Tuesday 8 July 2008

စောကျောင်းသို့  အလည်တခေါက်





-မိုးသီး










ဒေါ်အေးအေးမာနဲ့ သူရဲ ဘော်တွေတည်ထောင်ထားတဲ့ စောကျောင်း ( SAW – Social Action For Woman) ကို ဇွန်လ ၃၀ ရက်နေ့ က ကျနော်ရောက်ခဲ့တယ်။ကျောင်းသား ၂၈၀ ခန့် ကို ပညာပေးနေတာကိုတွေ့ ရတယ်။ ကျောင်းသားအများစုက
ထိုင်းနိင်ငံကိုလာပြီးအလုပ်လုပ်နေတဲ့  အလုပ်သမားတွေရဲ့  သားသမီးတွေပါ။ မူလတန်းကနေအထက်တန်းအထိ ရှိတာကိုတွေ့ ရတယ်။ကျောင်းက မဲဆောက်မြို့ မှာရှိတယ်။ ဆရာဆရာမ ၆၀ခန့် ရှိတယ်။ ကျောင်းက ရံပုံငွေချို့ တဲ့ပုံရတယ်။ ပညာသင်ကြားရေးအထောက်ကူပစ္စည်းတွေ အပြည့် အစုံမရှိသေးဘူး။ ဆရာဆရာမတွေအတွက်လည်း လစခ လုံလုံလောက်လောက်မထောက်ပံနိင်သေးဘူး။ဒါပေမဲ့ အခက်ခဲတွေကြားထည်းက စောကျောင်းက ရပ်တည်လာတာ ၅နစ်နီးပါးရှိလာတာကိုတွေ့ ရတယ်။
တလောကစောရဲ့  လှုပ်ရှားမှုတွေအတွက် ကုလသမဂလက်အောက်ခံအဖွဲ့ စည်းတခုက
ဖဲကြိုနီ- Red Rabin ဆုချီးမြင့်တာကိုသူတို့ ရခဲ့တယ်။ သူတို့ ရဲ့ ပညာရေးနဲ့  လူမှုရေးကြိုးပန်းဆောင်ရွက်မှုတွေကြောင့်လို့ သိရတယ်။ ဆရာဆရာမတွေကို NHEC ကစီစဉ်ပေးတဲ့  လက်ဘရယ်ပညာရေး - Liberal Education - သင်တန်းတွေတက်ဖူးတယ်လို့ သိရတယ်။ လစ်ဘရယ်ပညာရေးရဲ့ အနစ်သာရဖြစ်တဲ့  စဉ်းစားစဉ်ခြင်မှု ကိုအားပေးတာ၊ အလွတ်ကျက်မှတ်တာကို အားမပေးတာ။ ကျောင်းသားတွေ တီတွင်ကြံဆမှု ကိုအားပေးတာတွေကြောင့် ဒီကျောင်းကကလေးတွေဟာ မြန်မာပြည်ကကလေးတွေထက်စာရင် ပိုပြီး ကိုယ်ကိုကိုယ်ယုံကြည်မှုတွေ ပိုလာတယ်လို့ 
ကျောင်ဆရာကြီးတဦးဖြစ်တဲ့  ဦးဇော်ငြိမ်းလတ်က ကျနော်ကိုရှင်းပြပါတယ်။ ဆရာကြီးက ၁၉၇၄ခုနစ်ကျောင်းသားခေါင်းဆေင်တဦးဖြစ်ပြီး နိင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ပါတယ်။ အသားညိုညို ပူပြင်းတဲ့မဲဆောက်နွေမှာ ချွေးတလုံးလုံး သူက အမြဲတန်းတက်ကြွနေပါတယ်။ မဲဆောက်မြို့ မှာ အမြဲတန်းလို လို အုံမှိုင်းနေတဲ့ နိင်ငံရေးမိုးလေ၀သမှာ မတက်မကြွဖြစ်မှုတွေကြားမှာ ဦးဇော်ငြိမ်းလတ်
အနဂတ်ယုံကြည်ချက်တွေခိုင်မာနေတာတွေ့ ရတော့ ကျနော်အလွန်အားရမိတယ်။

ဒီကျောင်းမှာဘာတွေလိုလည်းလို့ မေးတော့ - လိုတာတော့အစုံပဲ။ အဓိကကတော့ ကျွမ်းကျင်တဲ့ဆရာတွေထပ်လိုတယ်။ စာအုပ်စာတန်းတွေ၊ ကလေးအတွက် သင်ကြားရေးထောက်ကူပြုပစည်းတွေလိုတယ်လို့ ဆိုပါတယ်။ ဒုကျောင်းအုပ်က သူတို့  တာဝန်ယူဆောင်ရှောက်ထားတဲ့  မိဘမဲ့ ကလေး စီမံချက်ကိုလိုက်ပြပါတယ်။ နေရာက ကျောင်းနဲ မလှန်းမကန်းမှာပါ။ အိမ်လေးတလုံးမှာ ကလေး ၅၀ ခန့် တွေရတယ်။ သူတို့ က ၅ နစ်အထက်ကလေးတွေပါ။
( ၅နစ်အောက်ကလေးတွေကို အဆောင်တခုမှာသတ်သတ်ထားတယ်လို့ သိရတယ်။ )

အဆောက်ဦးကသေးပါတယ်။ သူတို့ ဝင်ငွေနဲ့ ဒါပဲငှားလို့ ရတယ်လို့ ဆရာကပြောပါတယ်။
ကလေးငယ်တွေဆူညံနေအောင်ကစားနေပါတယ်။ကျနော်ရောက်သွားတော့ကလေးငယ်တွေစုပြုံပြီးကျနော်နားကိုရောက်လာတယ်။
ကလေးငယ်တွေ ရဲ့ မျက်နာက ပြုံးရွင်နေကြတယ်။ ကလေးငယ်တွေ ကကျနော့် အလုအယက်စကားလာပြောကြပါတယ်။ သူတို့ အိမ်စာတွေ၊ ကစားစရာတွေ ၊သူတို့ အိပ်ခန်းတွေကို ခေါ်သွားပါတယ်။ ကလေးငယ်တချို့ က မိဘက အေအိုင်ဒီအက်စ်ရောဂါနဲ့ ကွယ်လွန်သွားသူတွေ၊ ထိုင်းထောင်မှာ မူးယစ်ဆေးဝါးမှု၊ ပြည်တန်ဆာမှု၊ တရားမ၀င်ခိုးဝင်မှုတွေနဲ့ ထောင်ကျနေသူတွေ၊ တချို့ မိဘတွေက ကလေးတွေကို စွန့် ပြစ်သွားသူတွေ ဖြစ်ပါတယ်။ စောကျောင်းက ကလေးတွေအတွက် လုံလောက်တဲ့ အစားသောက်၊ နေစရာ၊ကျမရေးနဲ့  ကစားစရာတွေကိုတတ်နိင်သမျှစီစဉ်ထားတာကိုတွေ့ ရတယ်။ ကလေးငယ်တွေကို အဓမပြုကျင့်မှု၊ အကြမ်းဖက်မှုတွေက အပြည့်အ၀ကာကွယ်ပေးထားနိင်တာကိုတွေ့ ရတော့
ရင်အေးမိတယ်။ သူတို့ အတွက်လို အပ်ချက်တွေကို ကျနော်မြင်မိတာကတော့ - စောင်၊ခေါင်းအုန်း တွေလိုနေတယ်။- ကလေးကစားစရာ တွေ၊- - ကလေးရုပ်ရှင်တွေ- အလှပြင်ပစ္စည်းတွေ လိုနေတယ်။
- ဖြစ်နိင်ရင်ပေါ့ ကလေးငယ်တွေကို နေတိုင်း နွားနို့  တိုက်သင့်တယ်။
ထူးခြားတာကတော့ ကလေးငယ်တွေများပေမဲ့ ခိုက်ရန်ဖြစ်ပွားတာ၊ အပြိုင်အဆိုင်လုပ်နေတာကိုလုံးဝမတွေ့ ရပဲ ၊ တယောက်နဲ့ တယောက်ယိုင်းပင်းကြတာ ချစ်ချစ်ခင်ခင်ပေါင်းသင်းဆက်ဆံကြတာတွေ့ ရတာတော့ စောကျောင်းကဆရာတွေဟာ အုပ်ချုပ်ရေးတွင်မဟုတ်ဘူး။ အလွန်သိမ်မွေ့ လှတဲ့  မေတ္တာ နဲ့ ဂရုဏာ တရားကို ပါ ကလေးငယ်တွေထဲမှာ ရှင်သန်နေအောင် စော ကျော်တော် က ပြုလုပ်ထားနိင်မှု




ဒါကြောင့်ကလေးငယ်တွေဟာ ပျော်ပျော်ရွင်ရွင်ဖြစ်နေတာတွေ့ ရတယ်။သူတို့ မိဘတွေက မနက်ဖန့် ကိုပဲ သူတို့ကိုလာခေါ်တော့မဲ့အတိုင်းကျနော်ကိုတယောက်ပြီးတယောက်ကလာပြောနေတော့
ကျနော် ကြောင်လာတယ်။ ဒါနဲ့  ဒုကျောင်းအုပ်ကြီးကို မေးမိတယ်။ မိဘမဲ့ ကလေး တွေ ဆို ၊ သူတို ပြောတော့သူတို့ မိဘတွေက လာခေါ်တော့မယ်လို့ ကျနော်ကိုပြောနေတယ်လို့ ကျနော် မေးမိတယ်။

သူက ခပ်တိုးတိုးပြန်ပြီးတော့ " ကိုမိုးသီး၊ သူတို့ မိဘတွေအတော်များများဟာ သူတို့ ကိုဘယ်တော့မှ ပြန်လာခေါ်နိင်မှမဟုတ်တော့ဘူး။ တချို့ ဆုံးသွားပြီ၊ တချို့ အရမ်းဆင်းရဲလွန်းလို့  ကိုစွန့် ပြစ်သွားကြပါပြီ။ သူတို့ က ပြန်လာခေါ်မယ်လို့ ပဲ လာတဲ့သူတိုင်းကို ပြောနေတာဗျ။" " အလို ဗျာ '' ကျနော် ရေရွတ်မိတယ်။

သူတို့ ဟာ မိသားစုပြန်လည်စုံဆည်းမဲ့  အနာဂတ်ကို မျော်လင့်နေတယ်မဟုတ်လား။ သူစကားဆုံးတော့ ကျနော်နားကို ၀ိုင်းနေတဲ့ ကလေးတွေကို ကြည့်မိတယ်။ သူတို့ ရဲ့ ရီရီမော်မော်ဖြစ်နေတဲ့ မျက်နာလေးတွေဟာ ကျနော်မျက်လုံးထဲမှာေ၀၀ါးသွားပါတယ်။


1 comment :

Yahtay said...

Is there any contact address and email address for donation for those kids please?