Tuesday, 19 August 2008

သန်းရွေ တိုက်ဆောက်၊ ပြည်သူပိုက်မှောက်၊ စစ်သားလေးဖက်ထောက်

ရန်ကုန်
သြဂုတ်-၁၉

ပါကစ္စတန် စစ်ခေါင်းဆောင် မူရှာရဖ် ကတော့ တိုင်းပြည်နဲ့ လူမျိုး အကျိုးအတွက် သူကိုယ်ကျိုးကို စွန့် လွတ်ပြီး သမတ ရာထူးကနေနှုတ်ထွက်ပေးခဲ့ပါပြီ။ မြန်မာပြည်က စစ်ခေါင်းဆောင် သန်းရွေကတော့ ခေါင်းမာဆဲပါပဲ။ သေတောင်မိုက်တွင်းနက်ဦးမဲ့သဘောရှိနေပါတယ်။ လုံးဝကိုသက်ဦးဆံပိုင်ဘုရင်တပါးလို
တိုင်းပြည် သယံဇတတွေကို ထင်သလိုကိုယ်ကျိုးအတွက်သုံးစွဲနေပါတယ်။ စစ်တပ်ကိုခုတုံးလုပ်ပြီး ဘုရင်ရူးရူးနေတဲ့သန်းရွေဟာ အခုဆိုရင်ပိုဆိုးလာပါတယ်။ ၀န်ကြီးတွေ ဗိုလ်ချုပ်တွေ သန်းရွေဆီကို သွားပြီးတွေ့ ရင် ဒူးထောက်ဝင်နေရတယ်လို့ သိရပါတယ်။ နာဂစ်မုန်တိုင်းဖြစ်တော့ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့  ၁၁ ဘီလီယံလိုတယ်ဆိုပြီး နိင်ငံတကာကို လိမ်ပြီး အကြံအဖန်လုပ်ဖို့ ကြံခဲ့ပါသေးတယ်။ မကြာသေးခင်က ပွန်ဂျာ အစီရင်ခံစာထွက်လာတော့ တကယ်လို အပ်တာ ၄ ဘီလီယံမျှသာဖြစ်တယ်လို့ သိရတယ်။ ၇ ဘီလီယံကွာနေတယ်။ ( ပွန်ဂျာဆိုတာကတော့ အာဆီယံနိင်ငံတွေရယ်၊ စစ်အစိုးရရယ်၊ ကုလသမဂ ရယ်ပူးတွဲ ဖွဲ့ စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ )

ဒါပေမဲ့  လက်တွေမှာတော့ စစ်အစိုးရရဲ့  ငွေလဲနှုန်းဟာ အဆမတန်ကွာဟနေမှုတွေရယ်၊
နိင်ငံတကာကူညီရေးအဖွဲ့စည်းတွေကိုလွတ်လွတ်လပ်လပ်လုပ်ကိုင်ဆောင်ရွက်ခွင့်မပေးမှုတွေကြောင့် အကူညီတွေဟာ ဘာမှဟုတ်တိပတ်တိမရသေးဘူးလို့ သိရပါတယ်။ အင်မတန်မှ စေတနာရက်ရက်ရောရောကူညီလေ့ရှိတဲ့ နော်ဝေးနိင်ငံကတောင်မကူညီဘူးဆိုတော့
တခြားနိင်ငံတွေက လှည့် မကြည့် ခြင်တော့တာမဆန်းလှပါဘူး။ ဒီကြားထဲမှာ Cambodia
နဲ့  ဗီယက်နမ်နိင်ငံတွေမှာ ရေကြီးမှုတွေထပ်မံဖြစ်ပွားလာတဲ့အတွက် အလျူရှင်နိင်ငံတွေက
မြန်မာ ကိုမေ့ပြီး ဒီနိင်ငံတွေဖက်ကို လှည့် သွားတဲ့အတွက် ချူတပြားတောင်ရဖို့ မလွယ်လှတော့ပါဘူး။ ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာဆိုသလို ဒီလိုဖြစ်ရတာတွေကတော့အသိပညာနည်းလှတဲ့ သန်းရွေလို လူမျိုးတွေ နိင်ငံတော်ကိုဦးဆောင်နေလို့ ဖြစ်ပါတယ်။

စီအန်အန် သတင်းဌာနက နာဂစ်မုန်တိုင်းအပြီးမှာ မြန်မာပြည်စီးပွားရေးပိုမိုကြပ်တည်းလာတဲ့အတွက်အမျိုးသမီးလေးတွေ ပြည်တန့် ဆာဘ၀ ကို သွပ်သွင်းခံနေရပြီလို့  ဖေါ်ပြထားပါတယ်။

စစ်သားမှ စစ်သမီးသို့ 

အခုမြန်မာပြည်မှာခေတ်စားနေတာကတော့ စစ်သားမိန်းမတွေပါ ပြည့်တန်ဆာ ဖြစ်နေတာမဟုတ်ပဲ စစ်သားတွေ ပါ ဖါခံနေရတယ်ဆို တဲ့အကြောင်းဖြစ်ပါတယ်။ စစ်သားဖါဆိုတာကတော့ စစ်သား လေးတွေဟာ လိင်တူခြင်းဆက်ဆံခံနေရတာကိုဆိုလိုတာပါ။ တပြည်လုံးကုန်းကောက်စရာမရှိအောင်ဆင်းရဲနေချိန်မှာ တချို့ လူတွေကတော့ ထားစရာမရှိအောင်ကို ငွေတွေပေါလွန်းနေပါတယ်။ ဒီလူတန်းစားတွေကတော့ခေတ်ပျက်သဌေးတွေဖြစ်ပါတယ်။ အနှိပ်ခံတွေ၊ ပြည်တန်ဆာတွေနဲ့ 
မူးယစ်ဆေးဝါးတွေနဲ့ သုံးနိင်ဖြန်းနိင်တဲ့သူတွေပါ။ သူတို့ ကတော့ မိန်းမတင်အားမရတော့ပဲ
လိင်တူခြင်းဆက်ဆံလာကြတယ်လို့ သိရပါတယ်။ ဒါကြောင့်အခြောက်ဈေးကွက်က အတော်လေးကိုကောင်းလာတယ်။

ဈေးကွက်စီးပွားရေးရဲ့  ၀ယ်လို အားနဲ့  ထုတ်လုပ်မှု ( Demand and Supply) သဘောအရ
အခြောက် တွေကိုတောင်းဆိုမှု မြင့်မားလာတဲ့အခြေအနေမှာ ပြည်တန်ဆာဈေးကွက်ထဲကို
နောက်ဆုံးရောက်လာတဲ့ ဖါကတော့ စစ်သားတွေဖြစ်နေခြင်းဖြစ်ပါတယ်။
ဒီတော့ ၀င်ငွေရပေါက်ရလမ်းအတွက် စစ်သားတချို့ ဟာ လွယ်လွယ်ငွေရတဲ့ ယောက်ကျားဖါလုပ်ငန်းထဲကို ကျရောက်သွားရတာဖြစ်ပါတယ်။ စစ်သားစင်စစ် က စစ်သမီး ဘ၀ ကိုရောက်သွားရတာဖြစ်ပါတယ်။ ဒါကိုနာမည်ကြီးနိက်ကလပ်တွေ ပြည့် တန်ဆာခန်းတွေမှာ စစ်သမီး ( စစ်သားဖါ) က ပို ဈေးကောင်းနေတယ်လို့ သိရပါတယ်။
အဓိကတော့ စားဝတ်နေရေးမလုံလောက်တဲ့အတွက်ဖြစ်ပါတယ်။
လိင်ကုန်မကူးတဲ့ တချို့ အောက်ခြေစစ်သားတွေ၊ ရဲတွေဘ၀ကလည်း သိပ်တော့မလွယ်လှပါဘူး။ ကားကောင်းကောင်းတွေ တွေ့ တာနဲ့ အလေးပြုနေရတယ်ဆိုတာပါပဲ။ ကားပေါ်မှာ ဘာကောင်းတွေပါလာမှန်းမသိတော့ စစ်သားတွေဟာ အကုန်လုံးကိုကြောက်နေရတဲ့သဘောဖြစ်ပါတယ်။

၈၈ မတိုင်မီက လူထုတွေကြားထဲမှာခေတ်စားနေတဲ့ စကားရှိတယ်။ဒါကတော့
ပါတီတိုက်ဆောက် ၊ ပြည်သူဗိုက်မှောက်၊ စစ်သားချိုင်းထောက်ဆိုတဲ့စကားဖြစ်ပါတယ်။
သန်းရွေ ဦးဆောင်တဲ့ နအဖလက်ထက်မှာတော့ ဖြစ်နေတဲ့ သန်းရွေ တိုက်ဆောက်၊ ပြည်သူဗိုက်ပေါက်၊ စစ်သားလေးဖက်ထောက် ဘ၀ကိုရောက်ရှိသွားပါပြီ။ ၀န်ကြီးတွေ ဗိုလ်ချုပ်တွေက သန်းရွေနဲ့ တွေ့ ရင်လေးဖက်ထောက်ပြီးသွားရတယ်။ စစ်သားလေးတွေက စားဝတ်နေရေးမပြေလည်တော့အတွက်လေးဖက်ထောက်ပေးနေရတယ်။ကြားလို့ မှကောင်းသေးရဲ့ လားအရပ်ကရို့ လို့ အော်လိုက်ခြင်ပါတော့တယ်။

No comments :