ကိုမျိုး ( စင်္ကပူ) - ကိုမိုးသီး ခင်ဗျား- နအဖ အစိုးရက ၂၀၁၀ မှာရွေးကောက်ပွဲလုပ်ပေးမယ်ပြောပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခင်ဗျားဘယ်လိုသဘောထားပါသလဲ ။
မိုးသီး- ကျနော့် သဘောက ရွေးကောက်ပွဲကို သပိတ်မှောက်စေချင်ပါတယ်။ ပါတီတွေ နိင်ငံရေးအင်အားစုတွေ စည်းလုံးညီညွတ်စွာနဲ့ ကန့် ကွက်ရပါလိမ့်မယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ အချက် ၂ ချက်ကြောင့်ပါ။
တစ်- ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူး
နစ်- အခုနအဖတွေရေးဆွဲ အတည်ပြုပြဌာန်းလိုက်တဲ့ဥပဒေဟာ ဒီမိုကရေစီ အုတ်မြစ်ကိုအခြေခံတဲ့ဥပဒေမဟုတ်ဘူး
ဒါကြောင့်ကျနော်တို့ ဟာ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံလို့ မရပါဘူး။ ပြတ်ပြတ်သားသား ဆန် ကျင်ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ တတ်နိင်သလောက်ဝင်ပြီး လှုပ်ရှားမယ်။ ဥပဒေဘောင်ထဲက ရသလောက်တိုက်ယူမယ်ဆိုတာတွေဟာ စိတ်ကူးယဉ်ဆန်ပြီး လက်ရှိဒီမိုကရေစီတော်လှန်ရေးကြီးကို လမ်းကြောင်းလွဲအောင်လုပ်သလို ဖြစ်လိမ့်မယ်။ ဒီလိုအတွေးအခေါ်မျိုးဟာ အသစ်အဆန်းတော့မဟုတ်ဘူး။ နယ်ချုပ်ဆန်ကျင်ရေးတုန်းကလဲ ဒီလိုမျိုးအတွေးအခေါ်တွေဖြစ်ခဲ့ဘူးတယ်။ ဒီအတွေးအခေါ်ကို ဒိုင်အာခီအတွေးခေါ်လို့ ဟိုတုန်းက ပြောခဲ့ကြတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဦးဆောင်တဲ့ မျိုးချစ်အင်အားစုတွေက အင်္ဂလိပ်လက်အောက်က လုံးဝလွတ်လပ်ရေးကိုရယူ ဖို့ ပြင်ဆင်နေချိန်မှာ တချို့ နိင်ငံရေးအင်အားစုတွေက အင်္ဂလိပ်လပ်အောက်မှာ Home Rule လောက်ပဲ ဆန္ဒရှိနေသလို ပေါ့။
၁၉၆၂ ခုနစ် ဦးနေ၀င်းအာဏာသိမ်းတော့လည်း ဦးနေ၀င်းက ဆိုရယ်လစ်စနစ်ကိုသွားမယ်လို့ 
လက်သီးလက်မောင်းတန်းပြီး ကြွေးကြော်ခဲ့တဲ့ တချို့  လက်ဝဲအင်အားစုတွေက ဦးနေ၀င်းရဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ နဲ့ လက်တွဲ ပြီး တိုင်ပြည်ဖွင့်ဖြိုးရေးနဲ့ လူမှုရေးနဲ့ တရားမျှတမှုတွေ ကိုတည်ဆောက်နိင်လိမ့်မယ်လို့ သူတို့ ယုံကြည်ခဲ့ကြတယ်။ နောက်ဆုံးတော့သူတို့ ရဲ့ အိမ်မက်တွေ ပျက်ပြယ်သွားခဲ့တာပဲ။ အခုလည်း ရသလောက်ယူမယ်တို့ ။ စစ်အစိုးရရဲ့  ရွေးကောက်ပွဲဘောင်အတွင်းမှာနိင်ငံရေးလှုပ်ရှားမှုလုပ်ယူမယ်တို့ ဆိုတာ လက်တွေမှာ ခက်ပါတယ်။ ဖြစ်နိင်တယ်။ ဒါပေမဲ့  အောင်ပွဲကတော့မသေချာလှပါဘူး။
ဇင်ဘာဘွေ အတိုက်အခံတွေလုပ်သွားတဲ့ လှုပ်ရှားမှုကတော့စိတ်ဝင်စားစရာကောင်းတယ်။ သမတ မိုဘူကီးက ရွေးကောက်ပွဲလုပ်ပေးမယ်ပြေတယ်။ အတိုက်အခံတွေကို ဖမ်းတယ်။သတ်တယ်။ ဒီတော့အတိုက်အခံခေါင်းဆောင်က ရွေးကောက်ပွဲကိုလုံးဝမ၀င်ဘူးလို့ ရှင်းရှင်းလင်းကြေညာလိုက်တာဟာ မှန်ကန်တဲ့တိုက်ပွဲလမ်းကြောင်းတခုကို ဖေါ်ဆောင်နိင်လိမ့်မယ်လို့ ကျနော်မြင်တယ်။
ကဲဆိုပါစို့ -၂၀၁၀ မှာ ဒေါ်စုကိုမလွတ်ပေးဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ ချုပ်ကိုလွတ်လပ်စွာလှုပ်ရှားခွင့်မရဘူးဆိုရင်။ ဘယ်သူက ရွေးကောက်ပွဲကိုဦးဆောင်ဝင်လှုပ်ရှားမလဲ ။ ဒီလူဒီပါတီကရော ဘယ်လောက်အထိလူထုကိုလွမ်းမိုနိင်မလဲ။ သူကိုရောကျနော်တို့ က ဘယ်လောက်ယုံလို့ ရမလဲ။ နောက်တခုက - ဒေါ်စုကိုလွတ်ပေးမယ်။ရွေးကောက်ပွဲဝင်ခွင့်ပေးလာမယ်။ ဒီမိုကရေစီပါတီတွေကိုလွတ်လပ်စွာလှုပ်ရှားခွင့်ပေးလာမယ် - ဒီလိုအခြေအနေမျိုးမှာတော့
ရွေးကောက်ပွဲ ဟာ နိင်ငံရေးလှုပ်ရှားမှုတခုဖြစ်လာနိင်ပါတယ်။ဒီအခြေအနေကို စဉ်းစားကောင်းစဉ်းစားရပါလိမ့်မယ်။
Rest of your post

1 comment :
ဒေါ်စုကိုလွတ်ပေးမယ်။ရွေးကောက်ပွဲဝင်ခွင့်ပေးလာမယ်။ ဒီမိုကရေစီပါတီတွေကိုလွတ်လပ်စွာလှုပ်ရှားခွင့်ပေးလာမယ် - ဒီလိုအခြေအနေမျိုးမှာတော့ ရွေးကောက်ပွဲ ဟာ နိင်ငံရေးလှုပ်ရှားမှုတခုဖြစ်လာနိင်ပါတယ်။ဒီအခြေအနေကို စဉ်းစားကောင်းစဉ်းစားရပါလိမ့်မယ်။ ဆိုတာကို ထပ်စဉ်းစားစေချင်ပါတယ် ကိုမိုးသီး၊ နအဖဖွဲ့စည်းပုံကို ဦးထိပ်ရွက်ရမယ့် ရွေးကောက်ပွဲကို ဒေါ်စုကိုလွှတ်ပေးရင် ၀င်ပြိုင်မယ်လို့ သဘောတွေပါနေတယ်၊
Post a Comment