သြဂုတ်လ-၁၉
သူက ပါကစတန်လူထုတွေ မရေရာမသေချာတဲ့ ဘ၀ ၊ လုံးပါးပါးနေရတဲ့ဘ၀ ကို သူမနစ်မြို့ မျို့ တော့ပါဘူး။ ဒါကြောင့်ကိုယ်သဘောနဲ့ ကိုယ်နှုတ်ထွက်ပေးလိုက်တာဖြစ်ပါတယ်။့ နိင်ငံတော်ရဲ့ အကျိုးစီးပွား အတွက်ဖြစ်ပါတယ်။ သူဘာကိုမှမတောင်းဆိုပါဘူး။ သူရဲ့ အနာဂတ်ကိုလည်း ပြည်သူလူထုက ဆုံးဖြတ်နိင်ပါတယ်လို့ သူကြေညာခဲ့ပါတယ်။
ပါကစတန်ပြည်တွင်းသတင်းစာတွေက တော့ သူနှုတ်ထွက်ပေးလိုက်မှုကြောင့်နိင်ငံတော်က နေ ထွက်ခွာသွားခွင့်ရလိမ့်မယ်လို့ လည်း သုံးသပ်နေကြပါတယ်။ မူရှာရဖ် ဟာ အမေရိကန်
က တာလီဘန်တွေကို ထိုးစစ်လုပ်စဉ်က အဓိက မဟာမိတ်ဖြစ်ခဲ့ပြီး ဘီလီယံနဲ့ ချီတဲ့စစ်ရေးအကူညီတွေပါကစတန်နိင်ငံက ရရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒွင်ဂျွန်ဒိုးကတော့ အမေရိကန်သမတက အင်အားတောင့်တင်းတဲ့ပါကစတန် က ဒီမိုကရေစီဆက်လက်တည်တန့် ဖို့ နဲ့  အကြမ်းဖက်ဝါဒကိုတိုက်ဖျက်ဖို့ အတွက် ဆက်လက်လုပ်ဆောင်နေမယ်လို့ ယုံကြည်တယ်လို့ ပြောပါတယ်။ မူရှာရှဖ် ရဲ့  လုပ်ဆောင်ချက်တွေကိုလည်းချီးကြူးခဲ့ပါတယ်။
ပါကစတန်စစ်တပ်က ထူးခြားပါတယ်။ဒါကတော့ အမေရိကန်ရောတရုပ်နဲ့ပါအဆင်ပြေတဲ့ စစ်တပ်ဖြစ်ပါတယ်။ နစ်ဖက်စလုံးက အကူညီတွေကိုအပြည့်အ၀ရယူနိင်ပါတယ်။ စစ်လက်နက်အင်အားတောင့်တင်းသလို လေ့ကျင့်မှုစွမ်းရည်လည်းကောင်းတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်ပါတယ်။
ပါကစတန် စစ်ဗိုလ်ချုပ်ကြီး မူရှာရဖ် ကတော့နှုတ်ထွက်သွားပါပြီ။ ဒီလိုနှုတ်ထွက်ရတဲ့အကြောင်းကတော့ တိုင်းပြည်ဟာ စစ်အာဏာရှင်စနစ်ကြောင့် နိင်ငံရေးမတည်ငြိမ်မှု၊ ဆင်းရဲမွဲတေမှုတွေကြောင့် ဖြစ်ပါတယ်။
မြန်မာပြည်က ဗိုလ်ချုပ်သန်းရွေရော ဘယ်တော့နှုတ်ထွက်မလဲ။ မူရှာရဖ်လို သတ္တိရှိရှိ နဲ့ အမှားကိုဝန်ခံပြီးနှုတ်ထွက်ရဲတဲ့သတ္တိတော့ တစက်မှရှိတယ်လို့ မထင်မိပါကြောင်းတင်ပြလိုက်ရပါတယ်။
No comments :
Post a Comment