Wednesday, 4 June 2008

လန်ဒန် မြန်မာသံရုံးမှ အမျိုးသမီး မြန်မာသံတမန်တဦး စတင် ပုန်ကန်ခြင်း



အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြန်မာသံရုံးမှ သံတမန်အမျိုးသမီးတဦး မိသားစုနှင့်အတူ ဇွန်လ (၄) ရက်နေ့က ဗိုလ်ချုပ်သန်းရွေအမိန့် ကို စတင် အာခံလိုက်ပြီဟု ခိုင်လုံသည့် သံတမန် သတင်းရပ်ကွက်က ပြောသည်။

သူမက ရုံးအုပ်ကြီးအဆင့်ရှိ ဒေါ်နွယ်နီဖြစ်ပြီး ခင်ပွန်းသည်၊ သားဖြစ်သူတို့နှင့်အတူ သံရုံးမှ ထွက်လိုက်ခြင်းဖြစ်ပါတယ်။ မြန်မာသံတမန် ဒေါ်နွယ်နီ အလုပ်မှနှုတ်ထွက်လိုက်ရခြင်း

အကြောင်းမှာ လေဘေးဒုက္ခသည်များအပေါ် သန်းရွေ လုပ်ရပ်များကို မကျေနပ်လို့ ဟု သိရပါတယ်။ မြန်မာသံတမန် ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ အင်ဂျင်နီယာတဦးဖြစ်ပြီး အစောပိုင်း ကတည်းက သန်းရွေလုပ်ရပ်များကို မကျေမနပ်ဖြစ်နေကြောင်းသိရပါတယ်။ လစကလည်းအလွန်နည်းလှပြီး နည်းမျိုးစုံဖြင့် ကန့် သတ်ချုပ်ခြယ်မှုတွေလုပ်ထားခံရကြောင်းသိရပါတယ်။ ဒေါ်နွယ်နီ၏ ခင်ပွန်းမှာ လန်ဒန် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်းနှင့်
အထူးရင်းနှီးသူလည်းဖြစ်သည့်အတွက် မြန်မာသံအမတ်ကြီး ဗိုလ်မှူးချုပ်နေ၀င်း၏ ခွင့်ပြုချက်ဖြင့် အခုလို သံရုံးမှာစတင်အလုပ်ထွက်လိုက်ခြင်းလောဟု သုံးသပ်သူများရှိပါတယ်။ ဗိုလ်ချုပ်နေ၀င်းလည်း
လေဘေးကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်စစ်အုပ်စုနှင့်သဘောထားကွဲလွဲမှု များရှိကြောင်းသိရပါတယ်။

မုန်းတိုင်းက လည်းကွာ ပျဉ်းမနားကိုတိုက်လိုက်ပါတော့လားဟု သူထုတ်ဖေါ်ငြီးတွားဘူးကြောင်း သံတမန်အသိုင်း က ဆိုပါတယ်။


No comments :