၅ သြဂုတ်လ ၂၀၀၈
ပြီးခဲ့တဲ့ လနောက်ဆုံးသတင်းပတ်က မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြန်မာစစ်အစိုးရ ပိုင်တဲ့ ကျောက်စိမ်းတွင်းတစ်ခုမှ မြေစာပုံများ ပြိုကျလာမှုကြောင့် အနည်းဆုံး လူ၂၀ခန့် သေဆုံးခဲ့ တယ်လို့ စက်မှုဝန်ကြီးဌာနမှ အင်္ဂါနေ့မှာ ပြောကြားသွားပါတယ်။
ရန်ကုန်ကျောက်စိမ်း စက်မှုလုပ်ငန်းမှာ အလုပ်လုပ်နေတဲ့သူတယောက်မှ Reuters ကိုပြော ပြတာကတော့ ဇူလိုင် ၃၀ ရက်က ကချင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲတဲ့ အဖြစ်အပျက်ကို ကုန်သည်တွေကနေ တဆင့် ကြားသိခဲ့ရပါတယ်။ ရွေကျင်နေတဲ့လူအများဟာ မြေပိပြီး အသက်မသေပဲ ကျန်ခဲ့ပါတယ်။
ရန်ကုန်မြောက်ဘက် မိုင် ၉၃၀ အကွာမှာရှိတဲ့ အဓိကကျောက်စိမ်းတွင်းဖြစ်တဲ့ ဖားကန့် မော်ဇီာကျောက်စိမ်းတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်နဲ့ပတ်သက်လို့ တရားဝင် မြန်မာ့ သတင်းဌာနတွေက ထုတ်ပြန်ကြေငြာတာမရှိခဲ့ပါဘူး။
သြဂုတ်လ ၃ ရက်နေ့မှာ အနည်းဆုံး လူသေအလောင်း ၂၀ ခန့် တွေ့ရှိခဲ့တယ်လို့ အမည် မဖော်လိုသူတစ်ဦးမှ သတင်းဌာနကိုပြောပြပါတယ်။
အာရှရဲ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တနိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံသည် အဓိက ကျောက် မျက်ရတနာများထွက်ရှိတဲ့နိုင်ငံဖြစ်တယ်၊ အဲဒီလိုနိုင်ငံမျိုးမှာ ထိုကဲ့သို့သော ဖြစ်ရပ်များမှာ အထူးအဆန်းမဟုတ်တော့သလိုဖြစ်နေတယ်။
မြန်မာ့ပတ္တမြားမြေဖြစ်တဲ့ မိုးကုတ်မြို့မှာ ဇွန်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ပါတယ်၊
အလုပ်သမားတွေရဲ့ လုံခြုံမှုနဲ့ သက်သာချောင်ချိရေးအတွက် အလေးထားမှုနည်းပါးပြီး မိုင်း များကို သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့မကိုက်ညီတဲ့ အခြေအနေများမှာ မိုင်းခွဲခြင်းများကို အဓိကအားဖြင့် မြန်မာစစ်အစိုးရနဲ့ ရင်းနီးတဲ့စီးပွားဖက်များ ပိုင်တဲ့ ကျောက်တွင်းကုမ္ပဏီ များကပြုလုပ်ကျင့်သုံးတဲ့အတွက်ကြောင့် ဒေသခံတွေက အမြဲလိုလို ပြစ်တင်ရှုတ်ချကြတယ်။
၄၆ နှစ်ကြာ စစ်အာဏာကို လက်မလွတ်တမ်းအုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံတကာရဲ့ အပယ်ခံ တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကျောက်စိမ်း သန်း၂၀ကီလိုဂရမ်ကျော်ကို ထုတ် လုပ်နိုင်ခဲ့ပြီး အဖိုးတန်လက်ဝတ်ရတနာနှင့် အလှဆင်ကျောက်များရောင်းချရာမှ နိုင်ငံခြားငွေ လဲလှယ်နှုန်းအားဖြင့် ဒေါ်လာ သန်း ၆၅၀ နီးပါး ၀င်ငွေရရှိခဲ့ပါတယ်။
(Reporting by Aung Hla Tun)
Reuters မှ မော်မော်သန်း ဘာသာပြန်သည်
Wednesday, 6 August 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment