Wednesday 27 August 2008

မင်းကိုနိင်နဲ့ ၈လေးလုံးကျောင်းသားတွေ ရေမချိုးရတာ ၄ လရှိသွားပြီ။


၈ လေးလုံးမျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို အင်စိန်ထောင် ရင်ခွဲတိုက်မှာ ထားတယ်။ မင်းကိုနိင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဌေးကြွယ် နှင့် အားလုံးအတူရှိနေပါတယ်။ သူတို့ ကို ရေပေးမချိုးတာ ၄ လရှိနေပြီဖြစ်ပါတယ်။ ရေအနည်းငယ်ပဲသောက်ခွင့်ရတယ်လို့ သိရပါတယ်။ ရေမချိုးရတဲ့အတွက် အလွန်နံစော်နေကြပြီ။ အရေးပြားရောဂါများလည်းခံစားနေရကြောင်းသိရပါတယ်။ နအဖ က ၈၈ ကျောင်းသားခေါင်းဆောင်တွေကို ရေပေးမချိုးတာကတော့ ဂျပန်ခေတ်က ညင်းပန်းနှိပ်စက်
နည်း တမျိုး ဖြစ်ပါတယ်။

ဒီလို သူတို့ ရေပေးမချိုးပဲ ညင်းပန်းနှိပ်စက်နေရတဲ့အကြောင်းကတော့ စစ်အစိုးရက ကျောင်းသားတွေကို အခြေခံဥပဒေကိုလက်ခံဖို့ နဲ့  ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ကြဖို့  ဖိအားပေးတိုက်တွန်းအပြီး မှာ ဖြစ်ပေါ်လာတာဖြစ်တယ်။ ကိုမင်းကိုနိင်နဲ့ကျောင်းသားတွေက စစ်အစိုးရအခြေခံဥပဒေကိုလက်မခံ၊ ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံ ကြောင်း ပြန်လည်အကြောင်းပြန် ပြီးမှာ စစ်အစိုးရ က ခုလို လူမဆန်တဲ့ညင်းပန်းနှိပ်စက်မှု ကို ပြုလုပ်လာတာဖြစ်ပါတယ်။

No comments :