Sunday, 8 June 2008

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြည်တွင်းသတင်း

ဟိုင်းကြီးကျွန်းမှာနာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက် တော့ လူတွေကကျွန်း ပေါ်တက်ပြေးကြတယ်။အဲဒီမှာ တက်ပြေးကြတဲ့လူတွေစစ်တပ်ကပစ်သတ်တာ လူ 200 ကနေ 300လောက်သေတယ်လို့ အဲ့ဒီနယ်ဘက်မှာသတင်းထွက်နေပါတယ်။ နောက်ပြီး မုန်တိုင်း မိတဲ့ လူတွေမှာအရေပြားတွေ
လောင်တာမျိုးတွေဖြစ်ခဲ့ပါတယ်။ ဒီကိစ္စဟာအထူးအဆန်းဖြစ်စေခဲ့ ပြီး ဆရာဝန်တွေကလဲ
ဒီကိစ္စကိုစုံစမ်းလျက်ရှိနေကြပါတယ်။ အက်စစ်မိုးပါရွာခဲ့တယ်လို့ပြောဆိုသံတချို့ လဲရှိခဲ့ပါတယ်။
ဒါပေမယ့် တချို့ ကလဲ ဟိုင်းကြီးကျွန်းမှာ စစ်အစိုးရဟာ ဓါတုဗေဒ လက်နက် စမ်းသပ်မှူ့ (သို့) ရှိနိုင်တဲ့ ဓါတုဗေဒ လက်နက် တွေကနေ မုန်တိုင်းကြောင့်ပျက်ဆီးလွင့်ပါပြီးလူတွေကို ထိခိုက်စေတာမျိုး
လဲဖြစ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

ဟိုင်းကြီးကျွန်းရေတပ်စခန်းဟာစစ်အစိုးရဲ့ အဓိကရေတပ်စခန်းတစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။ စစ်ရေးအရတစ်ချိန်တုန်းကအင်္ဂလိပ်တွေ ဗမာနိုင်ငံကိုကျူးကျော်တုန်းကလဲ ဟိုင်းကြီးကျွန်း ဘက်ကဝင်လာခဲ့တဲ့သမိုင်းလဲရှိခဲ့ပါတယ်။ဒီဘက် 88 အလွန်ခေတ်မှာလဲ တရုတ် ရေတပ်ဟာ
စစ်အစိုးရနဲ့ ပူးပေါင်းပြီး ဟိုင်းကြီးကျွန်း မှာရေဒါစခန်းတွေဆောက်ပြီး အိန္ဒိယ သမုဒ္ဒရာ က အိန္ဒိယ ရေတပ်ရဲ့လှုပ်ရှားမှူ့တွေကိုစောင့်ကြည့်နေတယ်လို့ မကြာခဏာစွပ်စွဲခဲ့သလို နာဂစ်ဆိုင်ကလုန်းမုန်တိုင်း
ကြောင့် ဟိုင်းကြီးကျွန်း မှာရှိတဲ့ တရုတ် ရေတပ် စစ်သဘောင်္တွေလဲနစ်မြုတ်ခဲ့တယ်ဆိုတဲ့
သတင်းလဲထွက်ရှိလျက်ရှိနေပါတယ် ။ ဒီကိစ္စကို အသေးစိတ် အတိအကျသိနိုင်အောင်
ဝိုင်းဝန်းစုံစမ်းပေးကြဖို့မေတ္တာရပ်ခံလိုက်ပါတယ်။

Forrest Gump

Summary

Rest of your post

No comments :