့အကူအညီတွေကို ဒီလိုထောက်ပံ့ပေးခဲ့မူ့ကြောင့် နိုင်ငံတကာကလည်းယုံယုံကြည်ကြည်နဲ့ဘဲအလှုငွေတွေကို လိုလိုလားလား ထည့်ဝင်လှုဒါန်းခဲ့ကြတယ်။ မေလ (၃၀) ရက်နေ့မှာ နိုင်ငံတကာမှ စုစုပေါင်းအလှုငွေ ဒေါ်လာ ၅.၇ ဘီလီယံ ရရှိနေပါပြီ။
မြန်မာနိုင်ငံမှာ မနှစ်က ဒေါ်လာ (၅)ဘီလံ ကျော် ပိုငွေပြခဲ့ပါတယ်ဆိုတဲ့ န၀တပြိတ္တာစစ်အုပ်စုကတော့ ကိုယ့်ပြည်သူကိုယ် အငတ်ထားပြီး၊ ဒုက္ခသည်တွေကို ဖားရိုက်စားခိုင်းတာ သိရတော့ ဒီပြိတ္တာတွေကို ဘာနဲ့နှိုင်းရမှန်းတောင်မသိတော့ပါဘူးဗျာ။
ကိုယ်လည်း မကူနိုင်၊ ကူ နိုင်တဲ့သူတွေကိုလည်းလိုက် ပိတ်ပင်
ကိုယ်လည်း မလှူ နိုင်၊ လှု နိုင်တဲ့သူတွေကိုလည်းလိုက်ပိတ်ပင်နေလို့ ၊ .............အနှိုင်းမဲ့ ပြိတ္တာလို့ဘဲခေါ် ပါရစေတော့။……..။
Rest of your post
1 comment :
Are the people ready to hand over the power in case those evils are taken to the court?
Guys, Be ready. Organize one group.
Post a Comment