Tuesday, 26 August 2008

ဒေါ်စုသတင်း အရေးပေါ်ထုတ်ပြန်ချက်။


ရန်ကုန်
သြဂုတ်လ - ၂၆


ဇူလှိုင် ၁၉ ရက်နေ့ က မနက် ၄ နာရီ လင်းအားကြီးမှာဒေါ်အောင်ဆန်းစုကြည်ကစာတန်းကြီးတစောင်ကိုရေးပြီး အိမ်မှာ ဆင်းကပ်ပါတယ်။ စာတန်းက - အာဇာနည်ကြီးတို့ လုပ်ငန်းများကို ဆက်လက်စောင်ရွက်မည်ဟု စာတန်းကြီးကိုတင်လိုက်ပါတယ်။ အစောင့်စစ်သားများလည်း ရှုပ်ရုပ်သဲသဲဖြစ် သွားပါတယ်။အထက်ကို သတင်းပို့ ကြပါတယ်။

ကုလသမဂ လူအခွင့်အရေးကိုယ်စားလှယ် ကွင်တားနား ပြန်ပြီး မကြာခင်မှာရှေ့ နေဦးကြည်ဝင်းနဲ့ ပထမအကြိမ်တွေ့ ဆုံခွင့်ရခဲ့တယ်။ ဒေါ်စုက ရှေ့ နေဦးကြည်ဝင်းကိုသူကိုချုပ်ထားတာ ၅ နစ်ကျော်သွားပြီ။ ဒီလိုလုပ်လို့ ရလားလို့ မေးတယ်။ ဦးကြည်ဝင်း က ကျနော် မသေချာဘူး။ စီရင်ထုံးတွေကို ပြန်ဖတ်ပါရစေလို့  ပြောခဲ့တယ်။ ဒေါ်စုက ကောင်းပါပြီ။ နောက်တခါတွေ့ ရင် ပြောပါလို့ ပြောခဲ့တယ်။ နောက်ပိုင်းမှာ ဒေါ်စု ကရှေ့ နေနဲ့ မတွေ့ ရပါ။

ထမင်းပို့ သူ ကိုမြင့်စိုး မှတဆင့်ရှေ့ နေကိုခေါ်ပေးဖို့ တောင်းဆိုပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မှသာ ရှေ့ နေဦးကြည်ဝင်း ကို နအဖ က တွေ့ ခွင့်ပြုလိုက်တယ်။ ဒါဟာ ဒုတိယအကြိမ်တွေ့ ဆုံမှုဖြစ်ပါတယ်။ ဒေါ်စုအိမ်မှာ သစ်ပင်ခြုံနွယ်များထူပြောလာတယ်။ အိမ်ခေါင်မိုး မိုးယိုမှုများဖြစ်နေပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့ က စတင်ပြီးဒေါ်စုက ကိုမြင့်စိုးကို ထမင်းလာမပို့ နဲ့ တော့ လို့ ဟုပြောလိုက်ပါတယ်။ နောက်ပိုင်းမှာ ကိုမြင့်စိုးထမင်းပို့ ပေမဲ့  ဒေါ်စုမှထွက်မယူတော့ပါ။ ယခုဆိုလျင် ၁၀ ရက်ရှိသွားပြီ ဘာအစားသောက်မှမရှိနိင်တော့ ပါ။ စဉ်းစားစရာများမှာ ဒေါ်စု အစာငတ်ခံဆန္ဒပြနေတဲ့အပေါ်ဘာကိုတောင်းဆိုနေသလဲ ဆိုတာကို ကျနော်တို့ အတိအကျမသိတော့ပါ။ ကိုမြင့်စိုးမှာ ထမင်းချိုင့်တလုံးဖြင့် နေတိုင်းသွားစောင့်နေသော်လည်း ထွက်ယူခြင်းမရှိတော့ပါ။

ဒေါ်စုကိုဖမ်းထားသူများမှာ နအဖ ဖြစ်ပါတယ်။ Liason Officer - ဆက်သွယ်ရေးအရာရှိ များခန့် ထားသော်လည်း ဘာသတင်းမှ မသိရပါ။ နအဖ မှာ ကြံစည်နေမှုမှာ ဒေါ်စုကို လူဆိုးကြီးသဖွယ်လုပ်ကြံနေမှုဖြစ်ပါတယ်။ ဂန်ဘာရီက သောက်သုံးမကျမှုကို ကျနော်တို့ အထင်းသားမြင်နိင်ပါတယ်။ ဂန်ဘာရီကိုနောက်ထပ်မြန်မာပြည်မလွတ်ဖို့ ကျနော်တို့ တောင်းဆိုသင့်ပါတယ်။ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရယ်တစုံတရာဖြစ်ခဲ့လျင်ကုလသမဂ္ဂမှာတာဝန်ရှိကြောင်းကျနော်တို့ ထုတ်ဖေါ်ဖို့ လိုအပ်နေပါပြီ။







Rest of your post

No comments :