ဘန်ကီမွန်းပြန်သွားပြီးကတည်း လေဘေးဒုက္ခသည်များရဲ့ အခြေအနေဟာအလွန်တရာဆိုးဝါးလျက်ရှိပါတယ်။ ကုလသမဂက ဒုက္ခသည်ကယ်တင်ရေး
စခန်း ၅၀ ကျော်ကို ရောဝတီတိုင်းမှာဖွင့်လှစ်ခဲ့တယ်။ ဒါပေမဲ့  သူတို့ က မြို့ ပေါ်မှာပါ။
ကျေးရွာတွေကိုမသွားနိင်ပါဘူး။ ကျေးရွာအတော်များများ ဟာ အစာနဲ့ ရေပြတ်တောက်လျက်ရှိပါတယ်။ ဒီကျေးရွာတွေကိုသွားရောက်ကူညီနေတာ ပြည်တွင်းရှိ
လူမှုရေးအသင်းများသာဖြစ်ပါတယ်။ သူတို့ ပြောပြချက်အရ နိင်ငံတကာ အကူညီတွေတခုမှမရောက်ဘူးလို့သိရတယ်။ စစ်တပ်က ရရသဘောင်္ငယ်တွေနဲ့ 
မြစ်ချောင်းဝတိုင်းမှာ ကတုတ်ပေါက်က ဗျိုင်းနားသလို စောင့်ကြည့် နေကြတယ်။
ပစ္စည်းအများကြီး သယ်လာတဲ့လှေတွေကိုဖမ်းတယ်။ ဘုန်းတော်ကြီးတပါး ပြောပြချက်အရ
ဒုက္ခရောက်သူတွေဟာ နေက်ထပ်တပတ်အသက်ရှင်ရပ်တည်နိင်တဲ့အခြေအနေမရှိတော့ ဘူး။
လို့ သိရပါတယ်။ ကယ်တင်ဆေးရေးပစ္စည်းတွေထဲမှာ ဆရာတော်ကြီးလေ့လာရသလောက်
နိင်ငံခြားကလာတဲ့ပစ္စည်းပုံစံတွေမရှိပဲ ပြည်တွင်းဖြစ် ခေါက်ဆွဲခြောက် နဲ့ အခြားစားသောက်ကုန်တွေလောက်ပဲရှိကြောင်းသိရပါတယ်။ ဒီလိုပုံစံမျိုးက နေရာအနှံမှာဖြစ်နေတာပါ။ အခုထပ်မံကြားသိရတဲ့သတင်းတွေအရ ဒေးဒရဲ အနောက်ဖက်ခြမ်းကရွာတွေဟာ ဆိုးဆိုးဝါးဝါး အခြေအနေကိုရောက်နေပါတယ်။
အမေရိကန်ရေတပ်တွေလည်းလှည့် ပြန်သွားပါပြီ။ ကျနော်တို့ ဘာလုပ်ကြမလဲ
နယူးယောက်မြို မှာ မြန်မာ ၄ ထောင်နီးပါးရှိပါတယ်။ ဆန္ဒပြပွဲတွေက အလွန်နည်းလွန်းနေပါတယ်။ နယူးယောက်မှာရှိတဲ့ ကုလသမဂရုံးရှေ့ မှာနေစဉ်ဆန္ဒပြပွဲတွေကို ဖေါ်ထုတ်ဖို့ လိုနေပါပြီ။ ဒီအချိန်မှာ ဘာလုပ်ကြမလဲဆိုတာကိုလည်း အထူးရှင်းပြစရာမလိုတော့ဘူးလို့ ထင်ပါတယ်။
မြန်မာတွေထောင်နဲ့ ချီရှိတဲ့နယူးယောက်မြို့ မှာ သူရဲကောင်းတယောက်တော့ ရှိကောင်းပါရဲ့ လို့  ထင်မိပါတယ်။
ကုလသမဂ ရုံးရှေ့ ကိုသွားပါ။ ဘန်ကီမွန်းရုံးတက်လာတဲ့အချိန် ၉ နာရီခန့် မှာ
တယောက်ထဲဆန္ဒသွားပြပေးပါ။
ကြွေကြော်သံကတော့ Mr Ban Ki Mon , You kill our people!
Ban Ki Mon , Pls stay a way form Burma.
Mr . Ban Ki Mon , You need to Resign
ဒါကို ဘယ်သူများလုပ်ရဲ မလဲ ကြည့် ကြရအောင်။
No comments :
Post a Comment