Thursday 10 July 2008

နာပဒွန် ပတ်တမာ တော့ သွားပြီ၊ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျ အလှည့် ကတော့ မကြာခင် လာတော့ မယ်


ဆောင်ပါး- (m.s)

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန် ပတ်တမာ ဟာ ထိုင်း စီးပွားရေးအကျိုးအမြတ် တခုတည်းကိုကြည့်ပြီး၊ အာဏာရှုး နေတဲ့ ဒေ၀ဒတ် န၀တစစ်အုပ်စုကို ကိုးကွယ်သော
ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျရဲ့ အဆင်မြင့်ဝန်ကြီးတဦးဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာကအရေးယူပြစ်ဒဏ်ချမှတ်မူ့တွေကို အကာအကွယ်ပေးနေသူ၊ လမ်းမှား ရောက်နေသော သူတဦးလည်းဖြစ်ပါတယ်။

အခုတော့ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတွေ တိုးတက်မူ့ကိုမလိုလားတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာ မိစ္ဆာတကောင်တော့ သူ့အကုသိုလ် သူအကျိုးပေးသွားရှာပြီ။

သူ့ရဲ့ နုတ်ထွက်ခဲ့မှုဟာ ထိုင်း-ကမ္ဘောဒီးယား အကြား နယ်စပ်ဒေသရှိ သမိုင်းဝင် Preah Vihear ဘုန်ကြီးကျောင်းပိုင်ဆိုင်မှုကို အငြင်းပွားခဲ့ရတဲ့ပြသနာ ကစခဲ့တာပါ။ ထိုင်းပြည်သူတွေနှင့်အတိုက်အခံကတော့ သူဟာ ကမ္ဘောဒီးယားရှိ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ထိုင်းနိုင်ငံကိုရောင်းစားခဲ့တာလို့စွပ်စွဲခဲ့ကြပါတယ်။

အခုတော့ ဒီသမိုင်းဝင် Preah Vihear ဘုန်ကြီးကျောင်းကို ကမ္ဘောဒီးယားနိုင်ငံက ထောက်ခံ အဆိုပြု တင်သွင်းကာ၊ ကုလသမဂ္ဂ ရှိ UNESCO က ကမ္ဘာသမိုင်းဝင်အမွေအနှစ် အဖြစ် ကျေညာပြီး တရားဝင်အသိအမှတ်ပြုလုပ်ပါပြီ။

ဒီလိုဆုံးဖြတ်ခဲ့မူ့အပေါ် သက်ဆိုင်ရာ အထောက်အထားတွေကို သူက ထိုင်း အမျိုသားလွှတ်တော်ကိုအသိမပေး၊ မတင်သွင်းခဲ့ပါဘူး။ ခွင့်ပြုချက်လည်းမယူခဲ့ပါဘူး။ ဒီကိစ္စအကြောင်း ထိုင်း-ကမ္ဘောဒီးယား-UNESCO အကြား ဆွေးနွေးစဉ်မှာ ထောက်ခံပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို လွှတ်တော်မတင်သွင်းဘဲ ဆုံးဖြတ်မှုဟာဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် သူဟာပြစ်မူ့ထင်ရှားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာဟာ ကနေဒါနိုင်ငံရှိ UNESCO ဘုတ်အဖွဲ့ ဌာနသို့လိုက်သွားပြီး၊ဒီကိစ္စကို ဆိုင်ငံ့ထားဖို့ ကျိုးစားတောင်းဆိုခဲ့ပေမဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ဘုတ်အဖွဲ့က လက်မခံခဲ့တာကြောင့်၊ရှက်ရှက်နဲ့ထိုင်းနိုင်ငံပြန်လာခဲ့ရပါတယ်။

ဆုံးဖြတ်ချက်ပြန်လည် ပြင်ဆင်ချင်ပေမဲ့၊ အလာကောင်းပေမဲ့ အခါနှောင်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာဟာ အပြန်လမ်းမှာဘဲ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကနေ နုတ်ထွက်သွားပါတယ်။

ထိုင်းအတိုက်ခံပါတီ ကိုယ်စလှယ်တွေက သူ့ကို လွှတ်တော်မှာနုတ်ထွက်ဖို့ အယုံအကြည်မရှိ အဆိုတင်သွင်းဖို့ စတင်ပြုလုပ်နေစဉ်မှာဘဲ ဒီလိုနုတ်ထွက်မူ့ကို ကျေညာလုပ်တာ ဖြစ်ပါတယ်။

န၀တစစ်အုပ်စု ဒေ၀ဒတ်ကို ကျေးဇူးရှင်ဆရာလို့ ကိုးကွယ်ခဲ့တာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နာပဒွန်ပတ်တမာတယောက် ကံ ကံ၏အကျိုး၊ မကောင်းမူ့ ပြု လုပ်သူဟာ မ ကောင်းတာ အရှင် လတ်လတ် ခံစား နေရတာပါဘဲ။

Once Thailand's Foreign Minister Noppadon on Burma's notorious Junta


It is amazing that Thailand's foreign minister should be able to make such ridiculous comments with a straight face. Perhaps I am being too hard on Mr. Noppadon since any foreign minister would say this. It is Thailand's policy and a foolish one.

From AFP:


Thailand's foreign minister said Monday he hoped Myanmar's upcoming referendum on a new constitution would be "credible", on the eve of a visit by the country's prime minister.

Noppadon Pattama said the neighbours may discuss the referendum, which Myanmar's military rulers say will pave the way for elections in 2010, during General Thein Sein's visit.

"The democracy process could be brought up at the talks as Thailand wants the May 10 referendum to be successful and credible," Noppadon told reporters.

"We want to see Myanmar on a good development track."

(A
Supporter of Burmese Military Thugs - Thai FM Noppadon)



No comments :