Thursday, 14 August 2008

ဒီမိုကရက်တစ်ဂျော်ဂျီယာနိုင်ငံအား ရုရှားအစိုးရ၏ ကျူးကျော်ရေးစစ်ပွဲ အပေါ် သုံးသပ်ချက်















- မြတ်စိုး -
၂၁ ရာစုစစ်အေးတိုက်ပွဲအလွန် ကုလသမဂ္ဂ၌ဆွေးနွေးမှုမပြုဘဲ၊စစ်ကျေညာခြင်း မပြုလုပ်ဘဲ ကွန်မြူနစ်ရုရှား အစိုးရက ဒီမိုကရက်တစ်ဂျော်ဂျီယာနိုင်ငံကို ကျူးကျော်၍၊ ကျူးကျော်ရေးစစ် ပွဲကိုအင်းအား အလုံးအရင်း သုံးပြီး ရေကြောင်း၊လေကြောင်း၊ကုန်ကြောင်းမှအပြင်းအထန် လျှပ်တပြတ် တိုက်ခိုက်ခဲ့ပါတယ်။

ဒီ ကျူးကျော်ရေးစစ်ပွဲကို ကမ္ဘာ့ရေနံဈေးကွက် မှာအကျိုးအမြတ် အကြီးအကျယ် ဖြစ်ထွန်းခံစားနေပြီး စစ်အင်အားအကြီးအကျယ်တိုးချဲ့နေတဲ့ ကွန်မြူနစ်ရုရှားအစိုးရက ဂျော်ဂျီယာနိုင်ငံတွင်း ရုရှားနိုင်ငံ လိုလားတဲ့ Abkhazia နဲ့ တောင် Ossetia ဒေသ ၂ ခု ခွဲထွက် တောင်းဆိုခဲ့မှုကိုအကြောင်ပြပြီး သေသေချာချာပြင်ဆင်ပြီး ပြုလုပ်ခဲ့တာပါ။ နိုင်ငံရေးပြသနာနှင့် ဒေသတွင်းပြသနာကို နိုင်ငံရေးနည်းလမ်း၊သံတမန်ရေးနည်းလမ်းဖြင့် အရင်မဖြေရှင်းဘဲ၊ အကြမ်းဖက် အင်းအားသုံး ပြုလုပ်ခဲ့တာထင်ရှားခဲ့တယ်။

ရက်အနည်းငယ်အတွင်းအပြစ်မဲ့ပြည်သူတွေထောင်ပေါင်းများစွာကတော့စစ်ပွဲရဲ့ အဓိက သားကောင်သဖွယ် အကာအကွယ်မဲ့ အစုလိုက်အပြုံလိုက်သေကြေခဲ့ကြရတယ်။ ဒီမိုကရေစီစံနစ်ကျင့်သုံးနေတဲ့ ဒီမိုကရက်တစ်ဂျော်ဂျီယာ နိုင်ငံရဲ့ မြို့တွေဟာရက်အနည်းငယ်အတွင်း မမျှော်လင့်ဘဲ စစ်တလင်းပြင်ဖြစ်ခဲ့ရတယ်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် တစ်ပတ်တာမျှ ကာလအတွင်း လူတစ်သိန်းခန့်မှာ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုများအကြား အပြစ်မဲ့ပြည်သူများစွာ သေဆုံးခဲ့ရသည်။


































Strongly denounce on Russian Government for killing innocent civilian people

( Strategic Team-GCR )

ဂျော်ဂျီယာနိုင်ငံဟာ ဒီမိုကရေစီနည်းကျင့်သုံးနေတဲ့ ယခင်ဆိုဗီယက်နိုင်ငံကခွဲထွက်ခဲ့တဲ့ နိုင်ငံငယ်တနိုင်ငံ
ဖြစ်ပါတယ်။ ဂျော်ဂျီယာနိုင်ငံအစိုးရဟာ ဒီမိုကရေစီရွှေးကောက်ပွဲက တင်မြောက်ရွှေးချယ် ခြင်းခံခဲ့ရတဲ့ အစိုးရဖြစ်ပါတယ်။ရုရှားနိုင်ငံတွင် စစ်သည်အင်အား တစ်သန်းကျော်ရှိပြီး ကမ္ဘာ့အဆင့်အမြင့်ဆုံးလက်နက်များ ကို ပိုင်ဆိုင်ထားသော်လည်း ဂျော်ဂျီယာနိုင်ငံမှာမူ စစ်သည်အင်အား နှစ်သောင်းကျော်သာရှိသည်။

အဲဒီလိုဒီမိုကရေစီကျင့်သုံးနေတဲ့ဂျော်ဂျီယာနိုင်ငံကိုအင်းအားအလုံးအရင်းသုံးပြီးကျူးကျော်
တိုက်ခိုက်ခဲ့မှုဟာယခင်ဆိုဗီယက်ယူနီယံကခွဲထွက်ခဲ့ကြတဲ့နိုင်ငံတွေမှာလွတ်လပ်ရေး၊ဒီမိုကရေစီစံနစ်ကို တိုက်ပွဲဝင်နေ ခြင်းကိုလည်း အင်အားသုံးချိန်းခြောက်မှု ပြုလုပ်လိုက်တာဘာဘဲ။ ဒီစစ်ပွဲကြောင့်ဒေသတွင်း နိုင်ငံများရဲ့ တည်ငြိမ်ရေး၊လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကိုချိမ်းခြောက်နေတယ်။ အရှေ့ဥရောပနိုင်ငံတွေရဲ့ အနာဂတ်လုံခြုံရေးကိုလည်း ချိန်းခြောက်မှု ပြုလုပ်လိုက်တာလည်းဖြစ်တယ်။

ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရဟာ ဒေသတွင်းနှင့် အိမ်နီချင်းနိုင်ငံငယ်တွေကို အင်အားသုံးချိမ်းခြောက်နေယုံသာမက ၊ အီရတ်၊အာဖဂန်၊ မြန်မာ၊ ဇင်ဘာဘွေ၊ ဆူဒန်၊ စတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီရရှိရေးကျိုးပမ်းနေမှုကို အဲဒီနိုင်ငံတွေရဲ့ ပြည်သူတွေက တောင်းဆိုတိုင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးတိုင်း ဗီတိုအာဏာသုံးစွဲပြီး ပိတ်ဆို့တားဆီးမှုတွေပြုလုပ်ခဲ့တယ်။

အီရတ်နိုင်ငံမှာ အာဏာရှင်ဆဒမ်ဟူစိမ် အစိုးရကို အမေရိကန်နိုင်ငံကဖြုတ်ချခဲ့စဉ်က နှစ်ပေါင်းများစွာ သံတမန်ရေး၊နိုင်ငံရေး၊စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဖိအားပေးမှု တွေကို ကုလသမဂ္ဂနှင့် နိုင်ငံတကာနိုင်ငံရေးဇတ်ခုံ မှာအကြောင်းအမျိုးမျိုးပြ အရေးယူပြီးမှ နောက်ဆုံးစစ်ကျေညာပြီးတိုက်ခိုက်ခဲ့တယ်။ ဒီလိုတိုက်ခိုက်ခဲ့စဉ်က ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မရရှိဘဲတိုက်ခိုက်ခဲ့လို့ အမေရိကန်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်တိုက်ခိုက်ခဲ့တယ်။

အခုတော့ ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရဟာ ဒေသတွင်းပြသနာကို ကုလသမဂ္ဂမှာတောင် ဆွေးနွေးမှုမပြုလုပ်ဘဲကြိုတင်ပြင်ဆင်ပြီး အင်းအားအလုံးအရင်းသုံးပြီးကျူးကျော် စစ်ပွဲ ကို ပြုလုပ်ခဲ့တယ်။ ဒါအပြင် ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရ ဟာကိုယ်ကျိုးစီးပွားတခုတည်းသာကြည့်ပြီ ကမ္ဘာမှာ အာဏာရှင်တွေကို အကာအကွယ်ပေး နေတာထင်ရှားနေတယ်။ ပုတင်၏ ရုရှားအစိုးရဟာ နိုင်ငံတကာမှာဒီမိုကရေစီကျိုးပမ်းနေမှုကို အကြီးအကျယ် အဟန့်အတား ပြုလုပ်နေတယ်။

ဆိုလိုတာက ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရဟာကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂအဖွဲ့ မှာ အာဏာကိုလိုအပ်သလိုသုံးပြီး၊ အသုံးချ နေတာပေါ်လွှင်နေတယ်။ အာဏာရှင်တွေရဲ့ အကြမ်းဖက်နေမှုကိုအားပေးအား မြောက်ပြုလုပ်ပြီး ရုရှားသြဇာကြီးမားအောင်ပြုလုပ်နေတယ်။

မြန်မာနိုင်ငံမှာလည်း ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရဟာ မြန်မာစစ်အာဏာရှင်တွေကို အကာအကွယ်ပေးပြီး၊ လင်းတကောင်လို မြန်မာနိုင်ငံရဲ့ သံယာဇာတတွေကိုထုတ်ယူပြီး အမြတ်ထုတ်မူ တွေပြုလုပ်နေတာပြည်သူတွေ အားလုံးအသိပါ။

အထူးသဖြင့် ဂျော်ဂျီယာမှာ ပြည်သူတွေ ကြိုတင်ပြင်ဆင်ခွင့်မရခဲ့ဘဲ အကာအကွယ်မဲ့ ပြီးအစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ဟာ ဒီမိုကရေစီစံနစ်ကိုဖျက်ဆီးနေတဲ့ ရုရှားအစိုးရမှာ အဓိကတာဝန်ရှိပါကြောင်း နှင့် မြန်မာနိုင်ငံဒီမိုကရေစီတိုက်ပွဲနေကြသော နိုင်ငံရေး အဖွဲ့အစည်းများ အနေနှင့်ပြင်းပြင်းထန်ထန် ရှူံချရန်လိုအပ်ကြောင်းတိုက်တွန်းလိုက်ပါရစေ။

အမှန်တော့ ဒီမိုကရေစီ နှင့်လွတ်မြောက်ရေး တိုက်ပွဲဝင်နေကြသူများ အချင်းချင်းစည်းလုံးကြရန်လိုအပ်ပါသည်။ ထို့အတူ
ဂျော်ဂျီယာအစိုးရဟာ မြန်မာနိုင်ငံလွတ်မြောက်မှု နှင့်ဒီမိုကရေစီရရှိရေးကိုထောက်ခံနေတဲ့ အစိုးရလည်းဖြစ်ခဲ့တယ်။ ထောက်ခံဖို့ရန်လည်း လိုအပ်တယ်။ သူတို့ဒုက္ခရောက်နေစဉ်မှာ ကျွန်တော်တို့အနေနှင့်ထောက်ခံ အားပေးရမည်။

ငါတို့ ခေတ်မှာ ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရ၏
မြန်မာနိုင်ငံမှာအမြတ်ထုတ်နေမှုနှင့် သြဇာအာဏာလုံးဝကျဆုံးစေရမည်။ ။








3 comments :

Unknown said...

အမေရိကန် ကုလသမဂ္ဂက တားနေတဲ့ကြားက အီရတ် ကို ၀င်တိုက်တဲ့ ကိစ္စ၊ ယူဂို ဆလားဗီးယားမှ အမေရိကန် ဗုံးတွေကြောင့် လူပေါင်းများစွာ သေကြေခဲ့တာတွေ လဲ ထည့်ေ၇းပါဦးဟ.1234qwerasdfzxcv

ဆိုးသွမ်း said...

စစ်ဆို ဘယ်စစ်မှ မကောင်းဘူးဗျာ။
ကျွန်တော်လည်း စစ်သားဆိုပေမယ့် ဘယ်စစ်မှ မလိုလားဘူး။ ဖြစ်နိင်ရင် ကမ္ဘာတစ်ခုလုံးမှာ စစ်တပ်ဆိုတာ မရှိရင်ကောင်းမယ်။

Unknown said...

((ငါတို့ ခေတ်မှာ ကွန်မြူနစ်စံနစ်လိုလားတဲ့ ပုတင်ရုရှားအစိုးရ၏ မြန်မာနိုင်ငံမှာအမြတ်ထုတ်နေမှုနှင့် သြဇာအာဏာလုံးဝကျဆုံးစေရမည်။ ။))

ဟဲ..ဟဲ .. ချိန်းခြောက်တဲ့ စကားလုံးကြီးကတော့ ကြောက်စရာကြီးပါလားဗျ...။ ဒါနဲ့ .. မေးပါရစေဦး .. ဘာနဲ့တိုက်မှာလဲ .. ပါစပ်ကြီးနဲ့တိုက်မှာလားဗျ ... သြော် ..သိပြီ .. (ကျွန်တော်တို့က ဇိမ်ခံတိုက်မယ် ..ခင်ဗျားတို့က လိုအပ်တဲ့ ငွေနဲ့ အကူအညီပေးဆိုတာမျိုးလား ...) ဟီး ..ဟီး ..ဟီး ..