![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN5eXvuDwrAGfsYkAknb6fjcGmU-VB0V_Fbf2_Hg2z8Z4AujRTM32KEsdtbTx5ZweGWAxcISJ4LglnzHSFTqbRrBP2wudASoehcLi2dNH6s0JZ6pSTB8f_o2PVOIgXxcmjAG3m76yty3UW/s400/2hbaby200.jpg)
-Planet News-
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခေါင်းနှစ်လုံးနှင့် ကလေးငယ်တစ်ဦး မွေးဖွားခဲ့ခြင်းအတွက် လူအများအပြား သွားရောက်ကြည့်ရှုနေကြသည်ဟု သိရှိရသည်။ ကလေးငယ်အားမွေးဖွားခဲ့သည့် ဆေးရုံအနီးတွင် လာရောက်ကြည့်ရှုသူ တစ်သိန်းခွဲမျှရှိနေသောကြောင့် ဆေးရုံအား အဓိကရုဏ်း နှိမ်နင်းရေး ၀တ်စုံပြည့်နှင့် ရဲအစောင့်အကြပ်မျာချထားရကြောင်း သိရှိရသည်။ အသက်(၂၂)နှစ်အရွယ်မိခင်မှ မွေးဖွားခဲ့သော အဆိုပါယောက်ျားလေးအား ကိုင်ရွန်ဟု အမည်ပေးထားကြောင်း သိရသည်။ သြဂုတ်လ(၂၅)ရက်နေ့က ခွဲစိတ်မွေးဖွားမှုတစ်ခုအား အောင်မြင်စွာပြုလုပ်နိုင်ခဲ့အပြီး (၁၂)ပေါင်လေးချိန်ရှိသော ကိုင်ရွန်ကလေးမှာ လူ့လောကအတွင်း ၀င်ရောက်ခွင့်ရခဲ့ကြောင်း ဆရာဝန်များကဆိုသည်။ လက်ရှိအချိန်တွင် ကလေးမှာကျန်းမာရေးအခြေအနေ ကောင်းမွန်နေသော်လည်း ၎င်းအနေဖြင့် အသက်ရှည်ရှည်နေခွင့်ရမရဆိုသည်ကို ဆရာဝန်များက သံသယရှိနေကြသည်။ ဆေးခန်းတစ်ခုတွင် မွေးဖွားခဲ့ပြီး လူအများလာရောက်ကြည့်ရှုမှု များပြားလာသောကြောင့် ကလေးငယ်၏ လုံခြုံရေးအတွက် ပိုမိုစိတ်ချရမည့် ဆေးရုံတစ်ရုံသို့ ပြောင်းရွှေ့ထားခဲ့ရသည်။ ထို့အပြင် အခြားဆေးရုံများသို့ တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့သွားရန် ရဲတပ်ဖွဲ့က စဉ်းစားနေကြောင်းသိရှိရသည်။ ဆရာဝန်များ၏အဆိုအရ ကလေးငယ်၏ ဦးခေါင်းနှစ်ခုလုံးမှာ သက်ဝင်လှုပ်ရှားနေပြီး ပါးစပ်နှစ်ပေါက်လုံးမှ နို့စို့နိုင်သော်လည်း အစာအိမ်မှာမူ တစ်ခုထဲသာရှိသည်ဟု သိရသည်။ ထို့ပြင် ကလေးငယ်မှာ ကိုယ်တွင်းအင်္ဂါ အားလုံးအစုံအလင်နှင့် မျိုးပွားအင်္ဂါတစ်ခုသာ ပါရှိပြီး ခြေလက်လေးချောင်းလုံး ကျန်းမာသန်စွန်းသည်ဟု ဆိုသည်။ ကလေးမွေးဖွားသည့် သတင်းတစစပြန့်နှံကသွားပြီးနောက် လူအများအပြားရောက်ရှိလာသောကြောင့် ရဲအားအကူအညီတောင်းခံခဲ့ရကြောင်း သိရှိရသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ လာရောက်ကြည့်ရှုကြသည့် ဘာသာရေးအယူသီးသူအချို့က ကလေးငယ်မှာ နတ်ဘုရားတစ်ပါး လူ့ပြည်ဆင်းသက်လာခြင်းဟု ယုံကြည်ကြောက်ရွံ့နေကြကြောင်း ကလေး၏ မိသားစုကပြောပြကြသည်။ ထို့အပြင် လာရောက်ကြည့်ရှုသော လူများက ကလေးငယ်၏မိသားစုအတွက် အလှူငွေများစွာ ပေးကမ်းသွားကြကြောင်းလည်း သတင်းများရရှိသည်။ ယခုအချိန်တွင် ကိုင်ယွန်လေး၏သတင်းမှာ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံး လူစိတ်ဝင်စားမှု အများဆုံး ဖြစ်ရပ်တစ်ခုအဖြစ် ကျော်ကြားလျက်ရှိနေသည်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqN6cWvTDlyJordIkcUF7GahKqxgh21PLjOG_zwVJIzdHZWlYw72cXJwAOegMVLM-UEzKRaDSXecQkDzeeRA8bIFKehyphenhyphenlYy9Wi9-OrclpiFuAk741L8B4Je61nelNPS1EqqAwm81YbR22/s400/ACFA1AC.jpg)
(ဆေးရုံအနီးတွင် စောင့်ကြပ်နေသော ရဲတပ်ဖွဲ့ဝင်များ)
Rest of your post
No comments :
Post a Comment