Friday 29 August 2008

ရီပါတ်ပလင်ကန် ဒုတိယလောင်း ဆာရာပေးလင်း ဆိုတာဘယ်သူလဲ

ရိပါလစ်ကန် သမတလောင်း ဂျွန်မက်ကိန်းက ဒီနေ့ သူနဲ့ အတူရွေးကောက်ပွဲမှာဝင်မဲ့ ဒုတယသမတကိုရွေးလိုက်ပါပြီ။ သူရွေးခြယ်မှုနဲ့ ပတ်သက်ပြီး လူတိုင်းက တအံတသြဖြစ်ခဲ့ကြတယ်။ သူရွေးလိုက်တာကတော့ အာလာစ်ကားမြို့ တော်ဝန် - ဆာရာ ပေးလင်း ဆို တဲ့အမျိုးသမီးတယောက်ကိုရွေးခြယ်ခဲ့လို့ ဖြစ်တယ်။ သူရွေးခြယ်မှု က အင်မတန်မှာ မဟာဗျူဟာမြောက်ကျတဲ့ရွေးခြယ်မှုဖြစ်တယ်။
ပေးလင်းဆိုတာကတော့ လှတယ်၊ငယ်တယ် ( မက်ကိန်းထက် အသက် ၃၀ ငယ်တယ်။) ( ၁၉၆၄ ခုနစ် ဖေဖေါ်ဝါရီလ ၁၁ရက် နေ့ မှာမွေးတယ်။ ) ။ အလုပ်အလွန်လုပ်တယ်။ ကလေး ၅ယောက်မိခင်ဖြစ်တယ်။ အလွန်အလုပ်လုပ်တယ်။ ရီပတ်ကလင်ကန်ပါတီထဲမှာတော့ သူမဟာ သူပုန်မ လေးတယောက်ပါ။
လူတွေက Best Shot ကောင်းလိုက်တဲ့ပြစ်ချက်လို့ တောင် ထုတ်ဖေါ်ချီးကြူးရတဲ့အထိဖြစ်ခဲ့ပါတယ်။ အရှင်မွေးခြင်းနေကြီးခြင်းဆိုသလို သတင်းမီဒီယာတွေမှာ ပေးလင်းဆိုတာဘယ်သူလဲဆိုတာဖြစ်လာကြတယ်။ မြန်မာပရိတ်သပ်အတွက်လည် အမေရိကန်ဒုတိယသမတဖြစ်လာနိင်တဲ့းပေးလင်းဆိုတာဘယ်သူလည်း ဆိုတာကိုမိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။

ပေးလင်းဟာ အာလက်စကား မြို့ တော်ဝန်အဖြစ်လုပ်နေတာ ၂ နစ်မျှသာရှိပါသေးတယ်။ ဒီအချိန်မှာ မက်ကိန်းက ကွန်ကရက်မှာလုပ်လာတာ ၂၅ နစ်တောင်ရှိနေပါပြီ။ မက်ကိန်းသူကိုရွေးခြယ်မှုနဲ့ ပတ်သက်လို့ စွန့် စားမှုတခုလို့  ရီပတ်ပလင်ကန် ပါတီဝင်တွေက မြင်ကြပါတယ်။ အသက် ၇၂ နစ်ရှိပြီဖြစ်တဲ့ မက်ကိန်းသာ မတော်တဆ သမတအဖြစ်နဲ့ သေသွားရင်တော့ အတွေ့ အကြံနည်းလှသေးတဲ့  ပေးလင်းဟာ အမေရိကန်သမကြီးဖြစ်လာမဲ့အနေထားပါ။ မက်ကိန်းရဲ့  ဘုရှ်နဲ့ မခြားနားလှတဲ့ပေါ်လစီတွေကြောင့်အမေရိကန်တွေကတော့ နားခေါင်းနည်းနည်းရှုံ့ ပါတယ်။ အထူးသဖြင့် အမျိုးသမီး တွေပါ။ အိုဘားမား ကန်ပိန်းရဲ့ ပြောရေးဆိုခွင့်ရှိ Bill ကတော့ သူကတော့ ပေးလင်းကို လူ ၉ ထောင်လောက်ရှိတဲ့ မြို့ လေးက မြို့ ဝန် ၊ နိင်ငံတကာအတွေ့ အကြုံ သုည မျှသာရှိတဲ့အမျိုးသမီးကို ဒုတိယသမတအဖြစ်ရွေးတာဟာ သမတ ရွေးခြယ်မှု မရှု့ မလှ က ဝေးကွာသွားစေတာပဲလို့ ဝေဖန်လိုက်ပါတယ်။ ဒါပေမဲ့ မက်ကိန်းရဲ့  ခုလို စွန့် စားရွေးခြယ်မှုကတော့ အမျိုးသမီးမဲဆန္ဒရှင်တွေရဲ မဲ ကို ရသွားစေနိင်တယ်လို့ လည်း ယူဆသူတွေရှိပါတယ်။ ဒီမိုကရက်ပါတီက အကြံပေး ခရစ် ကော်ဖနီစ်ကတော့ မက်ကိန်းရွေးခြယ်မှုကိုသဘောကျနေပါတယ်။လေးနက်မှုရှိတယ်။ အမျိုးသမီးပရိတ်သပ်ကို ပြစ်မှတ်ထားတာပဲလို့ ထောက်ပြပါတယ်။ သူမကတော့ သူကိုရွေးခြယ်တာဟာ အမေရိကန်မှာ အမျိုးသမီးတွေကိုမဲပေးခွင့်ပြုခဲ့ပြီး ၈၈ နစ်အကြာမှာ သူမကိုယုံကြည်မှုနဲ့ ရွေးခြယ်လိုက်တာပဲဖြစ်ပါတယ်လို့ အိုဟိုင်းပြည်နယ် ဒေတွန်မြို့ လူထုတရားပွဲမှာသူမကပြောခဲ့ပါတယ်။ သူမက ဒီမိုကရက်ပါတီက မဲပေးသူတွေကိုပြစ်မှတ်ထားပြီး သူမအနေနဲ့ ဟီလာရီကလန်တန် နဲ့  ၁၉၈၄ ခုနစ်က ဒီမိုကရက်ဒုသမတလောင်း( အမျိုးသမီး ) အဖြစ်ရွေးခြယ်ခံခဲ့ရတဲ့ ဂါဒါလင်း ဖဲရာရို တို့ 
ကိုလေးစားကြောင်းထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။ သူက ဟီလာရီကလင်တန်ကို ကြက်သရေရှိတယ်။
ခိုင်မာတဲ့သံဌိဓါန်ရှိတယ် ချီကြူးခဲ့တယ်။ အမျိုးသမီးသမတဖြစ်မှု က ပွဲမပြီးသွားသေပါဘူး။ သမတဆိုရင် ကျားမှ ကျား ဆိုတဲ့ မှန်နဲ့ လုပ်ထားတဲ့ ဘာမဟုတ်တဲ့ မျက်နာကြက်ကို ငါတို့  အခုနဲ့ နောက်နောင်အတွက်ပါ ရိုက်ခွဲ လိုက်နိင်ပါတယ် လို ။့ ပြောခဲ့ပါတယ် ။ အမေရိကန်သမတရွေးကောက်ပွဲကတော့ ပွဲကြီးပွဲကောင်းဖြစ်လာပါတယ်။
အိုဘားမားက ဒုတယသမတကို ဟီလာရီကလင်တန်ကိုမရွေးခဲ့မှု ကို လူအတော်များများက မနစ်မြို့ ခဲ့ကြပါဘူး။ ဟီလာရီကိုဂရုဏာသက်မှုတွေရှိခဲ့တယ်။ ဟီလာရီက အမျိုးသမီးဖြစ်နေတာရယ်၊ အတွေ့ အကြုံ ရှိတယ်။
မက်ကိန်းက ပေးလင်းကိုရွေးခြယ်မှုနဲ့ ပတ်သက်လို့ မီဒီယာတွေ နိင်ငံရေးအသိုင်းဝိုင်းမှာတော့ ပွက်လောရိုက်သွားပါတယ်။ ရီပတ်ပလင်ကန်တွေ ထောက်ပြတာက
၁- ဒီမိုကရက်တွေတော့ပျော်တော့မယ်။
၂- ပေးလင်းက ငယ်လွန်းတယ်။ လူဦးနည်းလှတဲ့ မဟာ ၀ါရှင်တန် နိင်ငံရေး အသိုက်အမြုံကအလွန်ဝေးလှတဲ့ အာလက်စကားဆိုတဲ့ မြို့ က မြို့ တော်ဝန်မျှ၊ ကျေးတောသူနဲ့  မဟာနေပြည်တော် ဟာ အလှမ်းကွာလွန်းလှတယ်။
၃- မက်ကိန်းက လူသန်း ၂၀၀လောက် ကံကြမာကို ပေးလင်းကိုတခါပဲမြင်ဘူးယုံမျှနဲ့ ရွေးလိုက်တာဟာ တာဝန်မဲ့လွန်းလှတယ်။
၎- ပေးလင်းဟာ နိင်ငံရေးအတွေ့ အကြုံနဲ့ နိင်ငံတကာ နိင်ငံရေးအတွေ့ အကြုံ ဘာမှမရှိဘူး
သာမန်ကျေးတောသူမျှ၊ ဒီကြားထဲ မက်ကိန်းက အသက် ၇၂ နစ်ရှိပြီ၊ ကင်ဆာ ၄ ကြိမ်ဖြစ်ခဲ့တယ်။ သမတဘ၀နဲ့ အနိစ္စသွားရင် ပေးလင်းသမတဖြစ်လာမယ်။ သူမတာဝန်ယူနိင်ပါ့မလား စတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာပါတယ်။ အမေရိကန် ရေနံကုမဏီကြီး တွေကိုလည်းသူမက မကြာခဏတိုက်ခိုက်လေ့ရှိပါတယ်။ ပေးလင်း ကတော့ အပြုံးမပျက် ဒုတိယသမတောင်းလောင်း ရွေးပွဲကိုရဲရဲဝံ၀ံတက်လာပါပြီ။

1 comment :

unionofburma said...

Guys,
If you don't know much about American politics, don't try to preach Burmese who don't read news in English. Alaska is a state, not a town. Sarah Palin is the current governor of Alaska state (which has a population of about 700,000) but she used to be a mayor of a small town called Wasilla (population apporx. 5500) just north of the state's biggest city, Anchorage (which is not the state capital).
Guys, please do your homework before you preach. It's nothing personal but I don't want Burmese people getting wrong information from this site. This is one of the several times that I noticed wrong news/information from your web site. (what if you say Sao San Tun is the mayor of Shan City) Think about it.