Friday, 25 July 2008

ကြားဖြတ်သတင်း

ရန်ကုန်
ဇူလိုင်-၂၅

မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့  အဖမ်းခံရတဲ့ ရုပ်ရှင်မင်းသမီး န၀ရတ် က ပြန်လည်လွတ်နေပြီလို့ သိရပါတယ်။သူနဲ့အတူအဖမ်းခံရတဲ့တခြားသရုပ်ဆောင်တွေတော့ပြန်လွတ်တယ်မကြားရသေးပါဘူး။ မူးယစ်ဆေးဝါးမှုနဲ့ အဖမ်းခံရပြီးခုလို လွယ်လွယ်ကူပြန်လွတ်လာတာကတော့ လူကိုချစ်ရင်မူကိုပြစ်၊ လူကိုမုန်းရင်မှုကိုသုံးဆိုတဲ့ မဆလ ကျဉ်ဆိုးက စစ်အစိုးရမှာရှိနေသေးတယ်ဆိုတာကိုပြသာနေတာဖြစ်တယ်။

မူးယစ်ဆေးဝါးမှုဆန် ကျင်ရေးဥပဒေဟာ ထိရောက်မှု - Effectiveness - မရှိဘူးဆိုတာကိုပြနေပါတယ်။ ရပ်ကွက်ထဲက မူးယစ်ဆေးဝါးစွဲလူငယ်တဦးအဖမ်းခံရရင် အပြစ်ဒဏ်ကိုခံရတယ်။ ဘာဖြစ်လို့ ရုပ်ရှင်မင်းသမီးတွေ မူးယစ်ဆေးဝါးသုံးစွဲရင် ခနလေးနဲ့ ပြန်လွတ်တာလဲလို့ မေးစရာဖြစ်နေပါတယ်။

ပိုဆိုးတာကတော့ မူးယစ်ဆေးဝါးကိုထုတ်လုပ်နေတဲ့ နအဖနဲ့ အပြစ်ခတ်ရပ်စဲရေးလုပ်ထားကြတဲ့ ခွန်ဆာအဖွဲ့ လောစစ်ဟန်အဖွဲ့ ၊ ၀လူမျိုးအဖွဲ ၊ကယားပြည်နယ်လွတ်မြောက်ရေးတပ်ဦး ( ကလလတ) ၊ ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ချုပ်( ရလလဖ) တို့ ကြတော့ ဘာဖြစ်လို့  တရားဝင်မြေပေါ်မှာရပ်တည်ခွင့်ရှိနေတာလဲ။ အဖြေကတော့ရှင်းပါတယ်။ မြန်မာပြည်ရဲ့ မူးယစ်ဆေး ထုတ်လုပ်ရောင်းချ၊ဖြန့် ဖြူး နေတဲ့  ဘိန်းရာဇာ ကြီးဟာ သန်းရွေ နဲ့ မြန်မာစစ်တပ် က ဗိုလ်ချုပ်တွေကိုယ်တိုင်ပဲဖြစ်နေလို့ ပါပဲ။


1 comment :

Myo Win Zaw said...

မှန်တယ်ဗျာ မင်းချစ်သူတို့အောင်ရင်တို့တုန်းကလဲ ပစည်းနဲ့တကွမိတာတောင် လွှတ်ပေးလိုက်ဘူးတယ်