Wednesday, 25 June 2008
အရှင်ဦးဉာဏိဿရ မဲဆောက်မြို့ တရားပွဲ
ဇွန်လ- ၂၅
မဲဆောက်မြို့ 
သီတဂူ ဆရာတော် အရှင်ဦးဉာဏိဿရ ဟာ ဇွန်လ ၂၄-၂၅ ရက်နေ့ မှာ ထိုင်းနိင်ငံမဲဆောက်
မြို့ သို့ ကြွရောက်ပြီး ရောဝတီတိုင်းလေဘေးကယ်ဆယ်ရေးအတွက် အလှူငွေကောက်ခံတဲ့
တရားပွဲကို မဲဆောက်မြို့ တောရကျောင်းမှာ ကျင်းပခဲ့ပါတယ်။
တရားပွဲကို ညနေ ၆နာရီခွဲကနေ ၉နာရီခွဲအထိနစ်ရက်တိုင်ကျင်းပခဲ့တယ်။ တရားပွဲကို
မဲဆောက်မြို့ ရှိ မြန်မာ အလုပ်သမား ၃ထောင်ခန့် တရားနာယူခဲ့ကြပါတယ်။
ဆရာတော်က တရားပွဲမှာ ဂရုဏာ တရားကိုဟောကြားခဲ့ပါတယ်။ တရားပွဲရဲ့ အနစ်သာရကတော့ ဂရုဏာ တရားကို လူတိုင်းထားကြရမယ်။ပွားများရမှာဖြစ်ပြီး
ဒုက္ခရောက်နေတဲ့ သူတို့ ကို ဂရုဏာတရားနဲ့ ကူညီဖို့ လိုအပ်သလို ဒုက္ခရောက်နေတဲ့သူ
တွေကိုယ်တိုင်ကလည်း ဒုက္ခကနေလွတ်မြောက်ရာလွတ်မြောက်ကြောင်းအတွက် ကိုယ်တိုင်
လည်း အားထုတ်ရမဲ့ အကြောင်းကို ဟောကြားခဲ့ပါတယ်။
ဆရာတော်က ဂရုဏာတရားနဲ့ ပတ်သက်ပြီးဟောကြားတဲ့အခါမှာ မြတ်စွာဘုရားရှင်သက်ရှိထင်ရှားရှိစဉ်အခါက ဖြစ်ရပ်တခုနဲ့  ဥပမာပေးပြီးဟောကြားခဲ့ပါတယ်။
ပုံဝတ္ထုကတော့ ကလေးငယ်တဦးကို သုဘရာဇာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့
မွေးစားဖခင်က သူရဲ့ ၇ နစ်အရွယ် ကလေးကို စိတ်ဆိုးပြီး အပြစ်ပေးတဲ့အနေနဲ့  ကလေးကို
လူသေအလောင်းနဲ့ ရင်ချင်းအပ်ပြီးကြိုးချီပြီးတညလုံးထားပါတယ်။ ကလေးငယ်က အလွန်ကြောက်ရွံတုန်လှုပ်နေပါတယ်။ ညဥ့်ဦးယံမှာဗုဒ္ဓမြတ်စွာဘုရားက လောကကို ကြည့် ရူ့ တဲ့အခါမှာကလေးငယ် ဒုက္ခရောက်နေတာကိုတွေတဲ့အတွက် ကလေးငယ်ကို ဂရုဏာတရားတွေ စေလွတ်ခဲ့ပါတယ်။ ကလေးငယ်ကလည်း လူသေအလောင်းနဲ့ချီထားတဲ့ကြိုးကနေလွတ်မြောက်ဖို့ အတွက် အစွမ်းကုန်ရုန်းကန် ကြိုးပန်းနေပါတယ်။ မြတ်စွာဘုရားရဲ့ ဂရုဏာတော်ရယ် ကလေးငယ်ကိုယ်တိုင်ကလွတ်မြောက်လိုခြင်တဲ့စိတ်ကြောင့်ကြိုးပန်းမှုရယ်ကြောင့်
ကလေးငယ်ဟာ ဘေးဒုက္ခကလွတ်မြောက်ပြီး သုသာန်ကနေထွက်ပြေးလာတဲအခါမှာ
မြတ်စွာဘုရားက သုသာန်ဝမှ အလင်းရောင်ပြပြီး စောင့်ကြိုခေါ်ဆောင်သွားခဲ့ပါတယ်။
ကလေးငယ်ကိုရဟန်းပြုပေးပါတယ်။ ကလေးကတော့ရှင်သောပါက ရဟန်းလို့ ထင်ရှားလာပါတယ်။
ဆရာတော်ရဲ့ တရားဟာ ဒီနေ့ ဖြစ်ပေါ်နေတဲ့  မြန်မာပြည်အခြေအနေနဲ့  ထပ်ထူဖြစ်နေတဲ့အတွက် တရားနာပရိသတ်ကြီးက အလွန် နစ်သက်ကြတာကိုတွေ့ ရပါတယ်။
ဆရာတော်က ဆက်လက်ပြီး စိတ်ချမ်းသာချင်ရင် အမ်အာတီပီ - MRTV နဲ့ မြန် မာ့အလင်း
သတင်းစာတွေကို ဖတ်ကြ ပေါ့။ အလုံးအကောင်းချည်းပဲ ။ စိတ်ဆင်းရဲခြင်ရင်တော့
ဗွီအိုအေ ၊ ဘီဘီစီနဲ့  စီအန်အန်တွေကိုနားထောင်ကျ လို့ ဆိုတဲ့ ဟာသဖေါက်တာကိုလည်း
ပရိသတ်ကြီးက အလွန်နစ်သက်ကြတာကိုတွေ့ ရပါတယ်။
အရှင်ဦးဉာဏိဿရ ဟာရောဝတီတိုင်းရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေကို အားကြိုးမာန်တက်
ဆောင်ရွက်နေတဲ့ ဆရာတော်တပါးဖြစ်ပြီး။ လက်ရှိ ဘေးဒုက္ခဟာအလွန်တရာကြီးမားလှတဲ့
အပျက်ဆီးများဖြစ်ကြောင်းနဲ့  သေဆုံးသူနစ်သိန်းကျော်နဲ့  ဒုက္ခရောက်သူ နစ်သန်းကျော်ရှိကြောင်း တရားပွဲအစမှ ဟောကြားသွားခဲ့ပါတယ်။
at 11:55
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment